လိုင်ဇာမြို့

လိုင်ဇာ (Laiza) မြို.သည် မြန်မာနိုင်ငံ ၊ ကချင်ပြည်နယ်၏ မြို့တစ်မြို့ ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။

လိုင်ဇာ

သမိုင်းကြောင်း

၁၉၉၄ ခုနှစ်တွင် လိုင်ဇာ မြို့သည် ရွာ အဖြစ်သာတည်ရှိခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော်(ကေအိုင်အို)များ အခြေချပြီးနောက် ကချင်ပြည်နယ်၏ ထင်ရှားသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ တရားဝင်နယ်စပ်ကုန်သွယ်ရေးမရှိသော်လည်း စည်ကားသည့်နယ်စပ်ကုန်သွယ့်မြို့ဖြစ်သည်။ လိုင်ဇာမြို့သည် တရုတ်မြန်မာနယ်နိမိတ်စည်းရိုးကို ခွထားပြီး တရုတ်နိုင်ငံဖက်ခြမ်းကို လိုင်ဇာ(တရုတ်)၊ မြန်မာနိုင်ငံဖက်ခြမ်းကိုလိုင်ဇာ(မြန်မာ)ဟုခေါ်သည်။ ၂၀၁၁ ခုနှစ်တွင်ကေအိုင်အိုနှင့်အစိုးရတပ်များပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.