လီယွန်နယ် မက်ဆီ
လီယွန်နယ် အင်ဒရေ မက်ဆီသည် အာဂျင်တီးနား ဘောလုံးသမားတစ်ဦး ဖြစ်ပြီး ယခုလက်ရှိတွင် ဘာစီလိုနာ ဘောလုံးအသင်း နှင့် အာဂျင်တီးနားနိုင်ငံ အသင်း တို့တွင် ရှေ့တန်းနှင့် တောင်ပံ ကစားသမား အဖြစ် ကစားနေသူ တစ်ဦး ဖြစ်သည်။ မက်ဆီ ကို ၁၉၈၇ ခုနှစ် ဇွန်လ ၂၄ ရက်တွင် အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မျိုးဆက်တွင် အကောင်းဆုံးသော ဘောလုံးသမား တစ်ယောက်အဖြစ် သတ်မှတ်ကြသည်။ သူ၏ ကစားဟန်နှင့် စွမ်းရည်တို့မှာ အာဂျင်တီးနား ဘောလုံးအကျော်အမော် မာရာဒိုနာ ကိုပင် ယှဉ်နိုင်ပြီး မာရာဒိုနာ ကိုယ်တိုင်က သူ့နေရာကို ဆက်ခံမည့်သူတစ်ဦးဟု ဖော်ထုတ်ပြောဆိုခဲ့သည်။ ရွှေဘောလုံးဆု ၆ကြိမ်နှင့် ဥရောပ ရွှေဖိနပ်ဆု ခြောက်ကြိမ်လည်း ရရှိထားသည်။ အလိမ်အခေါက်စွမ်းရည် ပြိုင်ဘက်ကင်း ထူးချွန်၍ ဖန်တီးမှုစွမ်းရည်၊ ဂိုးသွင်းစွမ်းရည် အင်မတန် ကောင်းမွန်သောကြောင့် အခြားကမ္ဘာမှလာသော ဂြိုဟ်သားဟုပင် အများစုက တင်စားကြသည်။
![]() | |||
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အရပ်အမြင့် | ၅ ပေ ၆ လက်မခွဲ | ||
ကစားသည့်နေရာ | ရှေ့တန်း၊ တောင်ပံ | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ဘာစီလိုနာ | ||
အင်္ကျီနံပါတ် | ၁၀ | ||
လူငယ်ဘဝကလပ်များ | |||
၁၉၉၅-၂၀၀၀ ၂၀၀၀–၂၀၀၄ |
Newell's Old Boys ဘာစီလိုနာ | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
၂၀၀၄-၂၀၀၅ ၂၀၀၄– |
ဘာစီလိုနာ ဘီ → ဘာစီလိုနာ | ||
နိုင်ငံကိုယ်စားပြုအသင်း | |||
၂၀၀၅ ၂၀၀၈ ၂၀၀၅- |
အာဂျင်တီးနား U-20 အာဂျင်တီးနား U-23 အာဂျင်တီးနားဘောလုံးအသင်း | ||
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |