လူ့အခွင့်အရေးနေ့
လူ့အခွင့်အရေးနေ့။ ။ စစ်မက်ဖြစ်ပွားခြင်းသည် သတ္ထန္တရကပ်၊ ရောဂန္တရက်ပ၊ ဒုဒ္ဓိက္ခန္တရကပ် တည်းဟူသော ကပ်ကြီးသုံးပါး ဆိုက်ရောက် ခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်လေရကား ရှေးနှစ်ပေါင်းများစွာမှစ၍ လူ တို့သည် စစ်ကိုတားဆီးနိုင်ရန် ကြိုးစားအားထုတ်၍ နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။ စစ်၏ဆိုးရွားပုံ၊ ကြမ်းကြုတ်ပုံတို့ကို လူတိုင်းပင်သိမြင်ကြ ပြီးဖြစ်သော်လည်း စစ်မဖြစ်ရန်တားဆီးမှုများ၏ အောင်မြင်မှုများမှာ မရှိ သလောက်ပင် နည်းခဲ့ရုံမက တစ်စတစ်စ တိုးတက်တီထွင်လာခဲ့သော သိပ္ပံပညာမှ ပေါ်ပေါက်လာသည့် ခေတ်မီလက်နက်များဖြင့် ပိုမိုဆိုးရွား ကြောက်မက်ဖွယ်ကောင်းသော စစ်ကြီးများ မကြာမကြာ ပေါ်ပေါက်လာ ခဲ့သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြောင်းအားလျော်စွာ ဖြစ်ပွားရသော စစ်ပွဲများ၊ တစ်နိုင်ငံတည်းအတွင်း၌ အချင်းချင်းဖြစ်ပွားကြသော ပြည် တွင်းစစ်ပွဲများမှ မရေမတွက်နိုင်အောင်များပြား၍ ယင်းစစ်များ စုပေါင်း ခြင်းနှင့်ညီမျှသည့် ကမ္ဘာစစ်ကြီးပင်လျှင် နှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ရလေသည်။ ထိုကမ္ဘာစစ်ကြီးများအတွင်း၌ အသက်ဆုံးရှုံးရသူများ၊ ခြေလက်အဂ‡ါ ဆုံးရှုံး ရသူများ၊ ဒဏ်ရာအကြီးအကျယ်ရရှိသူများ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးနှိပ်စက် ခြင်းခံရသူများ၊ အစာရေစာငတ်မွတ် သေဆုံးရသူများနှင့် ပျက်စီးဆုံးပါးရ သော လူတို့၏ ပစ္စည်းများ၏အရေအတွက်ကား ထိတ်လန့်ဖွယ်ကောင်း အောင် များပြားလှချေ၏။ ထိုသို့ များပြားလှစွာသော အပျက်အစီးကို ဖြစ် စေရန် ငွေကြေးအမြောက်အမြား အကုန်အကျခံ၍ စစ်မက်အရေးပြင်ဆင်ကြ ရသည်။ ဤကား အလွန်ဆိုးရွားသော စနစ်ပင်တည်း။ ၁၉၁၄ - ၁၈ ခုနှစ် ပထမကမ္ဘာစစ်၌ အသက်ဆုံးရှုံးရသူ ၈၅၃ဝ၃၁၅ ယောက်၊ ဒဏ်ရာရသူ ၂၁၂၁၉၄၅၂ယောက်၊ သုံ့ပန်းနှင့် ပျောက် ဆုံးသူ ၇၇၅ဝ၉ဝ၉ ယောက်ရှိခဲ့သည်။ ထိုစစ်ကြီးအပြီးတွင် နိုင်ငံပေါင်းချုပ် အသင်းကြီး ပေါ်ပေါက်လာပြီးလျှင် ဤမျှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်း သော စစ်ကြီးများ နောက်နောင်မပေါ်ပေါက်ဘဲ ထာဝစဉ်ငြိမ်းချမ်းရေးကို ရရှိရန် အားထုတ်ခဲ့လေသည်။ သို့ရာတွင် အောင်မြင်မှု မရှိခဲ့ရုံမျှမက ပထမ ကမ္ဘာစစ်ပြီးသည့်အချိန်မှစ၍ ရုရှ၊ အီတလီ၊ ဂျာမနီ စသည့်နိုင်ငံများသည် ဒုတိယကမ္ဘာစစ်အတွက် လက်နက်များကို လျှို့ဝှက်စွာ ပြင်ဆင်ခဲ့ကြလေ သည်။ ထိုအခါတွင် အခြားသောနိုင်ငံများကလည်း မနေသာတော့ဘဲ အသီး အသီး လက်နက်များ စုရလေတော့သည်။ ထိုသို့ ပြင်ဆင်နေကြစဉ်အတွင်း ပြည်ထောင်အချင်းချင်း ညီညွတ်ရေး၏ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး စသည့် ဟန်ပြလုပ်ငန်းများသည်လည်း အောင်မြင်မှု တစ်စုံတစ်ရာမရှိဘဲ ပေါ်ပေါက် လျက်ပင်ရှိ၏။ ( နိုင်ငံပေါင်းချုပ်အသင်းကြီး။) သို့ဖြင့် ပထမကမ္ဘာစစ်ပြီးသည့်နောက် ၂၁ နှစ်အကြာတွင် ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်ပွားခဲ့ပြန်လေသည်။ ဤတကြိမ်တွင်မူ တန်ခိုးြ ကီးနိုင်ငံတို့၏ ၂၁ နှစ်ကာလပတ်လုံး ကြံစည်တီထွင်၍ စုဆောင်းလာခဲ့ကြ သော လက်နက်ဆန်းများကိုသုံးကြသဖြင့် ပထမကမ္ဘာစစ်အတွင်းကထက် အဆပေါင်းများစွာ အသက်ရော စည်းစိမ်ပါ အပျက်အစီးများခဲ့လေသည်။ ဒုတိယကမ္ဘာစစ်မပြီးဆုံးမီကပင် ကမ္ဘာ့ငြိမ်းချမ်းရေးကိုလိုလား သော မဟာမိတ်နိုင်ငံကြီးများသည် စစ်ကြီးအမြန်ပြီးဆုံး၍ ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်ရန် ကမ္ဘာ့ကုလသမဂ္ဂကို အုတ်မြစ်ချဲ့ခကြ၏။ စစ်ကြီး ပြီးသောအခါ ထိုအဖွဲ့ကြီးကို ကမ္ဘာ့တန်ခိုးကြီးနိုင်ငံများအပါအဝင် နိုင်ငံ ပေါင်း ၄၈ နိုင်ငံက သလောတူလက်မှတ်ရေးထိုး၍ ဖွဲ့စည်းအောင်မြင်ခဲ့ သည်။ ( ကုလသမဂ္ဂ။) ကမ္ဘာ့ကုလသမဂ္ဂ၏ ကြိုပမ်းချက်များသည် ပထမကမ္ဘာစစ်အပြီး ဖွဲ့စည်းခဲ့သော နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကြိုးပမ်းချက်များနှင့်မတူဘဲ ဆိုးရွားကြောက်မက်ဖွယ်ကောင်းသော စစ်ကြီးများကို တားဆီးရန်မှာ ထိုစစ် ကြီးများဖြစ်ပွားစေသော အကြောင်းရင်းများကို ပြုပြင်မှသာ အောင်မြင်နိုင် ကြောင်း ဆင်ခြင်ခဲ့ကြသည်။ ယင်းသို့ဆင်ခြင်၍ အကြောင်းရင်းကို ရှာဖွေ ကြရာတွင် လူတို့၌ဆင်ခြင်၍ အကြောင်းရင်းကို ရှာဖွေကြရာတွင် လူတို့၌ လူတိုင်းရရှိခံစားထိုက်သော အခွင့်အရေးများချို့တဲ့မှု၊ လူ့အခွင့်အရေးများကို လျစ်လျူရှုမှုများကို တွေ့ရှိကြသည်။ ထိုအခါတွင် လူမျိုးမရွေး၊ အယူဝါဒမရွေး၊ ဆင်းရဲချမ်းသာ ကျား မ ဟူ၍မခွဲခြားဘဲ လူသတ္တဝါတစ်ယောက်အဖြစ် ရသင့်ရထိုက်သော အခွင့် အရေးများကို စိစစ်ရှာဖွေလျက် လူ့အခွင့်အရေးစာတမ်းကို ရေးးဆွဲခဲ့ကြလေ သည်။ ထိုစာတမ်းကြီးတွင် ပါဝင်သော အချက်အလက်များမှာ လူတိုင်း လူတိုင်းသည် မွေးဖွားလာစမှစ၍ တူညီသော အခွင့်အရေးရှိ၍ တစ်သက် လုံးနေမှုထိုင်မှု၊ လွတ်လပ်မှု၊ လုံခြုံမှုများတူညီစွာ ရရှိမည်ဖြစ်ပြီးလျှင် လူ သတ္တဝါအချင်းချင်း နှိပ်စက်ည|ဉ်းပန်းမှု၊ ချုတ်ချယ်မှု၊ နိုင်ထက်စီးနင်း ပြုမှု များကို တားမြစ်သော အချက်အလက်များဖြစ်လေသည်။ ထိုလူ့အခွင့်အရေး များမှာ လူသတ္တဝါမှန်သမျှ လူမျိုးမရွေး၊ အယူဝါဒမရွေး ခြွင်းချက်မရှိ လက်ခံနိုင်သော အခွင့်အရေးများဖြစ်၍ ထိုအခွင့်အရေးများကို လူတိုင်းစေ့ရရှိ ကြသောအခါ ကမ္ဘာ့ထာဝရငြမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ရကား ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ပါရစ်မြို့၌ ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက လက်ခံအတည်ပြု၍ ထုတ်ပြန်ကြေညာလေသည်။ ဤသို့လျှင် လူသတ္တဝါမှန်သမျှ တူညီသောလွတ်လပ်မှု၊ တရား မျှတမှု၊ လုံခြုံမှု စသည့်အခွင့်အရေးများကို ခံစားခွင့်ရှိကြောင်း အသိအမှတ် ပြုသည့် ဤလူ့အခွင့်အရေး ကြေညာစာတမ်းကြီး ထွက်ပေါ်လာခြင်းသည် လူတိုင်းလူတိုင်းအဖို့ ကောင်းမြတ်သော မဂ‡လာတစ်ပါးဖြစ်လေရကာ ဤ ကြေညာစာတမ်း ဖြစ်မြောက်အောင်မြင်စွာ ထွက်ပေါ်လာသောနေ့ကို နေ့ထူး အခါထူးအဖြစ် သတ်မှတ်၍ မမေ့မလျော့ကြစေခြင်းငှါ နှစ်စဉ် ထိုနေ့၊ ထို ရက်၌ လူ့အခွင့်အရေးများကို ဆင်ခြင်သုံးသပ်သော အလေ့ကို ပြုလျက်ရှိကြ လေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)