လေးမြို့မြစ်

လေးမြို့မြစ် သည် ချင်းပြည်နယ်အတွင်းရှိ ချင်းတောင်တန်း ဘာဘုတလန်တောင်ထိပ်မှ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းစီးဆင်းသွားသော မြစ်တစ်စင်းဖြစ်သည်။ ယင်းသည် စစ်တွေအရှေ့ဘက် အိန္ဒိယ သမုဒ္ဒရာသို့ စီးဝင်သည်။ အေဒီ ၈ ရာစုနောက်ပိုင်းနှင့် ၁၃ ရာစုကြားတွင် ရခိုင်လူမျိုးများ အခြေချ တည်ထောင်နေထိုင်ခဲ့သည့် မြို့လေးမြို့ကို အစွဲပြု၍ လေးမြို့မြစ်ဟု အမည်တွင်လာခြင်းဖြစ်သည်။ ကျောက်ဆစ်လက်ရာ အနုပညာများဖြင့် နာမည်ကျော်ကြားသော ဒေသလည်းဖြစ်သည်။ လေးမြို့မြစ်ဝှမ်း အထက်ပိုင်းတွင် သက်တမ်းနု ကျောက်မျက်ရတနာများကိုလည်း တွေ့ရသည်။

လေးမြို့မြစ်
နိုင်ငံမြန်မာနိုင်ငံ
မြို့များမြောက်ဦးမြို့မင်းပြားမြို့ပေါက်တောမြို့မြေပုံမြို့စစ်တွေမြို့
အချက်အလက်များ
စီးဝင်ရာနေရာဘင်္ဂလားပင်လယ်အော်
 m (၀ ft)
အလျား၁၈၃.၅ km (၁၁၄.၀ mi)

ကိုးကား


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.