လှသမိန်

လှသမိန်၏ အမည်ရင်းမှာ ဦးလှတင် ဖြစ်သည်။ ၁၉၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပဲခူးတိုင်းလက်ပံတန်းမြို့တွင် အဖဦးဖန်၊ အမိဒေါ်ငွေတို့မှ ဖွားမြင်သည်။ အုတ်ဖိုမြို့တွင် နေထိုင်ကြီးပြင်းခဲ့သည်။

လှသမိန်(၁၉၂၃-)

ပညာရေး

ကြို့ပင်ကောက်မြို့ အာစီအမ်ကျောင်း၊ မင်းလှမြို့ ဗုဒ္ဓဘာသာကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ဗုဒ္ဓစာပေ စာပြန်ပွဲများ အောင်မြင်ခဲ့သည်။

စာပေသမားနှင့် ဝန်ထမ်းဘဝ

၁၉၄၆ ခုနှစ်မှစ၍ စာပေလောကအတွင်း ဝင်ရောက်ခဲ့သည်။ ၁၉၄၆ ခုနှစ်မှစ၍ ရှေ့ဆောင်သတင်းစာ၊ စီးပွားရေးသတင်းစာ၊ လမ်းညွှန်သတင်းစာများတွင် စာတည်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ဒီမိုကရေစီဂျာနယ်၊ ယဉ်ကျေးမှုစာစောင်၊ ချိုတေးသံစာစောင်များတွင်လည်း စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘာသာပြန်စာပေအသင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများတွင် နိုင်ငံ့တာဝန်ကို နှစ်ပေါင်း (၃၀)နီးပါး ထမ်းဆောင်ခဲ့သည်။ ထို့နောက် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူပြီးနောက် မြန်မာစာပေတိုက်တွင် စာတည်းအဖြစ် (၄) နှစ်ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာ-အင်္ဂလိပ်ဘာသာစကား အလွတ်သင်ဆရာနှင့် စာရေးဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ယဉ်ကျေးမှုဌာနတွင် ရှေးဟောင်းစာပေကျမ်းများကို စာတည်းအဖြစ် မြန်မာစာအဖွဲ့တွင်မြန်မာစာ အဘိဓာန်အကျဉ်း(တတိယတွဲ၊ စတုတ္ထတွဲ)များကို ပြုစုခဲ့သည်။


မြန်မာနိုင်ငံစာရေးဆရာအသင်းအတွင်းရေးမှူး (၁၉၄၈)၊ ဒု-ဥက္ကဋ္ဌ (၁၉၅၁)၊ မြန်မာနိုင်ငံဂီတကောင်စီအမှုဆောင်၊ ဒု-ဥက္ကဋ္ဌ (၁၉၆၆)အဖြစ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှကြီးမှူးကျင်းပသော ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် (၅)နှစ် ဆက်တိုက် အကဲဖြတ်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ပံတန်းမြို့တွင် ဦးဖန်ကျောင်းသားသမဂ္ဂ၊ အာရှလူငယ်အစည်းအရုံးနှင့် ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့၍ လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့်ရရှိခဲ့သည်။

၁၉၄၆ ခုနှစ်မှစ၍ ကဗျာဆောင်းပါး၊ ဝတ္ထုတိုများကို (၄၇)နှစ်တိုင်ရေးသားခဲ့သည်။ လုံးချင်းဝတ္တု ဆယ်အုပ်အပါအဝင် စာပေ၊ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ ကြီးပွားရေး၊ သမိုင်း၊ အတ္ထုပ္ပတ္တိ ၊ ဘာသာစကား စသော အကြောင်းအရာ အမျိုးမျိုးကို စာအုပ်စာတမ်းပေါင်း ၂၀၀ ကျော် ရေးသား၊ တည်းဖြတ်၊ ထုတ်ဝေခဲ့ပြီးဖြစ်သည်။

ဘဝနိဂုံး

ယခု ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ စီမံကိန်းအိမ်ရာ တိုက်(၂၄)၊ အခန်း(၁၁)တွင် နေထိုင်လျက်ရှိပြီး ၁၂-၁-၂၀၀၀)ဗုဒ္ဓဟူးနေ့နံနက်(၁၁း၄၅)တွင် နေအိမ်၌ပင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်ရီ၊ သားကြီးဦးလှဘုန်းအောင် (အယ်ဒီတာချုပ် Emperorမဂ္ဂဇင်း)ယခု Editorial Manager ( Builders' Guide ) MMRD Company နှင့်အတူ သားသမီး (၁၃) ဦးကျန်ရှိခဲ့ပါသည်။

ကလောင်အမည်ကွဲ

  • ခန့်ခန့်ကြီး
  • ဇီဝက
  • လှထွတ်ဦး
  • လှလေးကို
  • သူလှလေး
  • ဦးလှတင်
  • အစော (မြေနီကုန်း)

ရေးသားခဲ့သော စာနယ်ဇင်းများ

  1. ကနောင်သစ်စက်မှုစီးပွားဂျာနယ်
  2. ကလောင်စုံ
  3. ကလောင်သစ်
  4. ကြေးမုံ
  5. ကမ္ဘာ့ဒိုင်ဂျက်
  6. ခေတ်မြန်မာဂျာနယ်
  7. ခေတ်သစ်
  8. ဂီတပဒေသာ
  9. ငွေတာရီ
  10. စ-စ-စ စာစောင်
  11. စာပေ
  12. စာပေလုပ်သား
  13. စာပန်းချီ
  14. စစ်ပြန်
  15. စာဖတ်သူဂျာနယ်
  16. စန္ဒာ
  17. ဇမ္ဗူ့ရတနာ
  18. တောင်ဝင်မဂ္ဂဇင်း
  19. နတ်ရေကန်မဂ္ဂဇင်း
  20. ဒီမိုကရေစီဂျာနယ်
  21. ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစာစောင်
  22. နတ်ရေကန်မဂ္ဂဇင်း
  23. ပဒေသာမဂ္ဂဇင်း
  24. ပုလဲမြို့သစ်မြေယာမဂ္ဂဇင်း
  25. ပေါ်ပြူလာဂျာနယ်
  26. ပြည်ထောင်စုယဉ်ကျေးမှုစာစောင်
  27. ပြည်မြန်မာဂျာနယ်
  28. ဖြူနီညိုပြာမဂ္ဂဇင်း
  29. မိုးဂျာနယ်
  30. မြဝတီဂျာနယ်
  31. ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
  32. ရုပ်ရှင်အောင်လံမဂ္ဂဇင်း
  33. ရှုမဝမဂ္ဂဇင်း
  34. ရွှေစည်းစိမ်
  35. ရွှေအောင်လံမဂ္ဂဇင်း
  36. သတင်းလွှာဂျာနယ်
  37. သာသနာ့ရောင်ခြည်မဂ္ဂဇင်း
  38. သုတစွယ်စုံမဂ္ဂဇင်း
  39. သင့်ဘဝမဂ္ဂဇင်း
  40. သစ္စာ
  41. အတွေးအမြင်
  42. အနော်ရထာ
  43. အရှေ့တိုင်းလစဉ်
  44. အလင်းတန်းဂျာနယ်
  45. အာရောဂျံမဂ္ဂဇင်း
  46. Fashion Image
  47. Life Style
  48. Today

ရေးသားခဲ့သောစာအုပ်များ

စဉ်အမည်အမျိုးအစားထုတ်ဝေနှစ်ကလောင်ကွဲမှတ်ချက်
ဂန္ဓဝင် ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိ၁၉၆၁
သာယာရွှေပြည်ဘာသာပြန်ဝတ္ထု၁၉၆၁
မြန်မာ့ဆိုရိုးကောက်နုတ်ချက်အဘိဓာန်
ပါဠိ-မြန်မာ အဘိဓာန်
ခေတ်ပြောင်းစာစီစာကုံး
ပေါရာဏ အဘိဓာန်
မြန်မာ့သိမှတ်စရာ သုတပဒေသာ
ကမ္ဘာ့သိမှတ်စရာ သုတပဒေသာ
အိတ်ဆောင်သတ်ပုံ
၁၀စကားလုံးကြွယ်ရာနည်းပဒေသာ
၁၁မျက်မှန်လွတ် မျက်စိအားသန်နည်း၁၉၆၇ ဇန်နဝါရီလှထွတ်ဦးအမည်ဖြင့်ပြုစု
၁၂လှသထက် လှပါစေချင်၁၉၆၈ခန့်ခန့်ကြီးနှင့်ပူးတွဲပြုစု
၁၃မမြကလေးနှင့် လှိုင်ထိပ်ခေါင်တင် ဘ၀နှင့် စာပေ၁၉၆၉ ဒီဇင်ဘာ
၁၄အနောက်ဂျာမနီတခွင်၁၉၇၀ ဇန်နဝါရီ
၁၅လူငယ်ပျိုးခင်း၁၉၉၃ ဇူလိုင်
၁၆သူနဲ့မတူ တံခွန်ထူ၁၉၉၄ ဇူလိုင်
၁၇သမီးကောင်းရတနာ၁၉၉၄ အောက်တိုဘာ
၁၈ဗုဒ္ဓ ဝါဒမှ လူ့ကျင့်စဉ်များ၁၉၉၅ ဧပြီဒုတိယအကြိမ်
၁၉ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်၁၉၉၇ မေဒုတိယအကြိမ်
၂၀၂၄ နာရီပတ်လုံးတန်ဖိုးရှိရှိနေထိုင်နည်း၁၉၉၇တတိယအကြိမ်
၂၁ဘ၀လမ်းညွှန်၁၉၉၇ဒုတိယအကြိမ်
၂၂ဇာတ်တော်ကြီးဆယ်ဘွဲ့၁၉၉၇ဒုတိယအကြိမ်
၂၃ဓမ္မစကြာ အမေးအဖြေ၁၉၉၈ဒုတိယအကြိမ်
၂၄ပွဲတွေ့ဆေးမြီးတို၁၉၉၈ဒုတိယအကြိမ်
၂၅မဟာဗန္ဓုလ၁၉၉၈
  1. လူတော်လူကောင်း ၁၉၉၈ ၁၅၀ ကျပ် ဒုတိယအကြိမ်
  2. ဘ၀တွင်စဉ်းစားဝေဖန်နည်း ၁၉၉၈ ၁၅၀ ကျပ် ဒုတိယအကြိမ်
  3. လက်တွေ့လုပ်ငန်းအောင်မြင်နည်း ၁၉၉၈ ၁၇၅ ကျပ်
  4. ကြီးပွားအောင်မြင်လိုသူတိုင်းအတွက် သိမှတ်စရာများ ၁ မှ ၅ အထိ ၁၉၉၈ ၁၆၀ ကျပ်
  5. ဇနီးမောင်နှံ ခိုင်မြဲရေး ၁၉၉၈ ၂၀၀ ကျပ်
  6. ဘ၀အန္တရာယ်ခွင်းပယ်နည်း ၁၉၉၈ ၂၀၀ ကျပ် ဒုတိယအကြိမ်
  7. လက်တွေ့အဂ်လိပ်စကားပြော ၁ မှ ၅ အထိ ၂၀၁၀ ၇၀၀ ကျပ် ဒုတိယအကြိမ်
  8. လူ့ဘဝကြီးပွားရေးအမြင်များ ၁၉၉၈ ၂၀၀ ကျပ် ဒုတိယအကြိမ်
  9. ဘဝသင်ခန်းစာများ ၁၉၉၈ ၃၀၀ ကျပ်
  10. မြန်မာရာမာယန ၁၉၉၈ ၇၀၀ ကျပ်
  11. လက်တွေ့ဘာသာပြန်နည်း ၁၉၉၉ ၁၅၀ ကျပ် ဒုတိယအကြိမ်
  12. ချစ်ရေးချစ်ရာ ၁၉၉၉ ၂၀၀ ကျပ်
  13. တွေးသိစရာ ဘ၀အတွေ့အကြုံများ ၁၉၉၉ ၃၀၀ ကျပ် ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ
  14. လူရည်ချွန် သားကောင်းသမီးကောင်း ၁၉၉၉ ၃၀၀ ကျပ် ဒုတိယအကြိမ်
  15. ဗုဒ္ဓ ဝါဒ အခြေခံ ၁၉၉၉ ၃၀၀ ကျပ် ဒုတိယအကြိမ်
  16. လူပီသအောင်နေထိုင်နည်း ၁၉၉၉ ၃၅၀ ကျပ်
  17. လူ့ညဉ်လူ့အကြော ၁၉၉၉ ၁၀၀၀ ကျပ် ဒုတိယအကြိမ်
  18. ကြီးပွားအောင်မြင်လိုသူတိုင်းအတွက် သိမှတ်စရာများ ၁ မှ ၆ အထိ ၂၀၀၃ ၇၀၀ ကျပ်
  19. အင်္ဂလိပ်သဒ္ဒါ တတ်စရာ ၂၀၀၀ ၂၃၀ ကျပ်
  20. လူ့စိတ်လူ့မနော ၂၀၀၀ ၂၅၀ ကျပ် ဒုတိယအကြိမ်
  21. လူ့စရိုက်လူ့သဘော ၂၀၀၀ ၂၅၀ ကျပ် ဒုတိယအကြိမ်
  22. အင်္ဂလိပ်စာ ပဒေသာ ၂၀၀၁ ၄၅၀ ကျပ်
  23. လူငယ်ပျိုးထောင်နည်း ၂၀၀၁ ၃၀၀ ကျပ် ဒုတိယအကြိမ်
  24. တူနှစ်ကိုယ်သုခချမ်းသာ ၂၀၀၁ ၅၅၀ ကျပ်
  25. လူမွန်လူချွန် ၂၀၀၂ ၅၀၀ ကျပ် ဒုတိယအကြိမ်
  26. တီထွင်မှုသမိုင်းကြောင်း ၂၀၀၈ အောက်တိုဘာ ၄၀၀၀ ကျပ် သုံးတွဲပေါင်းချုပ်
  27. မြန်မာရာဇဝင်အကျဉ်း ၂၀၀၉ ဩဂုတ် ၉၀၀ ကျပ် ဒုတိယအကြိမ်

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.