ကြို့ပင်ကောက်မြို့

ကြို့ပင်ကောက်မြို့သည် သာယာဝတီခရိုင်အတွင်း ရန်ကုန်-ပြည် လမ်းမကြီးပေါ်၌ တည်ရှိ၍ ရန်ကုန်မြို့မှ 124 မိုင် ဝေးကွာသည်။ ရှေးအခါက မြို့ပိုင်ရုံးစိုက်ရာ မြို့ကြီးဖြစ်၍ ၁၉၃၄၁၉၃၅ ခုနှစ်တွင် ဇီးကုန်းမြို့နယ်ထဲသို့ ပူးပေါင်း သွတ်သွင်းခဲ့ဖူးသည်။ တစ်ဖန် ၁၉၅၁ ခုနှစ်၌ မြို့ပိုင်ရုံးစိုက်ရာ မြို့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပေသည်။ ကြို့ပင်ကောက်မြို့ဟု အမည်တွင်ရခြင်းမှာ ကောက်ကွေးနေသောကြို့ပင်ကြီး တည်ရှိခြင်းကို အစွဲပြုသမုတ်အပ်သည်ဟု အဆိုရှိလေသည်။

ကြို့ပင်ကောက် Kyopinkok
မြို့
ကြို့ပင်ကောက် Kyopinkok
ကြို့ပင်ကောက်မြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 18°13′N 95°39′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး (အနောက်)
ခရိုင်သာယာဝတီခရိုင်
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၁၁၇,၁၄၃[1]

ကြို့ပင်ကောက်မြို့၏ မြူနီစီပယ်အဖွဲ့ကို ၁၈၉၄ ခုနှစ်က စတင်၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုမြို့၌ ပြည်သူ့ဆေးရုံ၊ အစိုးရအထက်တန်းကျောင်း၊ မီးရထားဘူတာရုံ၊ ဈေးဆန်စက်သစ်စက်နှင့် စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့များရှိသဖြင့် မြို့၏ အခြေအနေမှာ စည်ကားသည်။ ထို့ပြင် ကြို့ပင်ကောက်မြို့နယ်၌ သူကြီးပိုင် ၅၂ ပိုင်း ပါဝင်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၁၇,၁၄၃ ယောက်ခန့် နေထိုင်သည်။ မြို့ပေါ်၌ ရေရှားပါး ခက်ခဲမှုကြောင့် ရေကန်ကြီးများ တူးဖော်ထားရလေသည်။အရှေ့ဘက်သို့လားသော် ရိုးမတောင်ခြေခံလျက် မြို့နှင့် ၇ မိုင်ခန့်အကွာ၌ မြို့တွင်းရွာဟု တွင်သော ရွာတစ်ရွာရှိသည်။ ထိုမြို့တွင်းရွာ၌ ရှေးမင်းတစ်ပါး နန်းစံခဲ့ဘူးသည်ဟု အဆိုရှိသည့် ကျုံးမြို့ရိုးမျှော်စင်နှင့် နန်းဦးစေတီတို့၏ အပျက်အစီးများကို ယခုတိုင် တွေ့မြင်နိုင်သေးသည်။ မြို့တွင်းရွာသို့ ကြို့ပင်ကောက်မြို့မှ မော်တော်ကားလမ်း ပေါက်၏။ အနောက်ဘက်သို့ လားသော် မိုးညိုမြို့နယ် တည်ရှိသည်။ တောင်ဘက်သို့ လားသော် အုတ်ဖိုမြို့နယ်တည်ရှိ၍ မြို့လည်ချောင်းနှင့် ကဝေစုချောင်းခေါ် ဂမုန်းချောင်းတို့ ဖြတ်သန်းစီးဆင်းကြသည်။ ထို့ပြင် မြို့၏ အရှေ့ဘက်၌မဟာလောကသီရိဘုရားကြီးနှင့်မြို့၏အနောက်ဖက်၌ မဟာစန္ဒာသီဟ ဘုရားကြီး ရှိကြသည် သာမက ထိုအရှေ့ဖက်၌ပင် မြို့နှင့် ၁၂ မိုင်ခန့် အကွာတွင် ပုဂံ ကျစွာမင်းကြီး တည်ထားကိုးကွယ်သည်ဟု အဆိုရှိသော ကျစွာ ဘုရားကြီး အထင်အရှားရှိလေသည်။ ထိုကျစွာဘုရားပွဲတော်မှာ တပေါင်းလ၌ ကျင်းပမြဲဖြစ်၍ များစွာ စည်းကားလှပေသည်။စာပေပညာရှင်မောင်ငြိမ်းသူ(ကြို့ပင်ကောက်)ကဗျာဆရာကြီးဦးရွှေဝိုင်းတို့မွေးဖွားရာဇာတိလဲဖြစ်ပါသည်။သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ပုဂံခေတ်ကျစွာမင်း သံပျင်မင်းသမီး သံပျင်အမတ် မှစ ၍ ဖျာလိပ်နတ်မအောင်ဖြူခြေရာတစ်တောင်ငမဲခေါင်၊ဆင်တော်လော်ရှိန်းမှတ်တမ်းတင်ပုံရိပ်များသာမက ရဲဘော်သုံးကျိတ်ဝင်ဗိုလ်မင်းခေါင် မြို့အတွက်အသက်စွန့်သွားကြသည့် မီးသတ်ရဲဘော်အောင်ဒင်တို့လိုအာဇာနည်သူရဲခေါင်းများလဲပေါ်ထွန်းခဲ့ပါသည်။

[2]

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးJanuary 10, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.