ဆွာမြို့
ဆွာမြို့ သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။[1]
ဆွာမြို့ | |
---|---|
![]() ![]() ဆွာမြို့ | |
ကိုဩဒိနိတ်: 19°15′52″N 96°17′35″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
ခရိုင် | တောင်ငူခရိုင် |
မြို့နယ် | ရေတာရှည်မြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သမိုင်းကြောင်း
ဆွာမြို့ကို ရှေးအခါက ကမ္ဘားမြင့်ရွာဟု ခေါ်သည်။ တောင်ငူရာဇဝင်အရ ပုဂံနရပတိစည်သူမင်း၏ သမက် အနန္တသူရိယအမတ်၏ သား မင်းလှစောနှင့် မြေး သဝန်လက်ျာတို့သည် ပေါင်းလောင်းမြစ်အထက် ယခု ဆွာချောင်း၏ အထက် ကုန်းငယ်ထက်တွင် ရွာတည်နေထိုင်သည်။ နောင်သော် ဆွာချောင်းနံဘေးရှိ ကမ္ဘားမြင့်ရွာမှာ စည်ကားလာပြီး မြို့ဖြစ်လာကာ ဆွာမြို့ဟု ထင်ရှားလာသည်။[2]
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.