ကဝမြို့

ကဝမြို့သည် ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်တွင် ပါဝင်၍ ပဲခူးမြို့တောင်ဘက် ပဲခူးမြစ်အရှေ့ဘက်ကမ်း နဖူးပေါ်တွင် တည်ရှိပြီး ကဝမြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။

ကဝ
မြို့
ကဝ
ကဝမြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 17°05′23″N 96°27′59″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ကဝမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+7)

အမည်ရင်းမြစ်

ကဝသည် မွန်အမည် (ကဝ)မှ ဆင်းသက်လာပြီး လင်းမြီးဆွဲဟု အဓိပ္ပာယ် ရသည်။ လင်းမြီးဆွဲရှိရာ အရပ်တွင် ရွာတည်ရာမှ နောင် ကဝမြို့ ဖြစ်လာသည်။[1]

လမ်းပန်းဆက်သွယ်ရေး

ရန်ကုန်- ပဲခူး မီးရထားလမ်းမှ သွားလျှင် ထုံးကြီးဘူတာမှဆင်း၍ တစ်မိုင်ခန့် ကတ္တရာလမ်းအတိုင်း သွားပြီးနောက် ပဲခူးမြစ်အား ဖြတ်​သန်းဖောက်လုပ်ထား​သော တံတားအား ကျော်ဖြတ်ကာ ကဝမြို့ဘက်သို့ သွားနိုင်သည်။ ကား သို့မဟုတ် ဆိုင်ကယ်ဖြင့်သွားမည်ဆိုပါက ရန်ကုန်-ပဲခူး ကားလမ်းမကြီး၏ လမ်းပိုင်းပေါ်ရှိ အင်းတကော်မြို့မှတစ်ဆင့် အင်းတကော်-ထုံးကြီး-ကဝ လမ်းမှလည်း သွားနိုင်သည်။ ပဲခူးမှ တစ်ဆင့်သွားရောက်မည်ဆိုပါက ပဲခူး-သက္ကလ- အုန်းနှဲ-ကဝ လမ်းမှ သွားနိုင်သည်။ မြို့ပေါ်ရှိလူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၇,၃၉၆ ယောက်[2] ရှိသည်။

ပဲခူးမြစ်ကူးတံတား (ကဝ)

ပဲခူးမြစ်ကူးတံတား (ကဝ)

ပဲခူးမြစ်ကူးတံတား (ကဝ)သည် ပဲခူးမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် တံတားဖြစ်သည်။ ကဝမြို့သည် ယခင်က ရန်ကုန်နှင့် ကပ်လျက်တည်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့် မြို့တစ်မြို့ ဖြစ်သည်။ ကဝမှ ရန်ကုန်သို့သွားမည်ဆိုပါက ပဲခူးမြစ်အား သမ္ဗာန်လှေဖြင့် ဖြတ်ကူးကာ သွားလာရသည်။ ယခုအခါ ပဲခူးမြစ်ကူးတံတား (ကဝ) ကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။ တံတားသည် ထုံးကြီးရွာ နှင့် ကဝမြို့ကို ဆက်သွယ်တည်ရှိသည်။

လူမှုပထဝီဝင်

၁၉၅၃ ခုက လူဦးရေ ၂၃၃၆ ဦး နေကြောင်း သိရသည်။[1]

ကဝမြို့နယ်တွင် သူကြီးပိုင်ကျေးလက် ၉၃ ပိုင်ရှိသည်။ ကဝမြို့နယ်၏ အရှေ့ဘက်အကျဆုံး နေရာ တစ်နေရာဖြစ်သည့် သမ္ဗာန်ဆိပ်ရွာမှာ ပင်လယ်ကမ်းနှင့် ကပ်လျက်ရှိနေသည်။ ထိုရွာသည့် သထုံခရိုင်မှ ကျိုက်ထီးရိုးတောင်၊ ကေလာသတောင်များနှင့် မျက်နှာချင်းဆိုင် တည့်လျက်ရှိသည်။

စီးပွားရေး

ကဝမြို့နယ် တစ်ခွင်လုံးမှာ မြေပြန့်ကွင်းဖြစ်၍ စပါးအကြီး အကျယ် စိုက်ပျိုးသည်။ ကဝမြို့နယ်မှာ စစ်တောင်းမြစ်နှင့် ပဲခူးမြစ် အကြားတွင် တည်ရှိသည်။ ပင်လယ်ကမ်းခြေနှင့် နီးကပ်သွားသော နေရာများတွင် ဆားအသင့်အတင့် ချက်လုပ်သည်။ ကဝမြို့မှ လွယ်အိတ်နှင့် ချည်လုံချည်များ ထွက်၍ ကဝလွယ်အိတ်ကို လူသိများသည်

အထင်ကရပုဂ္ဂိုလ်များ

  1. ဒဂုန်ဦးထွန်းမြင့် (မယ်သီလကန်)
  2. ချစ်စံဝင်း (ရစ်ကန်ကြီးရွာ)
  3. ဦးရွှေအောင် (မဟာဝိဇ္ဇာ၊ ဝဋံသကာသိရောမဏိ)(ဖလေး)
  4. ရုပ်ရှင်မင်းသား မြင့်အောင် (သက္ကလ)
  5. သရုပ်ဆောင် မို့မို့မြင့်အောင် (သက္ကလ)
  6. စာရေးဆရာ ချစ်ဝင်းညွန့်
  7. မောင်မောင်ဖြူ[1]
  8. သရုပ်ဆောင် နေမင်း (သက္ကလ)

ကိုးကား

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၇၉။
  2. Provisional Results Census 26 August 2014 FINAL (PDF)။ ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ p. ၅၅။ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ ၂၈ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.