မင်းလှမြို့၊ သာယာဝတီခရိုင်

မင်းလှမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် အကျုံးဝင်သော သာယာဝတီခရိုင်၊ သာယာဝတီနယ်တွင် ပါဝင် သည့် မင်းလှမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ သရက်ခရိုင်တွင် ရှိသော မင်းလှကို အထက်မင်းလှ ဟုခေါ်၍ သာယာဝတီခရိုင်ရှိ မင်းလှမြို့ကို အောက်မင်းလှ ဟုခေါ်သည်။

မင်းလှမြို့
မင်းလှမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°58′40″N 95°42′25″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်သာယာဝတီခရိုင်
မြို့နယ်မင်းလှမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မင်းလှမြို့သည် ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ မင်းလှမြို့ ဘူတာရုံကို ခရစ် ၁၈၇၇ ခုနှစ်က ဖွင့်လှစ်ခဲ့၍ ပထမဆုံးဖွင့်သော ဘူတာရုံများအနက် တစ်ခု အပါအဝင်ဖြစ်သည်။ မင်းလှမြို့သည် ရန်ကုန်မြို့၏ မြောက် ဘက် ၉၁ မိုင်နှင့် သာယာဝတီမြို့၏ မြောက်ဘက် ၂၃ မိုင် အကွာတွင် တည်ရှိသည်။ ပြည်မြို့မှ တောင်ဘက် ရထားလမ်း အတိုင်း မိုင် ၇ဝ ကွာဝေးသည်။ ရန်ကုန်-ပြည် မီးရထားလမ်း သာလျှင် မင်းလှမြို့ကို ဖြတ်သန်းသွားသည်။ ရန်ကုန်-ပြည် ကားလမ်းမူကား မြို့နှင့် ၂ မိုင်ကွာရှိ ရှမ်းတောကို ဖြတ်သန်း သွားသည်။ ရှမ်းတောသို့ မော်တော်ကားလမ်းတို့ဖြင့် ဆက်ထား သည်။ မင်းလှမှ လက်ပံတန်းသို့ မော်တော်ကားလမ်းတစ်လမ်း ရှိသည်။ မီးရထားလမ်း၏ လက်ဝဲဘက်ကဖြစ်သည်။ ရန်ကုန်- ပြည်ကားလမ်းသည် မီးရထားလမ်း၏ လက်ယာဘက်က ဖြစ် သည်။ မင်းလှမြို့မှ မိုးညိုသို့ မော်တော်ကားလမ်း ပေါက်သည်။

မင်းလှမြို့သည် ဆန်စပါးရောင်းဝယ်ရာတွင် ကြီးကျယ် ထင်ရှား၍ မြို့တွင် ဆန်စက်များရှိသည်။ ကြီးကျယ်သော အခြားလုပ်ငန်းမရှိသော်လည်း ကုန်စည်ရောင်းဝယ်ဖောက်ကားမှု မှာ မြို့နှင့်လိုက်အောင် အသင့်အတင့်ဖွံ့ဖြိုးလေသည်။ လူဦးရေ မှာ ၁၉၆၂ ခုနှစ်သန်းခေါင်စာရင်းအရ ၇၁၉၆ ယောက် ရှိသည်။[1]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.