ပြည်မြို့နယ်
ပြည်မြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[2] မြို့နယ်ရုံးစိုက်ရာမြို့မှာ ပြည်မြို့ ဖြစ်သည်။
ပြည်မြို့နယ် | |
---|---|
မြို့နယ် | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
ခရိုင် | ပြည်ခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | ပြည်မြို့ |
လူဦးရေ (၂၀၁၄)[1] | ၂၅၁,၆၄၃ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မှော်ဇာ
မှော်ဇာသည် ပြည်မြို့နယ်အတွင်း တည်ရှိပြီး ရန်ကုန်-ပြည်မီးရထားလမ်း ဖြတ်သန်းသွားရာ ဘူတာမြို့ကလေး ဖြစ်သည်။ ပြည်မြို့၌ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိပြီး ရှေးခေတ် ပျူယဉ်ကျေးမှု ထွန်းကားရာ ပျူမြို့ဟောင်း တမြို့လည်း ဖြစ်သည်။ ရန်ကုန်-ပြည်မီးရထားလမ်း ဖောက်လုပ်စဉ် သရေခေတ္တရာ မြို့ဟောင်းမှာ မလွတ်ကင်းသဖြင့် ရွှေတံခါး(ခ) မြို့ပေါက်အနီးနှင့် မထောရာ နတ်စင်ကုန်း ယခု တံတား အမှတ် ၄၆ နေရာများကို မြို့ရိုး ဖြိုချကာ ဖောက်လုပ်ခဲ့ရသည် ဆိုသည်။ [3]
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၅။
- "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
- တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၉၃။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.