ကညွှတ်ကွင်းမြို့

ကညွှတ်ကွင်းမြို့သည် ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်တွင် တည်ရှိသည်။ အနီးနားရှိ မြို့များမှာ တောကျွဲအင်းမြို့နှင့် ဖြူးမြို့တို့ ဖြစ်သည်။ ကားလမ်းနှင့် ရထားလမ်း ပေါက်ရောက်ပြီး အခြားသော မြို့နယ် ဒေသများသို့ လွယ်ကူစွာ ကူးလူးသွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့တစ်မြို့ ဖြစ်သည်။ ထင်ရှားသည့်ကညွှတ်ကွင်းမြို့သားများမှာ သခင်သန်းထွန်း၊ သူရ ရွှေမန်းတို့ ဖြစ်သည်။ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းနှင့် မီးရထားလမ်းသည် ကညွှတ်ကွင်းမြို့မှ ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှ ကညွှတ်ကွင်းအထိ မီးရထားဖြင့်ဆိုပါက ၁၂၃မိုင် ကွာဝေးသည်။ ပဲခူးမြို့မှ မြောက်ဘက် မိုင် ၈၀ အကွာတွင် ရှိသည်။

ကညွှတ်ကွင်းမြို့သည် ကိုလိုနီခေတ်ဦးကာလက ကျေးရွာတစ်ရွာအဖြစ်တည်ရှိခဲ့သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကာထားလုပ်ကိုင်ကြပြီး ရန်ကုန်-မန္တလေးမီးရထားလမ်း ဖောက်လုပ်သောအခါ တစ်စတစ်စ စည်ကားလာကာ မြို့ကလေးအသွင်း ပြောင်းလဲလာခဲ့သည်။ ရန်ကုန်မြို့က ကားလမ်းအတိုင်း မိုင်တိုင် ၁၃၀ တွင်တည်ရှိသည်။ [1]

ကိုးကား

  1. မြန်မာမြို့အဘိဓာန်။ တင်နိုင်တိုး။ ပကြိမ်။ ၂၀၁၂။ unity စာပေ။ ရန်ကုန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.