ဇေယျဝတီမြို့

ဇေယျဝတီမြို့ သည် ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ဖြူးမြို့နယ်ရှိ မြို့ဖြစ်သည်။[1]

ဇေယျဝတီမြို့
ဇေယျဝတီမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°32′22″N 96°25′47″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်တောင်ငူခရိုင်
မြို့နယ်ဖြူးမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းကြောင်း

ဇေယျဝတီကို တောင်ငူဘုရင် မင်းကြီးညိုက တည်သည်။ တောင်ငူအရံ ၅၂ မြို့အနက် တောင်ဘက် မြို့ရံ ၉ မြို့စာရင်းတွင် ပါဝင်သည်။ ဇေယျဝတီ မြို့ဟောင်းသည် ဇေယျဝတီဘူတာမှ ၄ မိုင်ခန့် ကွာဝေးသည်။ မြန်မာမင်းများလက်ထက်တွင် ဇေယျဝတီမြို့၌ မြို့သူကြီး ရာထူး ခန့်အပ်ခဲ့သည်။

အင်းဝခေတ်နှောင်း မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်တွင် ဇေယျဝတီ၌ မြို့သူကြီး နန္ဒသူရ စီရင်အုပ်ချုပ်သည်။ သူ့ညီ သိင်္ဃအောင်၊ ညီ ရဲလှကျော်ခေါင်တင်တို့ ဆက်ခံသည်။ ဘိုးတော်ဘုရားလက်ထက် ၂၃ မေ ၁၇၈၄ တွင်ဇေယျဝတီမြို့ စစ်တမ်းကို မြို့သူကြီး ရဲလှကျော်ခေါင်က ဆက်သွင်းသည်။[2]

စက်ရုံများ

ဇေယျဝတီတွင် ဇေယျဝတီသကြားစက်ရုံ (ဇေယျဝတီ) နှင့် အရက်ချက်စက်ရုံ ရှိသည်။

ဇေယျဝတီဂတ်တဲများ ကြည့်ရှုမှုသတင်း

၂၇-၆-၁၈၇၄ ရက်စွဲပါ မြန်မာသံတော်ဆင့် သတင်းစာ၌ အောက်ပါသတင်း ပါ၏။

"ကျွန်တော်တို့ တောင်ငူမြို့နယ်များကို အုပ်စိုးကြည့်ရှုတော်မူသော ရာဇဝတ်ဝန်မင်း အင်ဒါစင် သခင်ဘုရားသည် ဝတ္တရားရှိသည့်အတိုင်း တောင်လက်ဇေယျဝတီမြို့နယ်ရှိ ဂတ်များကို ကြည့်ရှုတော်မူရန် ၁၈၇၄ ခု၊ ဖေဖော်ဝါရီလ၊ ၁၈ ရက် (၁၂၃၅ ခု တပေါင်းလဆန်း ၇ ရက်)နေ့ ထွက်သွား၍ ၎င်းလ ၂၂ ရက်၊ ၎င်းလဆန်း ၇ ရက်နေ့တွင် ပြန်ရောက်ကြောင်းများကို ကြားသိရပါသည်" ဟူ၍ ဖြစ်သည်။[2]

ကိုးကား

  1. Google Maps (မြေပုံ)။ Google။ |access-date= က |url= ကို လိုအပ်သည် (အကူအညီ)
  2. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၉၀။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.