ကျောက်တံခါးမြို့
ကျောက်တံခါးမြို့ သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။[1]
ကျောက်တံခါး | |
---|---|
ကျောက်တံခါး | |
ကိုဩဒိနိတ်: 18°09′22″N 96°36′47″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
ခရိုင် | ပဲခူးခရိုင် |
မြို့နယ် | ကျောက်တံခါးမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျောက်တံခါးသည် ကိုလိုနီခေတ်ဦးကာလတွင်မှ စည်ပင်လာသည့် မြို့ ဖြစ်သည်။ သီပေါမင်း ပါတော်မူချိန်ထိ တောဖုံးနေသေးသည်။ မြို့အရှေ့ဘက် စစ်တောင်းမြစ်ကမ်းတွင် လှေသမ္ဗန်များ ရပ်တန့်ကာ ကုန်တင်ကုန်ချ လုပ်သည်။ ၁၈၈၅ တွင် အိန္ဒိယအစိုးရက အိန္ဒိယမြေပိုင်ရှင် သူဌေး အိတ်ချ်အေ မီးလင်း ပိုင်ဆိုင်သော မြေကွက် ယူ၍ ကျောက်တံခါးအနောက်ဘက် တောဖုံလွှမ်းရာ မြေဧက ၂၈၇၀၀ ကျော်ကို နှစ် ၆၀ ဂရန်ဖြင့် ပေးသည်။
မစ္စတာ မီးလင်းသည် ထိုစဉ် အိန္ဒိယမှ ဟိန္ဒူများကို လယ်လုပ်ခွင့် ပေးမည်၊ လယ်ပိုင်ဆိုင်ခွင့် ရမည်ဆိုကာ စရိတ် ထုတ်ပေးပြီး ၁၈၈၅ မှ စတင် ခေါ်ယူသည်။ ထိုစဉ် ရန်ကုန်ပြွန်တန်ဆာ- တောင်ငူ မီးရထားလမ်း ဖောက်လုပ်နေရာ၊ ၃ နှစ် ဆက်တိုက် ခေါ်ယူ နေရာချထားပေးသည်။ မူလဂရန်မြေအတွင်းတွင် ကရင်၊ ရှမ်းနှင့် ဗမာရွာ အနည်းငယ် ရှိနေရာ ရှမ်းကုန်းတွင် တောင်ယာလုပ်ကိုင် စားသောက်သူများ နေထိုင်သည်။
ရှမ်းတိုင်းရင်းသားများသည် ကျန်းမာရေးအတွက် ရှမ်းအုတ်သျှစ်ကုန်းနေ မြန်မာဆေးဆရာကို အားကိုးပြုသည်။ ယင်းဆေးဆရာကို ကျောင်းတကာဟု ခေါ်ရာ ရှမ်းတိုင်းရင်းသားများက ကျောက်တကားဟု မပီမသ ခေါ်ဆိုသည်။ မီးရထားလမ်း ဖောက်ပြီးသောအခါ ရန်ကုန်ကျောက်တံတားနှင့် ဆင်တူယိုးမှား ဖြစ်၍ ကျောက်တံခါးဟု ပြောင်းသည်။ နောက် ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒို၊ ကျောက်တံခါး ၄ နယ်ကို ပေါင်း၍ ကျောက်တံခါးမြို့နယ် ဖြစ်လာသည်။
ကျောက်တံခါးမြို့သည် တော်လှန်ရေးကောင်စီလက်ထက် ၂၈ ဩဂုတ် ၁၉၆၄ တွင် ညောင်လေးပင် အနောက်ပိုင်း မြို့နယ်အဖြစ်မှ သီးခြား ခွဲထုတ်ကာ မြို့နယ် ဖြစ်လာသည်။[2]
အထင်ကရပုဂ္ဂိုလ်
- ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်[2]
တပင်ရွှေထီး စစ်ချီလမ်း
ကျောက်တံခါးအနောက် ၅ မိုင်အကွာတွင် တပင်ရွှေထီးမင်း စစ်ချီတက် တိုက်ခိုက်ရာ စစ်ချီလမ်းကို တွေ့ရသည်။ ယင်းလမ်းကြောင်းမှာ ကျွန်းချောင်းရွာအနီးမှ ပဲနွယ်ကုန်းရွာမကို ဖြတ်သန်းသွားသည်။
ရှေးမြို့ဟောင်း
ကျောက်တံခါးအရှေ့ဘက် ၃ မိုင်ခန့်အကွာ၌ ရှေးမြို့တော်ဟောင်း တမြို့ ရှိခဲ့ရာ ကျောက်စရစ်ကျေးရွာအနီး ရှိ၍ ကျောက်စရစ်မြို့ဟောင်းဟု သစ်တောမင်းကြီးဟောင်း ဦးအောင်မြင့်က အမည်ပေးခဲ့သည်။
ကိုးကား
- Google Maps (မြေပုံ)။ Google။
|access-date=
က|url=
ကို လိုအပ်သည် (အကူအညီ) - တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၀။