မဒေါက်မြို့
မဒေါက်မြို့ သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။[1]
မဒေါက်မြို့ | |
---|---|
![]() ![]() မဒေါက်မြို့ | |
ကိုဩဒိနိတ်: 17°54′39″N 96°50′40″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
ခရိုင် | ပဲခူးခရိုင် |
မြို့နယ် | ညောင်လေးပင်မြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မဒေါက်သည် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပြီး ရှေးမွန်ဘုရင်များ လက်ထက်ကပင် ထင်ရှားသည်။ မဒေါက်သည် မွန်အမည် ကမာဍိုတ်(အသံထွက် ကမာဒေါက်)မှ ဆင်းသက်လာပြီး ကမမှာ ရေကန်၊ ဒေါက်မှာ အုတ်ကို ဆိုလိုရာ အုတ်ရေကန်ဟု အဓိပ္ပာယ်ရသည်။ ကမာဒေါက်ကို မြန်မာတို့က မဒေါက်ဟု ခေါ်ခြင်းဖြစ်သည်။
မဒေါက်နှင့် ရွှေကျင်က တစ်မြို့စီ ဖြစ်သော်လည်း ရွှေကျင်မဒေါက်ဟု တွဲခေါ်လေ့ရှိသည်။ ရွှေကျင်နှင့် မဒေါက်မှာ ၂ မိုင်ခွဲမျှသာ ကွာဝေးသော်လည်း စစ်တောင်းမြစ် ခြားသည်။ ညောင်လေးပင်နှင့် မဒေါက်သို့ ၁၁.၂၅ မိုင် အရှည်ရှိ မီးရထားလမ်းဖြင့် ဆက်သွယ်ထားသည်။[2]
ကိုးကား
- Google Maps (မြေပုံ)။ Google။
|access-date=
က|url=
ကို လိုအပ်သည် (အကူအညီ) - တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၆။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.