ဝင်းခိုင်
ဦးဝင်းခိုင် သည် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။
ဦးဝင်းခိုင် | |
---|---|
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂ ဩဂုတ် ၂၀၁၇ | |
သမ္မတ | ဦးထင်ကျော် |
လက်ထောက် | ဒေါက်တာထွန်းနိုင် |
ယခင်လူ | ဦးဖေဇင်ထွန်း |
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁၅ ဇန်နဝါရီ ၂၀၁၈ | |
ယခင်လူ | ဦးကျော်လွင် |
ဆက်ခံသူ | ဦးဟန်ဇော် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ရန်ကုန်မြို့ | ဒီဇင်ဘာ ၁၃၊ ၁၉၅၀
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်လှလှမူ |
သားသမီး | ကြည်မွန်ခိုင်၊ ပွင့်ထူးခိုင် |
မိဘ | ဦးအေးမောင်၊ ဒေါ်သင်သင် |
ပညာရေး | B.E(Mechanical) |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ဦးဝင်းခိုင်သည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ အစိုးရအဖွဲ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်ခန့်အပ်ခြင်း ခံရသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ၎င်း၏ သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခဲ့သဖြင့် ဦးဝင်းခိုင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူခဲ့သည်။[1] ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။[2]
အစောပိုင်းဘဝနှင့် မိသားစု
ဦးဝင်းခိုင်ကို ဖခင်ဦးအေးမောင်နှင့် မိခင် ဒေါ်သင်သင်တို့က ၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဦးဝင်းခိုင်သည် ဒေါ်လှလှမူနှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦး ရှိသည်။[3]
ကိုးကား
- ထက်နိုင်ဇော် (၂ ဩဂုတ် ၂၀၁၇)။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဖေဇင်ထွန်း နုတ်ထွက်မှု မရှင်းလင်း။ ဧရာဝတီသတင်းဌာန။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း။ နိုင်ငံတော်သမ္မတရုံး (၁၅ ဇန်နဝါရီ ၂၀၁၈)။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- လွှတ်တော်က အတည်ပြုလိုက်သော ပြည်ထောင်စုဝန်ကြီး ၁၈ ဦး၏ ကိုယ်ရေးအကျဉ်း။ မဇ္ဈိမ နေ့စဉ်သတင်းစာ (၂၄ မတ် ၂၀၁၆)။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။