ဟန်ဇော်
ဦးဟန်ဇော် သည် မြန်မာနိုင်ငံသား အငြိမ်းစား အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ ဦးဟန်ဇော်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ယူခဲ့သူ ဖြစ်သည်။[1]
ဦးဟန်ဇော် | |
---|---|
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၉ ဇန်နဝါရီ ၂၀၁၆ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဦးဝင်းခိုင် |
ဦးဆောင်ညွှန်ကြားရေးမှူး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | နတ်မောက်မြို့၊ မကွေးတိုင်း | ဖေဖော်ဝါရီ ၂၅၊ ၁၉၄၆
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်သွင်သွင်အေးမှီ |
သားသမီး | ခိုင်ဇေသော်၊ လင်းမောင်ဇော်၊ မေသွင်ဇော် |
မိဘ | ဦးမြမောင်၊ ဒေါ်ကြည်မြ |
ပညာရေး | အင်ဂျင်နီယာ မဟာဘွဲ့ (M.Sc (Engg:)) |
မိခင်ကျောင်း | မော်စကို တက္ကသိုလ်၊ ရုရှား |
အလုပ်အကိုင် | ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ဦးဟန်ဇော်သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်သည်။[2]
အစောပိုင်းဘဝ
ဦးဟန်ဇော်ကို ဖခင် ဦးမြမောင်နှင့် မိခင် ဒေါ်ကြည်မြတို့က မကွေးတိုင်း နတ်မောက်မြို့တွင် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။[1]
ဦးဟန်ဇော်သည် ရုရှားနိုင်ငံ၊ မော်စကို တက္ကသိုလ်မှ အင်ဂျင်နီယာ မဟာဘွဲ့ကို ရရှိခဲ့သည်။[2]
ဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနများကို တာဝန်ယူထားသော ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သဖြင့် လစ်လပ်သွားသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ဦးဟန်ဇော်အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။[3][4]
ကိုးကား
- စိုင်းလမင်း (၁၆ ဇန်နဝါရီ ၂၀၁၈)။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလောင်း ဦးဟန်ဇော်။ The Popular News Journal။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- လင်းဟိန်း၊ နိုင်လင်း (၂၀ ဇန်နဝါရီ ၂၀၁၈). "လမ်း၊ တံတားများ နိုင်ငံတကာ အဆင့်မီရေး ကြိုးစားဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးသစ်ပြော". ၇ ရက်နေ့စဉ်သတင်းစာ (၁၆၉၃). Retrieved on ၂၀ ဇန်နဝါရီ ၂၀၁၈.
- သမ္မတအဆိုပြုတဲ့ ဆောက်လုပ်ရေးဝန်ကြီးသစ်ကို လွှတ်တော် အတည်ပြု။ RFA (၁၉ ဇန်နဝါရီ ၂၀၁၈)။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ် (၁၉ ဇန်နဝါရီ ၂၀၁၈)။ ၂၀ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။