ဝင်းမြင့် (ကိုယ်ခန္ဓာအလှူရှင်)

ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုယ်ခန္ဓာအလှူရှင်ဖြစ်သည်။ ဦးဝင်းမြင့်သည် ၁၉၆၄-ခုနှစ် စက်တင်ဘာ (၁၉)ရက်နေ့စွဲဖြင့် ခန္ဓာကိုယ်လှူဒါန်းထားခြင်း ဖြစ်သည်။

အခြား အသုံးအနှုန်းများ အတွက် ဝင်းမြင့် ကို ကြည့်ပါ။

မန္တလေးမြို့၊ ဟေမာဇလရပ်ကွက်(၇၉)လမ်းနေ အဘဦးအုန်း၊ အမိဒေါ်သန်းသန်းတို့၏သား ဦးဝင်းမြင့်က ၎င်း၏ အသက် ၂၉နှစ်အရွယ်တွင် “ ကျွန်တော်၏ ခန္ဓာ ကိုယ်အား သေဆုံးပြီးနောက် ဆေးပညာသင်ကြားရာတွင် လိုအပ်သလို အသုံးပြုရန် ဆေးသိပ္ပံမန္တလေးသို့ လှူဒါန်းပါကြောင်း”လက်မှတ်ရေးထိုးကာ လှူဒါန်းထားခဲ့ခြင်း ဖြစ်သည်။ လှူဒါန်းစဉ်က ကိုယ်ခန္ဓာအလှူရှင် ဦးဝင်မြင့်ကို ဆရာဝန်ကြီး ဒေါက်တာဘသန်း (ဆေးသိပ္ပံမဟာဌာနမှူး)က “မည်သည့်ရည်ရွယ်ချက်ဖြင့် လှူချင်ရသလဲ” မေးရာ ဦးဝင်းမြင့်က “စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ “ချစ်သောကမ္ဘာ” ဝတ္ထုကို ဖတ်ရတဲ့အ ခါ ဆရာဝန်တစ်ဦးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစားထိုးကုသဖို့သုတေသန ကြိုးစားလုပ်ရင်း အောင်မြင်ခါနီးမှာသေဆုံးသွားကြောင်း၊ သူမသေခင်မှာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တခြားလူနာတစ်ဦးအတွက် အစားထိုးကုသပေးဖို့ မှာခဲ့ကြောင်း ပြောပြတယ်။ ဒီဝတ္ထုကိုဖတ်ပြီး ကျွန်တော့်ခေါင်းထဲမှာ လူဟာသေသွားရင် ငှက်ပျောတုံး၊ လက်ပံတုံးလောက်မှ အသုံးမကျပါလား၊ ပိုးထိုးလောက်ကိုက်အလကားဖြစ်သွား တာပါလား၊ ဒီအတွက် ငှက်ပျောတုံး၊ လက်ပံတုံးတွေထက် အသုံးကျအောင်ကိုယ်ခန္ဓာကို ဆေးပညာအတွက် လှူဒါန်းမယ်လို့ ဆုံဖြတ်လိုက်တာပါ” ဟု ပြောပြခဲ့သည်။

ဘဝနိဂုံး

ဦးဝင်မြင့် (၇၄)နှစ်သည် ၂၀၁၀-ခုနှစ်၊ ဇန်နဝါရီလ ၂ရက်၌ လူကြီးရောဂါဖြင့် မန္တလေးမြို့တွင် ကွယ်လွန်သွားခဲ့သည်။

ယခုအခါ၂၀၀၉ခုနှစ်အတွင်းဆေးတက္ကသိုလ်(မန္တလေး)ခန္ဓာဗေဒသို့ကိုယ် ခန္ဓာအလှူရှင် (၄၂၈)ဦး လာရောက်လှူဒါန်းထားပြီး ယခုနှစ်တွင် ဇန်နဝါရီ ၈ရက်အထိ ဆေးတက္ကသိုလ်(မန္တလေး) ခန္ဓာဗေဒသို့ကိုယ်ခန္ဓာအလှူရှင် ၅ဦးလာရောက်လှူဒါန်း ထားသည်။ [1]

ကိုးကား

  1. ၂၀၁ဝခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.