သင်္သကရိုက်ဘာသာစကား
သင်္သကရိုက်ဘာသာ (ပါဠိ: သက္ကတ; အင်္ဂလိပ်: Sanskrit ) ဆိုသည်မှာ သမိုင်းဝင် အင်ဒို-အာရိယန်ဘာသာစကားတစ်ခုဖြစ်ပြီး ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ကျမ်းစာများတွင် သုံးနှုန်းသော ဘာသာစကားဖြစ်သည်။ ယနေ့ခေတ်တွင် သင်္သကရိုက်ဘာသာသည် အိန္ဒိယနိုင်ငံတွင် တရားဝင် ဘာသာစကားတစ်ခုအဖြစ်သတ်မှတ်ထားပြီး အူထရာခန်ပြည်နယ်၏ ရုံးသုံးဘာသာစကားဖြစ်သည်။ အနောက်တိုင်း ဂန္ထဝင်ဘာသာဗေဒတွင် သင်္သကရိုက်ဘာသာသည်ဂရိဘာသာနှင့်လက်တင်ဘာသာတို့ကဲ့သို့သော အနေအထားမျိုးရှိသည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.