ဂျိန်းဘာသာ


ဂျိန်းဘာသာ (အင်္ဂလိပ်: Jainism) ကို ဂျိန်းဓမ္မအဖြစ် ရိုးရာစဉ်ဆက်ခေါ်ဆိုကြ၍ ဤဘာသာတရားသည် ရှေးဟောင်း အိန္ဒိယဘာသာတစ်ခုဖြစ်သည်။ ဂျိန်းဓမ္မသည် အဆက်ဆက်ပွင့်ခဲ့သည် တိရ်သံကာရ (ဘုရား) (သို့) ခေါင်းဆောင် (၂၄) ဆူသော ဘုရားများမှတဆင့် ၎င်းတို့၏ နာမ်ပိုင်းဆိုင်ရာ အယူအဆ၊ သမိုင်း စသည်တို့ကို ခြေရာကောက်ပြန်ပြောင်း ကြည့်ရှုနိုင်ပါသည်။[1] ပထမဆုံး တိရ်သံကာရမှာ ရိရှဘနာထ (ရသဘဒေဝ) (Rishabhanatha) (သို့) ဤခေတ်၏ အဒိနဘဂဝါဖြစ်ကာ ဂျိန်းရိုးရာသဘောအရ သူသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နေထိုင်ခဲ့သည်ဟု ယူဆထားသည်။ (၂၃) ဆူမြောက် ပရရှ်ဝနာထ (Parshvanatha) ကို သမိုင်းဆရာများက ဘီစီ ၇ (သို့) ၈ ရာစုများကဟု ဆိုကြကာ (၂၄) ဆူမြောက် မဟာဝီရကို ဘီစီ ငါးရာဟူ၍ ဖော်ပြကြသည်။ ဂျိမ်းဘာသာဝင်များက ဂျိမ်းဘာသာ၏ စကြာဝဠာသဘောတရားမှ သံသရာ ကို လမ်းညွှန်ပြသကြသော တိရ်သံကာရ ဘုရားရှင်များနှင့်အတူ ဂျိန်းဘာသာသည် ထာဝရဓမ္မ ဖြစ်သည်ဟု ယုံကြည်ကြသည်။

ဘာသာတရား
ဂျိန်းဘာသာ

သမိုင်း
ခရစ်တော်မပေါ်မီ ၆-ရာစု
ဆရာ (အစရိယ)
ဝါဓမ္မနမဟာဝီရ
အယူဝါဒ
ဂိုဏ်းများ
ဒီဂမ္ဘရ - ဆွီဂမ္ဘရ
နိုင်ငံနှင့်ဒေသများ
အိန္ဒိယ, ဘယ်လ်ဂျီယံနိုင်ငံ, ကနေဒါ, ဟောင်ကောင်, ဂျပန်, စင်္ကာပူ, အမေရိကန်ပြည်ထောင်စု
Rishabhdev, believed to have lived over a million years ago, is considered the founder of Jain philosophy for this cosmic age.
လက်ပုံသည် အဟိံသကို ရည်ညွှန်း၍ ဓမ္မစကြာဘီး (ဂျိန်း) သည် သံသရာ (ဝိဉာဉ်ကူးပြောင်းလည်ပတ်ခြင်း) ကို ရပ်တန့်ခြင်း စသည်တို့ကို ညွှန်းဆိုသည်။

အဓိကဘာသာရေး ယုံကြည်ချက်များမှာ အဟိံသဝါဒ (ahiṃsā, မညှင်းဆဲခြင်း) ၊ အနေကန္တဝါဒ (anekāntavāda, ဘက်ပေါင်းစုံမှ ရှုမြင်ခြင်း) ၊ အပါရိဂရာဟ (aparigraha, သံယောဇဉ်၊ တွယ်တာမှု မရှိခြင်း) ၊ ခြိုးခြံစွာကျင့်ခြင်း (asceticism, ကာမဂုဏ်မမှီဝဲခြင်း) စသည်တို့ဖြစ်ကြသည်။

ဘာသာရေးကိုင်းရှိုင်းသော ဂျိန်းဘာသာဝင်များသည် အောက်ပါ အချက်ငါးခုကို လိုက်နာကြသည်။ အဟိံသ၊ အမှန်တရား (satya, သစ္စာ) ၊ အစေယ (asteya, မခိုးယူခြင်း)၊ ဗြဟ္မစာရီအကျင့် (brahmacharya)၊ အပါရိဂရာဟ (ပိုင်ဆိုင်မှုမရှိခြင်း) တို့ဖြစ်ကြသည်။ ဤမူများသည် ဂျိန်းဘာသာဝင်တို့၏ လူမှုယဉ်ကျေးမှုကို များစွာသောနည်းလမ်းများဖြင့် အကျိုးသက်ရောက်ရာ နေမှုထိုင်ရာ၌ သက်သက်လွတ်စားသောက်ခြင်းများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ Parasparopagraho Jīvānām (ပါရာစပရောပါဂရာဟို ဂျိဝါနမ်) သည် ဂျိန်းဘာသာ၏ ဆောင်ပုဒ်ဖြစ်၍ အနက်မှာ နာမ်(ဝိဉာဉ်)တစ်ခုသည် အခြားနာမ်(ဝိဉာဉ်)ကို ကူညီဆောင်မရန် (သို့) အချင်းချင်း အထောက်အပံ့ အမှီသဟဲပြုရန် ဖြစ်သည်။ နမောကာရ မန္တန်သည် အခြေခံအကျဆုံး ဘုရားစာဖြစ်၏။

ဂျိန်းဓမ္မသည် ကမ္ဘာ့အစောဆုံးသော ဘာသာတရားများထဲက တစ်ခုဖြစ်၍ ဂိုဏ်းခွဲနှစ်ခုရှိသည်။ ဒိဂမ်ဘာရ နှင့် စဗိတမ်ဘာရ တို့ဖြစ်ကြသည်။ ခြိုးခြံမှုအကျင့်၊ လိင်၊ လက်ခံသည်ကျမ်းစာ အပေါ်တွင် မူတည်၍ ကွဲပြားသွားသည်။ နှစ်ဂိုဏ်စလုံး၌ ဒါယကာ/မ များက လှူဒါန်းထောက်ပံ့သော အလှူခံပုဂ္ဂိုလ်များ ရှိကြသည်။အိန္ဒိယနိုင်ငံတွင် ဂျိမ်းဘာသာဝင် ၄-၅ သန့်းကြားရှိ၍ အိန္ဒိယပြင်ပတွင် လည်းရှိကြ၍ အနေများသောနိုင်ငံများမှာ ကနေဒါ၊ အမေရိကန်၊ ဥရောပနိုင်ငံများဖြစ်ကြသည်။ ဂျပန်တွင်လည်း ဂျိန်းဘာသာ ထွန်းကာလာနေ၍ ဂျပန်တိုင်းရင်းသားမိသားစု ငါးထောင်ခန့် ဂျိန်းဘာသာဝင်များဖြစ်လာသည်ဟု မှန်းဆရသည်။ ဂျိန်းဘာသာနှသ့်ပတ်သက်သော အဓိကပွဲတော်များလည်းရှိကြသည်။

သမိုင်းကြောင်းနှင့် အထွေထွေ

ဂျိန်းဘာသာသည် ခရစ်တော်မပေါ်မီ ၆-ရာစုတွင် ဝါဓမ္မာနမဟာဝိရက ဟိန္ဒူဘာသာနှင့် ခွဲခြား၍ ထူထောင်သော ဘာသာတစ်ရပ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ကိုးကွယ်သူအများအပြား ရှိသည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်သူ တစ်သန်းခွဲခန့် ရှိသည်။ ဂျိန်းဘာသာတည်ထောင်သူ မဟာဝီရ(ခေါ်) နိဏ္ဌဋနာလပုတ္တကို ဘက်ဆာရနယ်၌ ခရစ်တော် မပေါ်မီ ၅၉၉ တွင် ဖွားမြင်၍ အသက် ၄၂-နှစ်တွင် ဉာဏ်အမြင်ရကာ နှစ် ၃၀ တရားဟောပြီးနောက် အနိစ္စရောက်သွားသည်။ ရုပ်ထုကိုးကွယ်ရာ မထားေချ။ ကံနှင့် ဘဝသစ်ဖြစ်ပေါ်မှုကို လက်ခံသည်။ ဒီဂမ္ဘရနှင့် ဆွီဂမ္ဘရ ဟူ၍ နှစ်ဂိုဏ်း ကွဲပြားသည်။ [2]

ဂျိန်းဘာသာသည် အိန္ဒိယနိုင်ငံတွင် ကိုးကွယ်ကျင့်သုံးကြသော ဘာသာတစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေး လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ ၎င်း၏ အတွေးအခေါ်နှင့် ကျင့်စဉ်များတွင် ကိုယ့်အားကိုယ်ကိုး၍ မိမိ၏ စိတ်ဝိဉာဉ်ကို မြင့်မြတ်ရာသို့ ရောက်ရှိရန် နှင့် လွတ်မြောက်ရန်အတွက်ကို အဓိက ထားသည်။ မိမိ၏ ကိုယ်တွင်းရှိ ရန်သူကို အောင်နိုင်ပြီး ကြီးမြတ်သော အဖြစ်သို့ ရောက်ရှိသော စိတ်ဝိဉာဉ်ကို ဂျိန်းဘာသာတွင် ဂျိန သို့မဟုတ် အောင်မြင်သူ၊ အောင်နိုင်သူ ဟု ခေါ်ကြသည်။ ဂျိန်းဘာသာကို ရှာမန (Shramana ) (ကိုယ့်အားကိုယ်ကိုး တရား) သို့မဟုတ် နာဂရန်သာ (Nirgrantha ) အတွယ်အတာမဲ့ ဟု ရှေးခေတ်ကျမ်းစာများတွင် ညွှန်းဆိုလေ့ ရှိကြသည်။ ဂျိန်းဘာသာအား အထွတ်အထိပ်သို့ရောက်စေသောသူမှာ ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်သော မဟာဝီရ(ခေါ်) နိဏ္ဌဋနာလပုတ္တ ဖြစ်သည်။

ဂျိန်းဘာသာဝင်တို့သည် တိရစ္ဆာန်များကို ညှင်းပန်းမှုနဲ့ သတ်ဖြတ်မှုမဖြစ်ရအောင် ထွန်ယက်စိုက်ပျိုးသည့် အသက်မွေးဝမ်းကြောင်းအမှုကို မပြုလုပ်ပဲ ကုန်သွယ်စည်းပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်သောကြောင့် ကြွယ်ဝချမ်းသာကြပြီး အသိပညာရှင်၊ အနုပညာရှင်များ ဖြစ်ခဲ့ကြသည်။ အုပ်ချုပ်သူ အာဏာပိုင်လုပ်ခြင်းသည် လူနှင့်တိရစ္ဆာန်​ကို ညှင်းပန်းရာ ကျသည်ဟု ဆိုပြီး ဂျိန်းဘာသာဝင်များသည် အုပ်ချုပ်သူ ဖြစ်အောင် မကြိုးစားခြင်းကြောင့် ဂျိန်းဘာသာသည် ခေတ်အဆက် ဘုရင်များ၏ ချီးမြှောက်ခြင်းကို မခံခဲ့ရ၍ သာသနာပြန့်ပွားမှုနှုန်း အားနည်းခဲ့ပြီး၊ လူနည်းစုသာသနာသာ ဖြစ်ခဲ့ရသည်။

ကိုးကား

  1. "tirthankar"Jainism Knowledge
  2. လှသမိန် ရေးသည့် ဗဟုသုတ စွယ်စုံ စာအုပ်မှ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.