ဇင်ဗုဒ္ဓဘာသာ

ဘီစီ ၅၄၃ တွင် ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် ထေရဝါဒ၊ မဟာယာန၊ ဇင်ဗုဒ္ဓဘာသာများ ထွန်းကားပြန့်ပွားခဲ့သည်။ ထေရဝါဒဂိုဏ်းသည် သီဟိုဠ် မှတဆင့် မြန်မာလာအိုထိုင်းကမ္ဘောဒီးယား၊ စသော ဒေသများသို့ ပြန့်ပွားသွားခြင်းဖြစ်၍ တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုသည်။ နီပေါနိုင်ငံ တွင်လည်း ဗုဒ္ဓဘာသာ ထွန်းကားသည်။ မဟာယာနကို မြောက်ပိုင်းဗုဒ္ဓဘာသာဟု ခေါ်သည်။ မဟာယာနဂိုဏ်း သည် တရုတ်ထိုင်ဝမ်တိဘက်တောင်ကိုရီးယားမြောက်ကိုရီးယားမွန်ဂိုးလီးယားနိုင်ငံမလေးရှားနိုင်ငံစင်ကာပူ ဘူတန်နိုင်ငံဗီယက်နမ်နိုင်ငံ၊ နှင့် ဂျပန် စသော အရှေ့အာရှတခွင်တွင် ထွန်းကားပြန့်ပွားနေပြီး မဟာယာနဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုသည်။ တိဘက်ဗုဒ္ဓဘာသာ (Vajrayana ဂိုဏ်း) ကို အချို့က မဟာယန၏ ဂိုဏ်းခွဲဟု သတ်မှတ်သော်လည်း အချို့ကမူ မူလဗုဒ္ဓဘာသာ၏ တတိယမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာတွင် အခြားဂိုဏ်းခွဲငယ် အများအပြားရှိသေးသည်။ ဤသို့များရခြင်းသည် ဝါဒနှင့် ဒေသကွာဟချက်များကြောင့် ဖြစ်သည်။ ဘီစီ ၅၄၃ တွင်မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီး နှစ်ပေါင်း(၁၁၀၀) ကျော်(အေဒီ ၅၀၀-အေဒီ ၆၀၀) တွင်ဆရာတော် ဗောဓိဓမ္မ သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဗုဒ္ဓဘာသာ၏ အယူဝါဒများ မြတ်ဗုဒ္ဓ နှင့် ဗုဒ္ဓမြတ်စွာဘုရား ၏ သားတော် သံဃာ များ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ” လာ အဆို အမိန့်များကိုသာ လိုက်နာ ကျင့်သုံး၏။ ဖန်ဆင်းရှင်(God) ကို လက်မခံကြပါ။ ဖန်ဆင်းရှင်ကို (Buddhists do not believe in a Creator God) မယုံကြည်ကြပါ။[1] သို့ရာတွင် ကံ ကံ၏အကျိုး နှင့် မိမိ ၏ ကာယကံ(ကိုယ်ဖြင့် ပြုလုပ်မှု) ၊ ဝစီကံ(နှုတ်ဖြင့် ပြောဆိုမှု) ၊ မနောကံ( စိတ်ဖြင့် ကြံစည်မှု) ကို အလေးအနက် ယုံကြည်သည်။ [2] ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူသည် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ အကြံအစည်ဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါးကိုသာ အသိအမှတ်ပြုယုံကြည်ဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘာသာကိုင်းရှိုင်းသူသည် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ အကြံအစည်ဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။ သီလနှင့် သမာဓိမဂ္ဂင် ပြည့်စုံလျှင် ထိုက်သည့်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ မဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။ မဂ္ဂင်ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း (၈) ပါးရှိသည်။

ဘာသာတရား
ဇင်ဗုဒ္ဓဘာသာ

သမိုင်း
ဆရာ (အစရိယ)
အယူဝါဒ
ဂိုဏ်းများ
နိုင်ငံနှင့်ဒေသများ
ဇင်(ဈာန်)ဗုဒ္ဓဘာသာထွန်းကားသော ဂျပန်နိုင်ငံမှ ကာမာကူရာ ဗုဒ္ဓရုပ်ပွားတော်
ဇင်(ဈာန်)ဗုဒ္ဓဘာသာ၏ နာမည်ကျော်သော ပုံပြင် တစ်ပုဒ်

၁။ သမ္မာဒိဋ္ဌိ = မှန်သောအယူအမြင်၊
၂။ သမ္မာသင်္ကပ္ပ = မှန်သောအကြံ၊
၃။ သမ္မာဝါစာ = မှန်သောစကား၊
၄။ သမ္မာကမ္မန္တ = မှန်သောအမှုအလုပ်၊
၅။ သမ္မာအာဇီဝ = မှန်သောအသက်မွေးဝမ်းကျောင်းမှု၊
၆။ သမ္မာဝါယာမ = မှန်သောအားထုတ်မှု၊
၇။ သမ္မာသတိ = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊
၈။ သမ္မာသမာဓိ = မှန်သော တည်ကြည် စူးစိုက်မှု၊
(ဇင်ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်း တရား သမထ(meditation) အလုပ်သည် စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် မှန်သောအားထုတ်ရသော အလုပ်မျိုးကို ဆိုလိုသည်။ ထိုဘာဝနာသည် သမထဘာဝနာ၊ ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုးရှိ၏။ ကမ္မဋ္ဌာန်းဟူသည် ကမ္မဌာနဟူသော ပါဠိစကားကို မြန်မာလို ခေါ်ဝေါ်ခြင်း ဖြစ်၏။ ကမ္မဌာနဟူသော ပါဠိစကား သည် ကမ္မပုဒ်နှင့် ဌာနပုဒ်တွဲစပ်၍ ဖြစ်သော စကားတည်း။ ထိုနှစ်ပုဒ်တွင် ကမ္မပုဒ်မှာ အလုပ်ဟူသော အနက်ကိုဟော၏။ ဌာနပုဒ်မှာ တည်ရာဟူသော အနက်ကို ဟော၏။ ထို့ကြောင့် ဘာဝနာအလုပ်၏ တည်ရာဖြစ်သော အာရုံများကို ကမ္မဋ္ဌာန်း ဆိုသည်ဟု မှတ်ရမည်။ သမထ ဘာဝနာ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။) ဇင်ဗုဒ္ဓဘာသာ သည် သမထ လမ်းစဉ်ပေါ်တွင် အခြေခံသည်။

ဇင်ဗုဒ္ဓဘာသာအစ-ဆရာတော် ဗောဓိဓမ္မ က

ဇင် (ဈာန်) ဗုဒ္ဓဘာသာသည် ဂျပန် တွင် ကိုးကွယ်ကျင့်သုံးကြသော မဟာယာနဗုဒ္ဓဘာသာ တစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ (Śūnyatā) [3] တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သုညတ အနတ္တ တရား မှာကျယ်ပြန့်စွာ လူအများ နာကြားနေကြဆဲဖြစ်သည်။ [4] တရုတ်ပြည်တွင် ကျောင်းတိုက်ပေါင်း (၁၃၀၀၀) ရှိ၍ မဟာယာန ဗုဒ္ဓဘာသာ ရွှေခေတ် ဟု ခေါ် လောက် သည်။ အရှင်ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ဇင်ဗုဒ္ဓဘာသာ( ဈာန်) ဂိုဏ်း ကို တည်ထောင်သည်။ ကိုရီးယားပြည် သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိသည်။[5] ဂျပန်ပြည်တွင် ဆူမိကို (ဆွိကို) Empress Suiko (အေဒီ ၅၅၄-အေဒီ ၆၂၈)ဘုရင်မကြီးလက်ထက် ရှိုတိုကု တိုင်းရှိ မင်းသားကြီး(Prince Shōtoku Taishi) (အေဒီ ၅၇၄-အေဒီ ၆၆၂ ) ၏ ကြိုးပမ်း မှူကြောင့် ဂျပန်တပြည်လုံး မဟာယနဇင်ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။ရှိုတိုကု တိုင်းရှိ မင်းသားကြီးသည် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူဖြစ်ပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေငြာခဲ့သည်။(၁၁) ရာစုတွင် ဂျပန်နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် စတင်ရောက်ရှိသည်။[6] ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေး ဥပဒေကိုရေးဆွဲခဲ့သည်။ [7] [8] [8] [9] ဆရာတော် ဗောဓိဓမ္မ (အေဒီ ၅၀၀-အေဒီ ၆၀၀) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ဇင် (ဈာန်) ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း 坐禅 သည် ထင်ရှားကျော်ကြားသည်။ ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism)သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ (၅၀၀) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။ ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာန ဇင်(ဈာန် ) ဗုဒ္ဓဘာသာဆရာတော်ဖြစ်သည်။[10] [11][10][12]ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာများကိုဆိုလိုသည်။[13]တရုတ်ပြည်တွင်ဆရာတော် ဗောဓိဓမ္မ ကို 達摩 Bodhidharma ဟု ခေါ်ဆိုသည်။ ချန်ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင် ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ကြသည်။ ဂျပန်ပြည်တွင်ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma ဟု ခေါ်ဆိုသည်။ ဇင်ဗုဒ္ဓဘာသာ(Zen Buddhism) နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ကြသည်။ [14] တရုတ်ပြည်မှ လာသော မဟာယာန ချန်( 禪 ) ဗုဒ္ဓဘာသာ အယူအဆများပေါ်တွင် မူတည်၍ ဂျပန်တို့သည် ဇင် (禪) ဗုဒ္ဓဘာသာ အဖြစ်ပြောင်းလဲလာခြင်းပင် ဖြစ်သည်။ ဇင်ဗုဒ္ဓဘာသာ၏ ကျင့်စဉ်အနှစ်ချုပ် သည်ကား ထိုးထွင်းသိမြင်စွမ်းသော" ဗောဓိဉာဏ်" (Satori) ဖြစ်သည်။ ဇင် (禪) (ဈာန်) ကျင့်စဉ်အနှစ်ချုပ် "ဆာတိုရီ" Satori (悟り) သည် အလွယ်နှင့်ရနိုင်သော တရားမျိုးမဟုတ်။ (Satori and kenshō are commonly translated as enlightenment, a word that is also used to translate bodhi, wisdom and buddhahood.) အကြိမ်ကြိမ် အထပ်ထပ်တရားရှုမှတ်ခြင်း ကျင့်ကြံ အားထုတ် စီးဖြန်းရ၏။ ကန်ရှော (見性) (ဗောဓိ) သည် ဇင်ဗုဒ္ဓဘာသာဘုရားလောင်းကျင့်စဉ် ၏ အနှစ်သာရ ဖြစ်သည်။ ဇင်ဗုဒ္ဓအယူဝါဒ၏ပုံစံ အများစုသည် ကမ္မဋ္ဌာန်း တရားထိုင်ခြင်း သမထအလုပ်သည် စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။ သမထ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။ [15] [16][15][17][18][19][20]

ဗုဒ္ဓဘာသာ သည် ကမ္ဘာပေါ်တွင် လူဦးရေ (သန်း ၆၉၀၀) ကျော် ရှိသည့် အနက် ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူဦးရေ (သန်းပေါင်း ၂၀၀၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည်သည် ကမ္ဘာ့ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ (သန်းပေါင်း ၁၂၀၀) ၁၂၁၉ ၁၄၉ ၆၀၀ ကျော်အထိ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သည်။ ထို့ကြောင့် ဇင်ဗုဒ္ဓဘာသာမဟာယာန နှင့် ထေရဝါဒ ပေါင်းလျှင် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ၁၉၂၁ ၉၈၉ ၆၄၁ (သန်း ၁၉၀၀ ကျော်၊ သန်း ၂၀၀၀ နီးပါး) ရှိသည်။ [21] [22]

ထေရဝါဒနှင့်မဟာယာနကွဲပြားသော အယူအဆများ

(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို အမြင့်မြတ်ဆုံးသောမြတ်စွာဘုရား အဖြစ်လက်ခံကြသည်။ (၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြသည်။ (၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်သည် နှစ်ဖက်လုံး၏ တရားဖြစ်သည်။ (၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် နှစ်ဖက်လုံးတွင် အတူတူပဲဖြစ်သည်။ (၅) ဖန်ဆင်းရှင်(God) ကို နှစ်ဖက်လုံးတွင် လက်မခံကြပါ။ (၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နှင့် သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်၏ အဓိက တရားအနှစ်တွေသည် မကွဲပြားဘူးလို့ ဆိုရပါမည်။ အနတ္တ ကို နှစ်ဖက်လုံးတွင်လက်ခံပါသည်။ မဟာယနသည် အတ္တဝါဒ မဟုတ်ပါ။ အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ပါ။ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်သည်။။ ထေရဝါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ကြပါ။ တချို့က ဆိုပြန်သည်။ ထေရဝါဒဆိုတာ ရဟန္တာ ဖြစ်ဖို့နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒလို့ ဆိုကြပြန်သည်။ ထေရဝါဒ တွင် ဗောဓိသတ္တ သည် လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်ကြပါ။ မဟာယာန တွင် ကိုးကွယ်စရာ ဗောဓိသတ္တ တွေ များပါသည်။ ဘုရားလောင်း ၊ ဘုရား၏ မိခင်၊ ဖခင် ….အစုံပဲဖြစ်သည်။ မဟာယာန မှာ အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးပါ။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားပြီး ပုထုဇဉ်ပြန်ဖြစ်သွားရသည်။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရသည်။ ထေရဝါဒ နှင့် မဟာယာန အယူအဆ တချို့ လွဲနေသည်။ ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ မူရင်းအတိုင်းလိုက်နာကျင့်ကြံပြီး နဲနဲမှ မပြင်တာက ထေရဝါဒ ဖြစ်သည်။ မူရင်းမှ အယူအဆ တချို့ နဲနဲ ပြင်သည်က မဟာယာန ဝါဒ ဖြစ်သည်။ ထေရ ဝါဒ က ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မူရင်း ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ ၊ သိက္ခာပုဒ်များ တရားတော်များကို နဲနဲမှ မပြင်ကြပါ။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။

ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ် ၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာ များမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။ အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တက်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်ပင် ဖြစ်သည်။ နိဗ္ဗာန်သည် ကောင်းဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ [23] ဖော်ပြပါ ထေရဝါဒဗုဒ္ဓဘာသာ၊ ဇင်ဗုဒ္ဓဘာသာ နှင့် မဟာယာနဗုဒ္ဓဘာသာ တို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမဩဝါဒများ ပါရှိကြသည်။

ရည်ညွှန်းချက်များ

  1. http://www.budsas.org/ebud/ebdha068.htm
  2. ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်
  3. Sunyata (Emptiness) in the Mahayana Context
  4. အဓိပတိ စာၾကည့္တိုက္: သုညတ တရား
  5. History of Korean Buddhism
  6. The Essentials of Buddhist Philosophy - Junjirō Takakusu - Google Books
  7. Buddha Purnima 2017 – The Birthday of Buddha – Significance, Celebration & Date in 2018
  8. http://www.experiencefestival.com/a/Buddha/id/301148
  9. The Buddha and His Noble Path | Vipassana Research Institute
  10. History of Karate - Deshi-Do Martial Arts & Fitness Centre
  11. Daruma (Bodhidharma) - Patriarch of Zen Buddhism in China and Japan
  12. JKA Shotokan Karate of Stanford - Karate-Do
  13. မော်ကွန်းတင်ပြီးမိတ္တူ 13 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2013 တွင် ပြန်စစ်ပြီး။
  14. Daruma (Bodhidharma) - Patriarch of Zen Buddhism in China and Japan
  15. Satori in Zen Buddhhism
  16. On the "Irrationality" of Zen
  17. Satori | Zen Buddhism | Britannica.com
  18. http://www.isska.com/history-of-karate.html
  19. Daruma: Determination and Zen Training in Budo
  20. http://www.knowledgerush.com/kr/jsp/db/board.jsp?id=76999%5Bလင့်ခ်သေ%5D
  21. Buddhism in China
  22. Buddhists in the World - The Dhamma - thedhamma.com - Vipassana Foundation 16 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 July 2013 တွင် ပြန်စစ်ပြီး။
  23. Theravada - Mahayana Buddhism

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.