သစ်တောက်နီ

သစ်တောက်နီ သည် အနီရင့်ရောင်ဖြစ်ပြီး အပေါ်ပိုင်းတွင် အနက်စင်းများ ရှိသည်။ နှုတ်သီးမှာ အနက်ရောင်ဖြစ်သည်။ အဖိုများတွင် အနီရောင် ပါးစုန့်ကွက် ရှိသည်။ ကိုယ်အလျား ၁၂ လက္မခန့် ရှိသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ အထိ မြေပြန့်လွင်ပြင်နှင့် တောင်ခြေရှိ သစ်တောများတွင် တွေ့ရသည်။ သစ်ပင်ပေါ်နှင့် မြေပြန့်တွင် ပရွက်ဆိတ်နှင့် ခြများကို စားသောက်သည်။ နှာမှုတ်သံဖြင့် ကျွိ ကျွိ ကျွိ ဟု ခေါ်သံပေးသည်။ ဖေဖော်ဝါရီလနှင့် ဇွန်လအတွင်း သားပေါက်သည်။ ဌာနေငှက် ဖြစ်သည်။ [2]

Blythipicus pyrrhotis
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Least Concern  (IUCN 3.1)[1]
မျိုးရိုးခွဲခြားခြင်း
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Aves
မျိုးစဉ်:Piciformes
မျိုးရင်း:Picidae
မျိုးဇာတ်:Campephilini
မျိုးစု:Blythipicus
မျိုးစိတ်:
B. pyrrhotis
ဒွိနာမ
Blythipicus pyrrhotis
(Hodgson, 1837)

ကိုးကား

  1. BirdLife International (2012). "Blythipicus pyrrhotis". IUCN Red List of Threatened Species 2012. IUCN.
  2. မြန်မာနိုင်ငံငှက်များ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.