ကော်ဒိတ်
ကော်ဒိတ် (/ˈkɔːrdeɪt/) ဆိုသည်မှာ ကော်ဒေတာ(Chordata) မျိုးပေါင်းစု (phylum) ဝင် အကောင်များ (animal) ကို ဆိုလိုသည်။ (နိုတကော့ဒ် ((notochord)) ရှိသူများကို ကော်ဒေတာ မျိုးပေါင်းစုဝင်ဟု ခေါ်ကြသည်။)
Deuterostomes |
| |||||||||||||||||||||||||||
ကော်ဒိတ် (Chordates) | |
---|---|
မျိုးပေါင်းစုသေး ၄-ခုမှ ကော်ဒိတ်များ၏ ဥပမာ၊ ဆိုက်ဘေးရီးယားကျား (Siberian Tiger) ((Vertebrata)) တစ်ကောင်၊(Polycarpa aurata) (Tunicata) တစ်ကောင်၊ Ooedigera peeli (Vetulicolia) တစ်ကောင်၊ (Branchiostoma lanceolatum) (Cephalochordata) တစ်ကောင်။ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
လောကသေး: | Eumetazoa |
Clade: | Bilateria |
Clade: | Nephrozoa |
Superphylum: | Deuterostomia |
မျိုးပေါင်းစု: | Chordata Haeckel, 1874[1][2] |
Subgroups | |
And see text |
ခန္ဓာဗေဒ
ကော်ဒိတ်များသည် ၎င်းတို့ဘဝအဆင့်အချို့တွင် အောက်ပါ ခန္ဓာဗေဒသွင်ပြင်လက္ခဏာများရှိသော တိရိစ္ဆာန်လောက(Animalia Kingdom)အတွင်းရှိ မျိုးပေါင်းစုတစ်ခုအဖြစ် သတ်မှတ်သည်။[5]
- နိုတကော့ဒ် (notochord)။ ခန္ဓာကိုယ်၏ အတွင်းပိုင်းတစ်လျှောက်တွင် အရိုးနုဖြင့် ဖွဲ့စည်းထားသည့် အတန်အသင့်မာသော အချောင်း။ ကျောရိုးရှိ သတ္တဝါအမျိုးအစားတွင် ၎င်းသည် ကျောရိုး (spine) အဖြစ်သို့ ဖွံ့ဖြိုးသည်။ ရေနေမျိုးစိတ်များတွင် ၎င်းသည် အမြီးကို အားဖြည့်ခြင်းဖြင့် ရေကူးရာတွင် အထောက်အကူပြုသည်။
- ကျောရိုးအာရုံကြောသွားပိုက် (dorsal neural tube)
- ဖဲရဲန်ဂျီးယယ်ကွဲကြောင်း (Pharyngeal slit)
- အမြီး (Post-anal tail)
- အဲန်ဒိုစတိုင်လ် (Endostyle)။ လည်ချောင်းဝ (pharynx)၏ အောက်ပိုင်းနံရံ (ventral wall) တွင်ရှိသော မြောင်း (groove)။ ရေစာစစ်စားကောင်များ (Filter feeder) မျိုးစိတ်တွင် ၎င်းသည် အစာအပိုင်းအစများကို စုဆောင်းရန်နှင့် အီဆော့ဖစ်ဂပ်စ် (esophagus)သို့ သယ်သွားရန် အထောက်အကူပြုသည့် အကျိအချွဲများ သို့မဟုတ် သလိပ်ရည်တို့ကို ထုတ်လုပ်ပေးသည်။[4] ၎င်းသည် အိုင်အိုဒင်းကို သိုလှောင်နိုင်ပြီး၊ ကျောရိုးရှိ သတ္တဝါတို့တွင် သိုင်းရွိုက်ဂလင်း (thyroid gland) ၏ ရှေ့ပြေးဟုဆိုနိုင်သည်။[5]
အမျိုးအစားခွဲခြားခြင်း
အောက်ပါ အမျိုးအစားခွဲခြားခြင်းဇယားသည် ၂၀၀၄-ခုနှစ်ထုတ် ကျောရိုးရှိသတ္တဝါဆိုင်ရာ နိခါတကဗေဒစာအုပ်မှ ဖြစ်သည်။[6][7] ကျောရိုးမဲ့ ကော်ဒိတ်မျိုးပေါင်းများ (invertebrate chordate classes) မှာမူ ကမ္ဘာ့ငါးများ (Fishes of the World) စာအုပ်မှ ဖြစ်သည်။[8]
- ကော်ဒိတ်မျိုးပေါင်းစု (Phylum Chordate)
- †Vetulicolia?
- မျိုးပေါင်းစုသေး (Subphylum) Cephalochordata (Acraniata) – (lancelets၊ မျိုးစိတ် ၃၀-ခု)
- မျိုးပေါင်း (Class) Leptocardii (lancelets)
- Clade Olfactores
- မျိုးပေါင်းစုသေး (Subphylum) Tunicata (Urochordata) – (tunicates၊ မျိုးစိတ် ၃,၀၀၀-ခု)
- မျိုးပေါင်း (Class) Ascidiacea (sea squirts)
- မျိုးပေါင်း (Class) Thaliacea (salps)
- မျိုးပေါင်း (Class) Appendicularia (larvaceans)
- မျိုးပေါင်း (Class) Sorberacea
- မျိုးပေါင်းစုသေး (Subphylum) Vertebrata (Craniata) (ကျောရိုးရှိသတ္တဝါများ (vertebrates)၊ မျိုးစိတ် ၅၇,၆၇၄-ခု)
- မျိုးပေါင်းကြီး (Superclass) 'Agnatha' paraphyletic (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါများ (jawless vertebrates)၊ မျိုးစိတ် ၁၀၀ ကျော်)
- မျိုးပေါင်း (Class) Cyclostomata
- Infraclass Myxinoidea or Myxini (hagfish၊ 65 မျိုးစိတ်)
- Infraclass Petromyzontida or Hyperoartia (lampreys)
- မျိုးပေါင်း (Class) †Conodonta
- မျိုးပေါင်း (Class) †Myllokunmingiida
- မျိုးပေါင်း (Class) †Pteraspidomorphi
- မျိုးပေါင်း (Class) †Thelodonti
- မျိုးပေါင်း (Class) †Anaspida
- မျိုးပေါင်း (Class) †Cephalaspidomorphi
- မျိုးပေါင်း (Class) Cyclostomata
- Infraphylum Gnathostomata (မေးရိုးနှင့် ကျောရိုးရှိသတ္တဝါများ)
- မျိုးပေါင်း (Class) †Placodermi (Paleozoic armoured forms; paraphyletic in relation to all other gnathostomes)
- မျိုးပေါင်း (Class) Chondrichthyes (အရိုးနု ငါးအမျိုးအစားများ (cartilaginous fish)၊ မျိုးစိတ် ၉၀၀ ကျော်)
- မျိုးပေါင်း (Class) †Acanthodii (Paleozoic "spiny sharks"; paraphyletic in relation to Chondrichthyes)
- မျိုးပေါင်း (Class) Osteichthyes (အရိုးမာ ငါးအမျိုးအစားများ၊ မျိုးစိတ် ၃၀,၀၀၀ ကျော်ရှိ)
- မျိုးပေါင်းသေး (Subclass) Actinopterygii (ဆူးတောင်ဆက် ငါးအမျိုးအစားများ (ray-finned fish)၊ မျိုးစိတ် ၃၀,၀၀၀ ခန့်ရှိ)
- မျိုးပေါင်းသေး (Subclass) Sarcopterygii (ဆူးတောင်ဖု ငါအမျိုးအစားများ (lobe-finned fish)၊ မျိုးစိတ် ၈-ခု)
- မျိုးပေါင်းကြီး (Superclass) Tetrapoda (ခြေလေးချောင်းနှင့် ကျောရိုးရှိသတ္တဝါများ၊ မျိုးစိတ် ၂၈,၀၀၀ ကျော်) (အောက်ဖော်ပြပါ မျိုးရိုးအခွဲများသည် Benton 2004 စာအုပ်[6]မှ ယူထားခြင်းဖြစ်ပြီး၊ အဆင့်အတန်းအခြေပြု လင်းနီးယပ်၏ မျိုးရိုးခွဲခြားခြင်းစနစ် (Linnaean taxonomy)နှင့်လည်း ပေါင်းစပ်ထားကာ၊ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အရ ဆက်စပ်မှုများကိုလည်း ထင်ဟပ်ထားစေသည်။ ယခင်က ပိုမိုမြင့်မားသော မျိုးရိုးခွဲအဆင့် သတ်မှတ်ခံထားရသော်လည်း Benton သည် ဆူးတောင်ဖု ငါအမျိုးအစားများ (lobe-finned fish)မှ tetrapods များ၏ တိုက်ရိုက်ဆင်းသက်မှုကို ထင်ဟပ်စေရန် မျိုးပေါင်းကြီး Tetrapoda ကို မျိုးပေါင်းသေး Sarcopterygii တွင်ထည့်သွင်းခဲ့သည်။)
- မျိုးပေါင်း (Class) Amphibia (ကုန်းတစ်ပိုင်း ရေတစ်ပိုင်းသတ္တဝါ၊ မျိုးစိတ် ၈,၁၀၀ ကျော်ရှိ)[9]
- မျိုးပေါင်း (Class) Sauropsida (တွားသွားသတ္တဝါများ(ငှက်များအပါအဝင်၊ မျိုးစိတ် ၁၉,၀၀၀ကျော် – ငှက်မျိုးစိတ် ၁၀,၀၀၀ ကျော်နှင့် တွားသွားသတ္တဝါ မျိုးစိတ် ၉,၅၀၀ ကျော်)[10][11]
- မျိုးပေါင်း (Class) Synapsida (နို့တိုက်သတ္တဝါများ၊ မျိုးစိတ် ၅,၇၀၀ ကျော်)
- မျိုးပေါင်းကြီး (Superclass) 'Agnatha' paraphyletic (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါများ (jawless vertebrates)၊ မျိုးစိတ် ၁၀၀ ကျော်)
- မျိုးပေါင်းစုသေး (Subphylum) Tunicata (Urochordata) – (tunicates၊ မျိုးစိတ် ၃,၀၀၀-ခု)
ကိုးကား
- Haeckel, E. (1874). Anthropogenie oder Entwicklungsgeschichte des Menschen. Leipzig: Engelmann.
- Nielsen, C. (July 2012). "The authorship of higher chordate taxa". Zoologica Scripta 41 (4): 435–436. doi: .
- "A new vetulicolian from Australia and its bearing on the chordate affinities of an enigmatic Cambrian group" (2014). BMC Evolutionary Biology 14. doi: . PMID 25273382.
- Ruppert, E. (January 2005). "Key characters uniting hemichordates and chordates: homologies or homoplasies?". Canadian Journal of Zoology 83: 8–23. doi:. Retrieved on 2008-09-22. Archived 9 December 2012 at Archive.is
- "Evolution and Development of the Chordates: Collagen and Pharyngeal Cartilage" (March 2006). Molecular Biology and Evolution 23 (3): 541–549. doi: . PMID 16280542.
- Benton, M.J. (2004). Vertebrate Palaeontology, Third Edition. Blackwell Publishing. The classification scheme is available online Archived 19 October 2008 at the Wayback Machine.
- Benton၊ Michael J. (2014)။ Vertebrate Palaeontology (4th ed.)။ John Wiley & Sons။ ISBN 978-1-118-40764-6။
- Nelson, J. S. (2006)။ Fishes of the World (4th ed.)။ New York: John Wiley and Sons, Inc။ ISBN 978-0-471-25031-9။
- ASW Home။ American Museum of Natural History, New York။
- Reptiles face risk of extinction (15 February 2013)။
- New Study Doubles the Estimate of Bird Species in the World။ Amnh.org။ 2018-10-15 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.