သစ်သစ်မြင့်

ဒေါ်သစ်သစ်မြင့်သည် မြန်မာ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။

ဒေါ်သစ်သစ်မြင့်
ဒေါ်သစ်သစ်မြင့် ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
ယခင်လူဦးအောင်ကျော်မိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
မဲဆန္ဒနယ်တောင်ဥက္ကလာပမြို့နယ်
မဲဆန္ဒနယ် (၁)
အနိုင်ရမဲ အရေအတွက်၃၂၁၀၂ ( ၈၀.၂၇%)[1]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1957-06-14) ၁၄ ဇွန်၊ ၁၉၅၇
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အရှေ့ပိုင်းခရိုင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်
ကြင်ဖော်(များ)ဦးထွန်းဝေ (ကွယ်လွန်)
သားသမီးမခိုင်ယုဝေ
မောင်ရဲထွဋ်ဇော်
မိဘသခင်စိုးမြင့် (ဖခင်)
ဒေါ်အေးကြွယ် (မိခင်)
ပညာရေးဝိဇ္ဇာဘွဲ့ (စိတ်ပညာ)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

နိုင်ငံရေး

ဒေါ်သစ်သစ်မြင့်သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲအရေအတွက် ၃၂၁၀၂ ( ၈၀.၂၇%)[1] ရရှိခဲ့ကာ အရွေးချယ်ခံခဲ့ရသည်။[2]

မိသားစု

ဒေါ်သစ်သစ်မြင့်၏ ဖခင်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မှ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သခင်စိုးမြင့် ဖြစ်သည်။[3] သို့သော် သခင်စိုးမြင့်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ မှ ၁၉၉၀ ရွေးကောက်ပွဲတွင် အများစုအနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းခြင်း မရှိခဲ့သောကြောင့် မိမိမဲဆန္ဒနယ်တွင် တာဝန်ထမ်းဆောင်ခွင့် မရရှိခဲ့ပေ။

ကိုးကား

  1. State and Region Hluttaws Results ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီ တိုင်းဒေသကြီးလွှတ်တော် မဲရလဒ် DVB (၁၁ နိုဝင်ဘာ ၂၀၁၅)။ ၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. မိုးယံမခ (၂၃ မေ ၂၀၁၀)။ အင်န်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းစည်း – ဥက္ကဋ္ဌ၊ ပါတီခေါင်းဆောင် ဦးစိုးမြင့် ဈာပန မြင်ကွင်း မိုးမခမီဒီယာ ၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.