သတ္တသတ္တာဟ မဟာဗောဓိစေတီတော်
သတ္တသတ္တာဟ မဟာဗောဓိစေတီတော် သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥဒယရံသီကုန်းတော်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီကို ပုံတူယူကာ တည်ထားသည်။[1] စေတီတော်၏ ဉာဏ်တော်မှာ ၁၆၂ ပေ( ၄၉ မီတာ) မြင့်သည်။
သတ္တသတ္တာဟ မဟာဗောဓိစေတီတော် | |
---|---|
သတ္တသတ္တာဟ မဟာဗောဓိစေတီတော် | |
![]() | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 19.966611°N 96.150353°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒဗုဒ္ဓဘာသာ |
နိုင်ငံ | ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်မြို့၊ မြန်မာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | Naypyidaw Development Committee |
ပြီးစီး | ၂၀၁၅ |
ဘုရား၏ အဓိကရုပ်ပွားတော်၏ အနေကဇာတင်ပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။[2]
ဘုရားဝင်းတွင် ဂေါတမဗုဒ္ဓဖွားမြင်ရာနေရာ၊ ဘုရားအဖြစ်သို့ ရောက်ရှိရာနေရာ၊ တရားဦးဟောရာနေရာနှင့် ပရိနိဗ္ဗာန်ပြုရာနေရာ စသည့် သံဝေဇနိယလေးဌာန ကို အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမြော်ရန် အခက်အခဲရှိသူများအတွက် တည်ထားခဲ့သည်။[3]
ကိုးကား
- Nay Pyi Taw (in en-US)။
- "နေပြည်တော် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်၌ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ"၊ Myanmar News Agency။
- နေပြည်တော်ရှိ အထင်ကရနေရာများ (in en)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.