သန်းအေး၊ ဒေါ်
ဒေါ်သန်းအေး(ဘိလပ်ပြန် သန်း) သည် လူသိများသည့် အဆိုတော် ဖြစ်ပြီး၊ ကုလသမဂ္ဂ၌ (၂၅) နှစ်ကြာ ပထမဆုံး အမှုထမ်းသော မြန်မာအမျိုးသမီးလည်း ဖြစ်သည်။ ၂၀ရာစုနှစ်စမ်းပိုင်းကာလတွင် ဘိလပ်ပြန်သန်း အဖြစ် နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ခဲ့ပြီး၊ လူမှုဝန်ထမ်းတစ်ဦးအနေဖြင့်လည်း ကုလသမဂ္ဂတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ [2] သူသည် ဩစတီးယားလူမျိုးဖြစ်သည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဝါနာဖန်းနှင့် အိမ်ထောင်ကျခဲ့ပြီး၊ အောင်ဆန်းစုကြည်နှင့် လွန်စွာ ရင်းနှီးသူလည်းဖြစ်၊ 'စု' မိဘများ၏ မိသားစု သူငယ်ချင်းဖြစ်ခဲ့ခြင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား နယူးယောက်သို့ ပြောင်းရွှေ့နေထိုင်ကာ ကုလသမဂ္ဂတွင် အလုပ်လုပ်ကိုင်စေလိုသူလည်းဖြစ်ခဲ့သည်။[3] သန်းအေးသည် ဘပ်တစ် ခရစ်ယာန် မိသားစုသို့ မွေးဖွားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် ပညာစည်းပူးခဲ့ပြီး၊ ဆရာ၊ ဆရာမ သင်ကြားရေး ကောလိပ်တွင် တက်ရောက်ခဲ့သည်။[4]ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်များ မြန်မာနိုင်သို့ ဝင်ရောက်သိမ်းပိုက်ချိန်တွင် ဒေါသန်းအေးသည် အန္ဒိယသို့ တိမ်းရှောင်နေထိုင်ခဲ့ပြီး၊ အားလုံးအတွက် အိန္ဒိယ ရေဒီယို မြန်မာပိုင်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ ကျန်ရှိသည့် သူ့၏ ဘဝကို ပြည်ပနိုင်ငံများတွင်သာ ကုန်ဆုံးခဲ့သည်။[4]၂၀၀၇ ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် အောက်စ်ဖို့ဒ်ရှိ သူ၏ ပင်ဆင်စားနေအိမ်၌ပင် ကွယ်လွန်ခဲ့သည်။[5]
မသန်းအေး Than E | |
---|---|
![]() မသန်းအေး (ဘယ်) နှင့် စာရေးဆရာမ မိမိခိုင် | |
မွေးဖွား | ဒိုရာသန်းအေး ၁၆ ဖေဖော်ဝါရီ၊ ၁၉၀၈[1] ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
ကွယ်လွန် | ၁၇ ဇွန်၊ ၂၀၀၇ ၉၉) အောက်စဖို့မြို့၊ ယူနိုက်တက်ကင်းဒမ်း | (အသက်
အခြား အမည်များ | ဘိလပ်ပြန်သန်း |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း လန်ဒန်တက္ကသိုလ် |
အလုပ်အကိုင် | လူမှုဝန်ထမ်း၊ အသံလွှင့်သူ၊ ပညာရေးဆရာမ၊ အဆိုတော် |
အိမ်ထောင်ဖက်(များ) | Warner Fend |
ဘဝအစ
ဒေါ်သန်းအေးကို ရန်ကုန်မြို့၌ မိဘများဖြစ်သူ ဦးပိုမြ နှင့် ဒေါ်ထူးတို့မှ မွေးဖွားခဲ့သည်။ ဖခင်သည် ဥရောပကုန်သွယ်ရေး ကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်ခဲ့ပြီး၊ မြန်မာစာနှင့် ပါလိဘာသာရပ်ကို အမှတ်(၆)ဗိုလ်တထောင် စိန့်ပေါ အမျိုးသားကျောင်းတွင် ဆက်လက် သင်ကြားပို့ချခဲ့သည်။ ထို့အပြင် အင်္ဂလိပ်လူမျိုးများ မြန်မာနိုင်ငံတွင် မြန်မာ့အစိုးရနှင့် ဆက်သွယ်ရန် သို့မဟုတ် စီးပွားရေးလုပ်ကိုင်နိုင်ရန် မြန်မာစာတတ်မြောက်ကြောင်း အောင်လက်မှတ်ပြသနိုင်ရန်အတွက်လည်း သင်ကြားမှုများပို့ချခဲ့သည်။
ကိုးကား
- Kyaw Win။ "Visit with Bros Charles and Felix, July 2007 revised 8 Dec 07"၊ Brothersoldboys၊ 3 December 2007။ 21 September 2012 တွင် ပြန်စစ်ပြီး။
- Aung San Suu Kyi (2010)။ Michael Aris (ed.)။ Freedom from Fear: And Other Writings။ Penguin။ ISBN 9781101564004။
- Popham၊ Peter (2012)။ The Lady and the Peacock: The Life of Aung San Suu Kyi။ Workman Publishing။ ISBN 9781615190645။
- Wintle၊ Justin (2007)။ Perfect Hostage။ Skyhorse Publishing။ pp. 200–201။ ISBN 9781602392663။
- Kyi May Kaung။ "Daw Than E- Burmese woman for all seasons"၊ Mizzima၊ 19 June 2007။ 21 September 2012 တွင် ပြန်စစ်ပြီး။