သမ္မာဒိဋ္ဌိသုတ်

သမ္မာဒိဋ္ဌိသုတ် သည် သမ္မာဒိဋ္ဌိ၏ အနက်သဘောကို မှန်ကန်စွာထုတ်ဖော်ပြသောသုတ် ဖြစ်သည်။ ဘုရားမြတ်စွာ၏ တပည့်သားရဟန်းများသည် သမ္မာဒိဋ္ဌိရဘို့ အရေးကြီး၏။ သမ္မာဒိဋ္ဌိဟူသည် အဆိုးအကောင်းကို အခြေခံ အမြစ်အရင်းနှင့်တကွ နားလည်သိမြင်ခြင်းပင် ဖြစ်သည်။ အဆိုးနှင့်အကောင်း သုံးမျိုးရှိသည်။ ၎င်းတို့ကား (၁)ကာယကံ=ကိုယ်မှု၊ (၂)ဝစီကံ=နှုတ်မှု၊ (၃)မနောကံ=စိတ်မှု ဖြစ်၏။ အဆိုး၏ အခြေခံအရင်းအမြစ်မှာ လောဘ၊ ဒေါသ၊ မောဟတို့ ဖြစ်ကြ၍ အကောင်း၏ အခြေခံ အရင်းအမြစ်မှာကား အလောဘ၊ အဒေါသ၊ အမောဟတို့အပြင် သစ္စာလေးပါးကို ကောင်းစွာသိမြင်ခြင်းနှင့် သဿတဝါဒနှင့် အတ္တဝါဒစွဲတို့မှ ကင်းခြင်းပင်တည်းဟု ဤသုတ်တွင် ဖော်ပြတော်မူခဲ့သည်။[1]

ကိုးကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.