သာသနာ သက္ကရာဇ်

ဂေါတမမြတ်စွာဘုရားရှင်၏ ဘိုးတော် (သီရိမဟာ မာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅)ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီးလျှင် တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ်တစ်ခု ထားလေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလိုဖြစ်သည်။ အဉ္ဇနသက္ကရာဇ် အတွင်းမှာပင် ဂေါတမဘုရားရှင် သည် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါသည်။ ထိုနှစ်မှာပင် ဝါခေါင်လ မှ စ၍ ပထမ သင်္ဂါယနာ တင်ရာ ၇- လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ် ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ် (သာသနာသက္ကရာဇ်) ၁- ခုနှစ် ဟု သတ်မှတ်ခဲ့သည်။

သာသနာနှစ် သိလိုပါက ကောဇာ သက္ကရာဇ် ကို (၁၁၈၂)နှစ်နှင့် ထည့်ပေါင်းလျှင် သာသနာနှစ် အမှန် ဖြစ်ပေသည်။ လက်ရှိ ခရစ်နှစ် က ၅၄၃ ပေါင်းပါက သာသနာနှစ် ကို ရမည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.