သားငယ်

သားငယ် (၂၃ မတ် ၁၉၉၂ မွေးဖွား) သည် ရခိုင်လူမျိုး မြန်မာနိုင်ငံသား တစ်ဦးဖြစ်ပြီး မြန်မာအိုင်ဒေါလ် ရာသီ ၂ မှ အနိုင်ရရှိသော အဆိုတော်တစ်ဦးဖြစ်သည်။ နာမည်အရင်းမှာ ဇော်ဝင်းထွန်းဖြစ်ပြီး ၁၉၉၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ [1][2][3][4][5][6]

သားငယ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဇော်ဝင်းထွန်း
မွေးဖွား (၁၉၉၂-၀၃-၂၃) ၂၃ မတ်၊ ၁၉၉၂
မာန်အောင်ကျွန်းရခိုင်ပြည်နယ်မြန်မာနိုင်ငံ
ဂီတဟန်Hard rock, heavy metal, soft rock, pop
အလုပ်အကိုင်အဆိုတော်
တက်ကြွသည့်နှစ်များ၂၀၁၆–ယခုထိ

ငယ်ဘဝနှင့်အနုပညာလုပ်ငန်းများ

သားငယ်ကို ၂၃ မတ် ၁၉၉၂ တွင် မာန်အောင်ကျွန်းရခိုင်ပြည်နယ် တွင် မွေးဖွားခဲ့ပြီး ရခိုင်တိုင်းရင်းသား ဖြစ်သည်။ သူသည် မြန်မာ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ၏ ဒုတိယရာသီတွင် မန္တလေးမြို့အသံစစ်ဆေးမှုတွင် "ဘာလိုနေသေးလဲ" သီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းနောက် မြန်မာအိုင်ဒေါပြိုင်ပွဲတွင် အပတ်စဉ်အဆက်ဆက် ယှဉ်ပြိုင်လာရာ Top 2 (Grand Final) အဆင့်သို့ ပြိုင်ပွဲဝင် ဘီလီလမင်းအေး နှင့်အတူ တက်ရောက်နိုင်ခဲ့သည်။[7][8]ယခုလက်ရှိတွင် သားငယ်သည် ဇနီးနှင့်အတူပြင်ဦးလွင်မြို့တွင် နေထိုင်သည်။ အသက်မွေးဝမ်းကြောင်းအဖြစ် အကြော်ရောင်းသည်။ သူသည် မြန်မာအိုင်ဒေါလ်တွင် မပြိုင်မီအချိန်မှ winner ဖြစ်ပြီးသည်အထိ အကြော်သည်အဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိပြီး အနုပညာနှင့် သီချင်းဆိုသောအလုပ်ကိုလည်း အဓိကထား လုပ်ကိုင်သည်။[9][10]မြန်မာအိုင်ဒေါလ် ဖိုင်နယ်ပွဲတွင် သားငယ်သည် "ဇာတ်တော်ထဲမှာအလွမ်းဆုံး"၊ "လမ်းခွဲ"နှင့် "လမ်းကလေး" သုံးပုဒ်ဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံး၏မဲပေးမှု ရလဒ်အရ သားငယ်သည် အနိုင်ရရှိပြီး Myanmar Idol ဒုတိယရာသီ၏ အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။[11]သားငယ်၏ ပွဲဦးထွက်တစ်ကိုယ်တော်အခွေကို လမ်းကလေးဟု အမည်ပေးထားကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ ဖြန့်ချိခဲ့သည်။ အခွေတွင် တေးသီချင်းစုစုပေါင်း ၁၄ ပုဒ်ပါဝင်သည်။[12][13]

သားငယ်၏ ပြိုင်ပွဲဝင်တေးသီချင်းများ

ပြိုင်ပွဲအပတ်စဉ်သီချင်းမှတ်ချက်
Top 10အိမ် (First Live)
Top 9?? (1990' week)
Top 8Duet with Mai Mai Seng (Duet week)
Top 7+1 (save)စီးကရက်မီးခိုးငွေ့များ (Back to Rock week)
Top 6မမမိုး (Win Oo's week)
Top 5မိတ်ကပ်မကြိုက်သောသီချင်းများ (No.1 Hits song week)
Top 4အမုန်းမြို့ရဲ့အဝေး (Blues Music week)
Top 3ပဲ့ကိုင် (Encourage Music week)
Top 2 Grand Final(၁) ဇာတ်တော်ထဲမှာ အလွမ်းဆုံးကိုယ်တိုင်ရွေးချယ်သော သီချင်း
(၂) လမ်းခွဲဒိုင်လူကြီးများ ရွေးချယ်သော သီချင်း
(၃) လမ်းကလေးWinner Song

ကိုးကား

  1. YouTube Myanmar Idol Season2 Winner = Thar Nge
  2. "Thar Nge and Billy Lamin Aye Interview သားငယ်နဲ့ဘီလီလမင်းအေး အင်တာဗျူး" (in my)၊ 8day Journal၊ 2017-03-23 16 August 2017 တွင် ပြန်စစ်ပြီး Archived from the original on 16 August 2017။
  3. "Myanmar Idol winner to be announced on March 25" (in en)၊ Eleven Media Group၊ 2017-03-20 16 August 2017 တွင် ပြန်စစ်ပြီး Archived from the original on 16 August 2017။
  4. "Myanmar’s population has been riveted by the latest season of Myanmar Idol" (in en)၊ Frontier Myanmar၊ 2017-03-30။
  5. "Myanmar Idol Season-2 Winner" (in en)၊ The Chin Land Post 16 August 2017 တွင် ပြန်စစ်ပြီး Archived from the original on 16 August 2017။
  6. "Crown Magazine interview with Thar Nge"၊ Crown Magazine၊ 2017-06-15 16 August 2017 တွင် ပြန်စစ်ပြီး Archived from the original on 16 August 2017။
  7. "နေတိုးမှသည် သားငယ်ဆီသို့ ဝတီ မေဃ လှပဋ္ဌာနေ မာန်အောင်မြေ" (in my)၊ Sunthit Myanmar၊ 2017-03-30။
  8. "Myanmar Idol သားငယ် သို့မဟုတ် “ဝ” ရှိသော လူငယ်လေး" (in my)၊ Sunthit Myanmar၊ 2017-03-26 16 August 2017 တွင် ပြန်စစ်ပြီး Archived from the original on 16 August 2017။
  9. "ကျန်တဲ့ဆိုင်တွေကိုလည်း မျှပြီးအားပေးကြပါလို့ ပရိုမိုးရှင်းဆင်းခဲ့တဲ့ -အကြော်သည် သားငယ်" (in my)၊ Sunday Journal၊ 2017-08-11 16 August 2017 တွင် ပြန်စစ်ပြီး Archived from the original on 16 August 2017။
  10. Auntymay Team ဇနီးသည်နဲ့အတူ ပျော်ပျော်ကြီး အကြော်ကြော်နေတဲ့ သားငယ်
  11. "Myanmar Idol Season 2 ရဲ့winner သားငယ်ရရှိ" (in my)၊ MCN TV
  12. "Myanmar Idol Season 2 Winner သားငယ်၏ Solo Album အတွက် ကိုယ်ပိုင်သံစဉ် သီချင်းများ ပေးပို့ရန် ဖိတ်ခေါ်" (in my)၊ Yangon Media၊ 2017-05-08။
  13. "မြန်မာအိုင်ဒေါလ် အဆိုရှင် သားငယ် တစ်ကိုယ်တော် အခွေ မကြာခင်ထွက်ရှိမည်" (in my)၊ Kumudra Journal၊ 2017-07-23။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.