သုပ္ပိယာ

သုပ္ပိယာ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် သူနာကို ပြုစုရာတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရ ဥပါသိကာမ ဖြစ်၏။ သုပ္ပိယာသည် ဗာရာဏသီ ပြည်သူ သူဌေးသမီး ဖြစ်၏။[1]

ရဟန်းအား ပြုစုခြင်း

သုပ္ပိယာသည် ပထမဆုံးအကြိမ် မြတ်စွာဘုရားနှင့်တွေ့ကာ တရားနာသည်နှင့် သောတာပန် ဖြစ်လေ၏။ တစ်နေ့သောအခါ သုပ္ပိယာသည် မိဂဒါဝုန်ကျောင်းအတွင်း လှည့်လည်သောအခါ ဝမ်းလျှောနေသည့် ရဟန်းကို တွေ့၏။ ထို မကျန်းမာသော ရဟန်းကို ပြုစုရန် လိုအပ်သော ပံ့သကူသားကို အစေအပါးကို ရှာခိုင်းလေသည်။ အသားမရသည့်အခါ မိမိ၏ ပေါင်သားကို လှီးကာ အသားဟင်းရည် ပြုလုပ်၍ ကပ်စေ၏။[1]

ဧတဒဂ် ရခြင်း

ထိုအကြောင်းကို မြတ်စွာဘုရား သိလေသောအခါ သုပ္ပိယာထံသို့ ရဟန်းတော်များနှင့်အတူ ကြွလေ၏။ မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ သုပ္ပိယာ၏ ဒဏ်ရာသည် အကောင်းပကတိ ဖြစ်သွား၏။ မြတ်စွာဘုရားသည် ငါဘုရား၏ တပည့်ဥပါသိကာတို့တွင် သုပ္ပိယာသည် ဂိလာနရဟန်းတို့ကို ပြုစုရာတွင် အသာဆုံး အမြတ်ဆုံး ဖြစ်သည်ဟု မိန့်ကာ ဧတဒဂ် ပေးတော်မူ၏။[1]

ကိုးကား

  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၆၀၆၊ ၆၀၇။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.