သုဿာန်ဓုတင်

သုဿာန်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ သုဿာန်ဓုတင် ဆောက်တည်မည့်ရဟန်းသည် သန်းခေါင်ယံပတ်လုံး သုဿာန်နေ၍ မိုးသောက်ယံ၍ သုဿာန်မှ ထွက်သင့်သည်ဟု အင်္ဂုတ္တိုရ်ဆောင်မထေရ်များက ဆိုကြသည်။

ဤတွင် လူတို့က သုဿာန်ဟု သတ်မှတ်ထားသော်လည်း လူသေအလောင်း မဖုတ်၊ မချ၊ မမြှုပ်၊ မရှို့ရသေးလျှင် သုဿာန်မမည်ပေ။[1]

ဆောက်တည်ပုံ

သုဿာန်ဓုတင်ဆောက်တည်မည့် ရဟန်းသည် သံဃာများ၏ အကြီးအမှူးမထေရ်ကြီးနှင့် သက်ဆိုင်ရာ နယ်မြေအာဏာပိုင်တို့ကို ကြိုတင်အကြောင်းကြားပြီးနောက် သုဿာန်သို့ မိမိသွားမည့်လမ်းတွင် ရှိသော သစ်ပင်၊ သစ်ငုတ်၊ ချုံပုတ်၊ တောင်ပို့ စသည်တို့ကို နေ့အခါကပင် သွားရောက်ကြည့်ရှု၍ ကောင်းစွာ မှတ်သားရမည်။

ဘီလူး စသည်တို့ နှစ်သက်တတ်သော နှမ်းထောင်း၊ ပဲထမင်း၊ ငါး၊ အမဲ၊ နို့ရည်၊ ဆီ၊ တင်လဲ စသည့် ခဲဖွယ်၊ စားဖွယ်တို့ကို မမှီဝဲ မသုံးဆောင်ရပေ။

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “ နသုသာနံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “ သုသာန်မဟုတ်သော အရပ်ကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “ သောသာနိကင်္ဂံ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “ သုသာန်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[1]

ဓုတင် ပျက်စီးခြင်း

သုဿာန်မဟုတ်သော အရပ်၌နေလျှင် သုဿာန်ဓုတင် ပျက်၏။ သုဿာန်သို့ မသွားသောနေ့၌ ဓုတင်ပျက်သည်ဟု အင်္ဂုတ္တိုရ်ဆောက် ရဟန်းများက ဆိုကြသည်။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[1]

ကိုးကား

  1. ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.