သောင်ရင်းမြစ်

သောင်ရင်းမြစ် (ကရင်: သူမွဲကျိ ) သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားတွင် ဖြတ်သန်းစီးဆင်းသော မြစ်တစ်စင်းဖြစ်သည်။ ထိုင်းအခေါ်အားဖြင့် မူဟ်မြစ် (မိုအိမြစ်)ဟု လူသိများသည်။[1] သောင်ရင်းမြစ်သည် ထိုင်းနိုင်ငံဖွတ်ဖလခရိုင်မှ မြောက်၊ အနောက်မြောက်အရပ်သို့ ဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံဘားအံခရိုင် နှင့် ထိုင်းနိုင်ငံ ဆွတ်မူဟ်ခရိုင်အနီးတွင် သံလွင်မြစ်အတွင်းစီးဝင်သွားသည်။ သောင်ရင်းမြစ်သည် ၃၂၇ ကီလိုမီတာ (၂၀၃ မိုင်) ရှည်လျားပြီး ငါးမျိုးစိတ်များစွာကိုလည်း မြင်ရလေ့ရှိသည်။

ကိုးကား

  1. နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှု 26 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ မတ် ၂၀၁၅ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.