သံကူကွန်ကရစ်

သံကူကွန်ကရစ်ဆိုသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရသော လုပ်ငန်းဖြစ်သည်။ သံကူကွန်ကရစ်၏ အခြေခံသဘောတရားမှာ ဆွဲဆန့်အားကို ခံနိုင်သော သံချောင်းနှင့် ဖိနှိပ်အားကို ခံနိုင်သော ဘိလပ်မြေကွန်ကရစ်တို့ကို ပေါင်းစပ်အသုံးပြုခြင်းပင် ဖြစ်ပါသည်။ တည်ဆောက်ရေးလုပ်ငန်းများတွင် သံကူကွန်ကရစ်လုပ်ငန်းသည် အရေးပါသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ သံကူကွန်ကရစ်လုပ်ငန်းတစ်ခုတွင် ပါဝင်ရသည့် သံချောင်းအရွယ်အစား၊ အရေအတွက်နှင့် အကွေးပုံသဏ္ဌာန်အမျိုးမျိုးတို့ကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ပုံထုတ်အင်ဂျင်နီယာများက တွက်ချက်ပုံထုတ်ပေးရသည်။ ထုတ်ပေးသော ပုံစံအတိုင်း မှန်ကန်တိကျစွာ လုပ်နိုင်ရန်အတွက် သံချီသံကွေးပညာတတ်သော အလုပ်သမားများလိုအပ်ပေသည်။ သံကူကွန်ကရစ် လုပ်ငန်းတွင် -

  1. မြေတူးလုပ်သားများ၊
  2. ပန်းရံလုပ်သားများ၊
  3. လက်သမားများ
  4. သံချီသံကွေးလုပ်သားများ လိုအပ်ပေသည်။

[1]

ကိုးကား

  1. သံချီသံကွေးသင်တန်းမှတ်စု
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.