သံချီသံကွေးပညာ
သံချီသံကွေးပညာသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရေးပါသော သံကူကွန်ကရစ်လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော ပညာရပ် ဖြစ်သည်။ လုပ်ငန်းလိုအပ်ချက်အရ အင်ဂျင်နီယာမှ တွက်ချက်ထုတ်ပေးသော ပုံစံကို သံချောင်းအရွယ်အစားတို့ဖြင့် သံကွေးခြင်း၊ သံချီခြင်းလုပ်ငန်းကို ခေါ်ဆိုသည်။ သံချီသံကွေး အတတ်ပညာသည်များသည် အောက်ဖော်ပြပါ လက်သုံးကိရိယာများကို အသုံးပြုကြရသည်။
- ပေတံ
- မီတာတံ
- ပေကြိုးဘူး
- သံချီပလာယာ
- ဂျက်လိမ်ကောက်
- ပတ်ကိုက်ငယ်နိုင်
- ပါးစပ်ကိုက်ငယ်နိုင်
- ဟင်ဂလန်ကိုက်ငယ်နိုင်
- ပူလီခုံ
- ချိန်သီး
- မျဉ်းကြိုး
- မြေဖြူ/ကန့်ကူဆံ
- ဖြတ်စို့
- လက်ဖြတ်ကတ်ကျေး
- မောင်းဆွဲကတ်ကျေး
- သံဖြတ်ဒိုင်းလွှ
- တူ
- သံကွေးခုံ
- သံကျင်တွယ်
- မတ်တတ်လွန် တို့ဖြစ်သည်။[1]
ကိုးကား
- သံချီသံကွေးသင်တန်းမှတ်စု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ သုဝဏ္ဏမြို့။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.