သွပ်

သွပ် (အင်္ဂလိပ်: Zinc) သည် သတ္တုဒြပ်စင် တစ်မျိုးဖြစ်ပြီး အက်တမ်အမှတ်စဉ်မှာ ၃၀ ဖြစ်ကာ ယင်း၏ ဓာတုဗေဒ သင်္ကေတမှာ Zn ဖြစ်သည်။ သွပ်သည် ဓာတု ဂုဏ်သတ္တိများအရ မဂ္ဂနီဆီယမ်နှင့် ဆင်တူသည်။ အကြောင်းမှာ ယင်းတို့၏ အိုင်ယွန်း (ion - အီလက်ထရွန် အရေအတွက် လျော့နေသော အက်တမ်) များမှာ အရွယ်တူနီးပါးရှိကာ များသောအားဖြင့် အောက်ဆိုဒ် ဒြပ်ပေါင်းများတွင် +2 အဖြစ်တွေ့ရှိရသောကြောင့် ဖြစ်သည်။ ကမ္ဘာ့ အပေါ်ယံမြေလွှာတွင် သွပ်သည် နံပတ် ၂၄ မြောက် အများဆုံး တွေ့ရသည့် ဒြပ်စင်ဖြစ်ပြီး တည်ငြိမ်သည့် အိုင်ဆိုတုပ် ၅ မျိုးရှိသည်။ သွပ်သတ္တုရိုင်းများအနက် ဇင့်ခ်ဆာလဖိုဒ် (zinc sulfide) တစ်မျိုးဖြစ်သည့် Sphalerite မှာ အသုံးအဝင်ဆုံး ဖြစ်သည်။ အကြီးမားဆုံးသော သွပ်သတ္တုတွင်းများကို ဩစတြေးလျအာရှနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် တွေ့ရှိရသည်။

သွပ်,  30Zn
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတသွပ်, Zn
အသံထွက်/ˈzɪŋk/
ZINGK
အဆင်းsilver-gray
ဒြပ်စင်အလှည့်ကျဇယားရှိ သွပ်


Zn

Cd
ကြေးနီသွပ်ဂဲလီယမ်
အက်တမ် အမှတ်စဉ် (Z)30
အုပ်စုဘလော့group 12, d-block
ဒြပ်စင်အလှည့်ကျဇယားperiod 4
ဒြပ်စင် ကဏ္ဍ  transition metal, alternatively considered a post-transition metal
စံ အက်တောမစ် အလေးချိန် (±) (Ar)65.38(2)[1]
အီလက်ထရွန် ပြုပြင်မှု[Ar] 3d10 4s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်692.68 K (419.53 °C, 787.15 °F)
အရည်ဆူမှတ်1180 K (907 °C, 1665 °F)
သိပ်သည်းမှု (အခန်းအပူချိန်)7.14 g/cm3
6.57 g/cm3
ဖျူးရှင်းအပူ7.32 kJ/mol
အငွေ့ပျံခြင်း အပူ115 kJ/mol
မိုလာ အပူအင်အား25.470 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 610 670 750 852 990 1179
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ-2, 0, +1, +2 (an amphoteric oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.65
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 906.4 kJ/mol
2nd: 1733.3 kJ/mol
3rd: 3833 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 134 pm
ကိုဗေးလန့်အချင်းဝက်122±4 pm
ဗန်ဒါဝေါ့စ် အချင်းဝက်139 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal close-packed (hcp)
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း3850 m/s (at r.t.) (rolled)
အပူ ပြန့်ကားမှု30.2 µm/(m·K) (at 25 °C)
အပူစီးကူးမှု116 W/(m·K)
လျှပ်စစ် ခုခံမှု59.0 nΩ·m (at 20 °C)
သံလိုက်ဓာတ်diamagnetism
သံလိုက် ထိတွေ့နိုင်မှု (χmol)11.4·10−6 cm3/mol (298 K)[2]
Young's modulus108 GPa
Shear modulus43 GPa
Bulk modulus70 GPa
ပိုင်ဆွန် အချိုး0.25
Mohs hardness2.5
Brinell hardness327–412 MPa
CAS Number7440-66-6
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုIndian metallurgists (before 1000 BCE)
ပထမဆုံး ခွဲထုတ်မှုAndreas Sigismund Marggraf (1746)
Recognized as a unique metal byRasaratna Samuccaya (800)
Most stable isotopes of သွပ်
iso NA သက်တမ်းဝက် DM DE (MeV) DP
64Zn 49.2% is stable with 34 neutrons
65Zn syn 244 d ε 1.3519 65Cu
γ 1.1155
66Zn 27.7% is stable with 36 neutrons
67Zn 4.0% is stable with 37 neutrons
68Zn 18.5% is stable with 38 neutrons
69Zn syn 56 min β 0.906 69Ga
69mZn syn 13.8 h β 0.906 69Ga
70Zn 0.6% is stable with 40 neutrons
71Zn syn 2.4 min β 2.82 71Ga
71mZn syn 4 d β 2.82 71Ga
72Zn syn 46.5 h β 0.458 72Ga

သွပ်နှင့် ကြေးနီ ရောစပ်ထားသော သတ္တုစပ် ကြေးဝါကို အစောဆုံး ဘီစီ ၁၀ ရာစုနှစ်မှ စ၍ အသုံးပြုခဲ့ကြသည်။ သန့်စင်သော သွပ်ကို ၁၃ ရာစုနှစ်ရောက်မှသာ အိန္ဒိယတွင် ထုတ်လုပ်နိုင်သည်။ ဥရောပသားများသည် ၁၆ ရာစုနှစ်ရောက်မှသာ သွပ်ကို သိရှိကြသည်။ အဂ္ဂိရတ်ဆရာများသည် ‘ဖြူစင်သောနှင်း’ (white snow) ဟုခေါ်သည့် ဇင့်ခ်အောက်ဆိုဒ် ရရှိရန် သွပ်ကို လေထဲတွင် မီးရှို့ကြသည်။

သွပ်ကို သံကြေးမတက်လွယ်သည့် သံမဏိ ထုတ်လုပ်ရာတွင် အများဆုံး အသုံးပြုကြသည်။ သွပ်သည်လည်း လူ့ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် တွင်းထွက်ပစ္စည်း တစ်မျိုးဖြစ်သည်။[3] ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူဦးရေ ၂ သန်းခန့်သည် ဇင့်ခ်ချို့တဲ့မှု ခံစားနေရပြီး ရောဂါ အတော်များများသည် ဇင့်ခ်ချို့တဲ့မှုကြောင့် ဖြစ်သည်။[4]ကလေးသူငယ်များတွင် ကြီးထွားမှု နှောင့်နှေးခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်စေနိုင်သည်။ ဇင့်ခ်ချို့တဲ့မှုကြောင့် နှစ်စဉ် ကလေးဦးရေ ၈ သိန်းခန့် အသက်ဆုံးရှုံးရသည်။

သွပ်

သွပ်ကိုလူတိုင်းပင်ကြားဖူးမြင်ဖူး ကြပေသည်။ သို့သော် ကြားဖူးမြင်ဖူးကြသလောက် သွပ်အကြောင်းကို သေသေချာချာသိရှိသူနည်းပါးလှ၏။ သွပ်စစ်စစ်သည် ဖြူပြာပြာအဆင်းရှိ၍ မျက်နှာပြင် တောက်ပသောသတ္တုတစ်မျိုးဖြစ်၏။ သွပ်သည်ဆတ်၍ ချိုးဖဲ့လိုက်သည့် အခါတောက် ပသောအပိုင်းအစများကို ရရှိသည်။ သွပ်ကိုမီးပြင်းတိုက်၍ ကျိုလိုက်သောအခါ ၇၈၈ ဒီဂရီဖာရင် ဟိုက်အပူချိန်တွင် အရည်ပျော်၍အပူချိန် ၁၇ဝ၆ ဒီဂရီဖာရင်ဟိုက်တွင်ဆူပွက်၏။ သွပ်ကိုသယံဇာတအဖြစ်ဖြင့် တူးဖေါ်၍မရနိုင်သော်လည်း သွပ်သတ္တုရိုင်းများဖြစ်သော ဇင့်ကိုက်နှင့် ဖရန်ကလင် နိုက်ခေါ် ဇင့်အောက်ဆိုက်များ၊ ကယ်လမိုင်းခေါ်ဇင့်ကာဗွန်နိတ်နှင့် ဇင့်ဗလင်းခေါ် ဇင့်ဆာလဖိုဒ် စ‌သောဒြဗ်ပေါင်းတို့မှအမြောက်အမြားထုတ်ယူရရှိလသည်။

ရောင်းချရန်သွပ်ကို သတ္တုရိုင်းများမှ အမြောက်အမြား ထုတ်ယူပုံမှာ ပထမဗင့်ကာဗွန်နိတ် (Zn*FU3)ကိုဖြစ်စေ၊ ဇင့်ဆာလဖိုဒ် (ZnS) ကိုဖြစ်စေ၊ ဒယ်တွင်ထည့်၍ မီးပြင်းတိုက်ကာလှော်ပေး၏။ ထိုသို့လှော်ပေးသောအခါ သွပ်သတ္တုရိုင်းသည် ဇင့်အောက်ဆိုက်အဖြစ်သို့ ပြောင်းလဲ သွား၏။ ဇင့်ကာဗွန်နိတ် ဇင့်အောက်ဆိုက်ဏကာဗွန်ဒိုင်အောက်ဆိုက် ရရှိသောဇင့်အောက်ဆိုက် (ZnU) မှုန့်များကို မီးသင်းပြီး ကျောက်မီးသွေးမှုန်များနှင့်ရော၍မီး ခံရွှံ့စေးဖြင့်ပြုလုပ်ထားသော ပေါင်းအိုးတွင်ထည့်ပြီးလျှင် ရဲလာအောင်မီးပြင်းတိုက်ပေးရ၏။ ထိုအခါ ဇင့်အောက်ဆိုက်မှ အောက်ဆီဂျင်နှင့်ကာဗွန်တို့ ပေါင်းစပ်ပြီးလျှင် ကာဗွန်မွန်အောက်ဆိုက် (*Fo) ဓာတ်ငွေ့အဖြစ်ဖြင့် ထွက်သွားသည့်အတွက် သွပ်သက်သက်သာကျန်နေခဲ့၏။ ထို ကျန်နေသောသွပ်သည် အငွေ့အဖြစ်ဖြင့် ထွက်လာသဖြင့် ပေါင်းချွေးခံနည်းဖြင့် ခံယူလိုက်သည်တွင်သွပ်အတုံးများကို ရရှိသည်။ ဇင့်အောက်ဆိုက် ကာဗွန်မွန်အောက်ဆိုက် သွပ်အကြီးအကျယ်ထွက်သောနိုင်ငံများမှာ ဂျာမနီ၊ ဩစတြေးလီးယား၊ ဆာဒင်းနီးယား၊ ပြင်သစ်၊ ကနေဒါ၊ ပိုလန်၊ ဗဲလဂျီယမ်နှင့်အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌လည်း ဘော်တွင်းမှ အနည်းအကျဉ်းထွက်၏။ သွပ်သည်လေထဲတွင်လည်းကောင်း၊ ရေထဲတွင်လည်းကောင်း ချေး မတက်နိုင်သောကြောင့် သံပြားများ သံချေးမတက်နိုင်စေခြင်းငှာ သွပ်ရည်ကို သုတ်လိမ်းထားပေးရ၏။ သွပ်ရည် သုတ်လိမ်းပုံမှာ သံပြားများကို အရည်ကျိုထားသောသွပ်ရည်ထဲသို့ နှစ်လိုက်ပြီးနောက် ပြန်ဆွဲတင်ယူလိုက်ရ၏။ လျှပ်စစ် ဓာတ်အိုးများတွင်လည်းကောင်း၊ ဓာတ်ပုံ ဗလောက် များတွင်လည်းကောင်း၊ သတ္တုများ သွန်းရာတွင်လည်းကောင်း သွပ်ကိုများစွာအသုံးပြုကြ၏။ သွပ်နှင့်ကြေးနီ ရောစပ်ထားသောဗရပ်ခေါ် ကြေးဝါသတ္တုစပ်သည် အလွန်အသုံးဝင်၏။ အခြားသွပ်ပါသော သတ္တုစပ်တစ်မျိုးမှာ ဂျာမန်ငွေ (ကြေးနီ၊ သွပ်နှင့်နစ်ကယ်)တို့ ဖြစ်၏။ ရွှေနှင့်ငွေတို့ကို သတ္တုရိုင်းများမှထုတ်ယူရာ၌လည်း သွပ်ကိုအသုံးပြုကြသေး၏။ ဇင့်ကာဗွန်နိတ်၊ ဇင့်အက်ဆီတိတ်၊ ဇင့်စတီရာရိတ်စသောသွပ်ဒြဗ်ပေါင်းများသည် ဘယဆေးများ ဖေါ်စပ် လုပ်ကိုင်ရာ၌အသုံးကျ၏။ သွပ်နှင့်ကြေးနီ ရောစပ်ထားသော ကြေးဝါသတ္တုစပ်ကို ယမ်းတောင့်များ၊ ဗုံးခွံများနှင့်အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများပြုလုပ်ရာ၌ များစွာအသုံးပြုကြသည့်ပြင် သိပ္ပံကိရိယာတန် ဆာပလာများပြုလုပ်ရာ၌ လည်းအသုံးပြုကြ၏။ ထိုကြောင့် စစ်အတွင်းတွင် သွပ်ကို အတိုင်းတိုင်းအပြည်ပြည်များမှ များစွာစုဆောင်းသိုလှောင်ထားကြရလေသည်။ သွပ်ကို အလယ်ခေတ်လောက်တွင် ဂျော့ဂျီယပ်အဂရစ်ကိုလာ အမည်ရှိအဂ္ဂိရတ်ဆရာကြီးတစ် ဦးကသတ္တုရိုင်းများကိုဖိုကြီးများတွင်ထည့်၍ ကျိုရာမှ ပထမစတင်တွေ့ရှိလေသည်။ ထိုအချိန်မှစ၍ ဓားလှံစသော လက်နက်များ၊ စစ်သည်တော်များနှင့်သူရဲကောင်းများ တပ်ဆင် ကြသည့် ကကြိုးတန် ဆာများပြုလုပ်ရာတွင် သွပ်ကို အသုံးပြုခဲ့ကြလေသည်။ ဈေးဆိုင်များတွင် ရောင်းချသော သွပ်မှာသွပ် စစ်စစ်မဟုတ်ချေ။ သံ၊ ခဲ၊ စိန်ဖြူ၊ ကာဗွန်စသောပစ္စည်းများ အနည်းအကျဉ်းပါဝင်လျက်ရှိ၏။ သွပ်စစ်စစ်ကိုလိုသော် ဇင့်ဆာလဖိတ်ရည်ကို လျှပ်စစ်ဓာတ် ခွဲနည်းဖြင့် ထုတ်ယူနိုင်လေသည်။ [5]

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  3. Hambidge, K. M. and Krebs, N. F. (2007), "Zinc deficiency: a special challenge", J. Nutr. 137 (4): 1101
  4. Prasad, A. S. (2003), "Zinc deficiency", British Medical Journal 326 (7386): 409
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.