ဟေးဒီးစ်

ဟေးဒီးစ်နတ်မင်း (/ˈhdz/; ရှေးဟောင်းဂရိ: ᾍδης သို့မဟုတ် Άͅδης, Háidēs)သည် ရှေးဂရိဒဏ္ဍာရီလာ နတ်ဘုရားများအနက်မှ မြေအောက်ကမ္ဘာကို အစိုးရသော နတ်မင်းဖြစ်သည်။ သူ၏ညီအကိုများဖြစ်သော ဇုစ်ပိုဆိုက်ဒန် တို့နှင့်ပေါင်းပြီး ဖခင် ခရိုနပ်စ် ဆီမှ ထီးနန်းသိမ်းယူပြီး ဇူးစ်ကို နန်းတင်ခဲ့ပြီး ကောင်းကင်ကို အုပ်ချုပ်စေသည်။ ပိုဆိုက်ဒန်ကို ပင်လယ်ပေးကာ ဟေးဒီးစ်က မြေအောက်ကမ္ဘာကို အုပ်ချုပ်သည်။ ဟေးဒီးစ်ကို အနုပညာလက်ရာများတွင် အသက်အရွယ်ရသော အမျိုးသားပုံစံဖြင့် သရုပ်ဖော်ပြီး နံဘေးတွင် ခေါင်းသုံးလုံးနှင့် အစောင့်ခွေးတစ်ကောင်ပါပြီး ဦးခေါင်းတွင် အမှောင်လောကမှ သရဖူကိုဆောင်းထားသည်။ ထိုသရဖူအစွမ်းဖြင့် ဟေးဒီးစ်မှာ ကိုယ်ဖျောက်နိုင်သည်။ ဇုစ်နတ်မင်းနှင့် ရုပ်ချင်းဆင်သော်လည်း ပို၍ အိန္ဒြေကြီးပြီးလျှင် ခက်ထန်သည်။ ဟေးဒီးစ်မှာ မြေဩဇာကောင်းအောင် ကူညီမှိုင်းမ ပေးနိုင်သဖြင့် လယ်သမားတို့က ကိုးကွယ်ပသကြသည်။

ဟေးဒီးစ်
ဟေးဒီးနှင့် ခေါင်းသုံးလုံးပါသော အစောင့်ခွေး
ကြင်ဖော်ပါဆက်ဖန်နီ
မိဘများခရိုးနပ်စ် နှင့် ရီးယာ
မောင်နှမများဇုစ်ဟက်စရှာဟဲ့ရာပိုဆိုက်ဒန် နှင့် ဒစ်မီးတာ
သားသမီးများMacaria, Melinoe and Zagreus
ရောမအခေါ်ပလူတို

မွေးဖွားခြင်း

ဟေးဒီးစ်သည် ခရိုနပ်စ်(Cronus or Kronos) နှင့် ရီးယာ(Rhea) တို့၏ အကြီးဆုံးသားဖြစ်သည်။


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.