အက်စကီးမိုးလူမျိုး
အက်စကီးမိုးလူမျိုးတို့သည်မြောက် အမေရိကတိုက် မြောက်ဘက်ကမ်းခြေတစ်လျှောက်တွင် နေထိုင် ကြသည်။ ယင်းတို့သည် အမေရိကတိုက် တိုင်းရင်းသား အင်ဒီးယန်းများနှင့် စကားတွင် အဆက်အသွယ်မရှိသော်လည်း အဆိုပါ အင်ဒီးယန်းများနှင့်အတူ အာရှတိုက်မှရောက်လာကြ သူများဖြစ်သည်။ အင်ဒီးယန်းအုပ်စုများသည် များသောအားဖြင့် ရှေးနှစ်ပေါင်းနှစ်ထောင် သို့မဟုတ် ထို့ထက်စောသောအချိန်က လက်ရှိဗဲရင်းရေလက်ကြား ကုန်းမြေဖြစ်နေချိန်တွင် ရောက်လာ ကြသူများဖြစ်သည်။ အက်စကီးမိုးလူမျိုးသည်လည်း ရှေးနှစ် ပေါင်းနှစ်ထောင်ခန့်က လှေများဖြင့် အမေရိကတိုက်ဘက်သို့ ရောက်လာခဲ့ကြသည်။

အက်စကီးမိုးလူမျိုးသည် အသားညို၍ အရပ်ပု၏။
အက်စကီးမိုးလူမျိုးတွင် အလူးရှင်းကျွန်းတွင် နေထိုင်ကြသော
အလူးတို့လည်း ပါဝင်သည်။ အက်စကီးမိုးလူမျိုး၏ ဦးရေမှာ
၃ဝဝဝဝ နှင့် ၃၅ဝဝဝ အတွင်းတွင်ရှိသည်။ ထိုလူဦးရေအနက်
တစ်ဝက်ခန့်သည် အမေရိကန်ပြည်ထောင်စုအစိုးရ၏ လက်
အောက် အလာစကာ(ကျွန်းဆွယ်)တွင်နေထိုင်ကြ၍ ကျန်
အက်စကီးမိုး လူမျိုးတို့သည် ကနေဒါအစိုးရ၏ လက်အောက်
ကနေဒါနိုင်ငံ၏ အလယ်ပိုင်းနှင့် လားဗရာဒေါ(ကျွန်းဆွယ်)
နှင့် ဒိန်းမတ်အစိုးရ၏လက်အောက် ဂရင်းလန်းတွင် နေထိုင်ကြ
သည်။ ဆိုဗီယက်ယူနီယံအစိုးရ၏ လက်အောက်ခံဖြစ်သော
ဆိုက်ဗီးရီးယား၌လည်း အက်စကီးမိုးလူမျိုးအချို့ နေထိုင်လျက်
ရှိကြသည်။
အလူးရှင်းကျွန်းနေ အက်စကီးမိုးလူမျိုး၏ စကားသည်
အတော်ပင်ပြောင်းလဲ၍ လာပေပြီ။ ထိုမျှမကသေး၊ အခြားလူမျိုး
များနှင့်ရောနှော၍ နေထိုင်ကြသော အလာစကာကျွန်းဆွယ်
တောင်ပိုင်းနေ အက်စကီးမိုးလူမျိုးတို့သည်လည်း စကားတွင်
ပြောင်းလဲ၍ လာကြလေသည်။
အက်စကီးမိုးလူမျိုးတို့ရောက်လာကြရာတွင် တိုးတက်
သည့်လူမျိုးအဖြစ်နှင့် ရောက်လာကြသည်။ သူတို့၌ သားမွေး
ထည်များ၊ မီးအိမ်များ၊ မှိန်းများ၊ အိုးခွက်များနှင့် လှပစွာပြု
လုပ်ထားသောလှေများ ပါလာကြသည်။ သိပ္ပံပညာရှင်များ၏
တူးဖော်လေ့လာချက်များကြောင့် အက်စကီးမိုးလူမျိုးသည် ဗဲရင်း
(ရေလက်ကြား)နှင့် အလာစကားကျွန်းဆွယ်၏ ကမ်းခြေသို့
ရောက်ရှိလာကြကြောင်း သိရပေသည်။ ထိုမှတစ်ဆင့် အာတိတ်
ကမ်းခြေသို့ပျံ့နှံ့သွားပြီးလျှင် ဂရင်းလန်းအထိ ရောက်ရှိသွားကြ
သည်။ အချို့သော အက်စကီးမိုးလူမျိုးတို့သည် အတွင်းဘက်သို့
ရွှေ့ပြောင်းကြပြီးလျှင် ဟဒ်ဆန်ပင်လယ်အော် တစ်ဝိုက်တွင်
နေထိုင်ကြလေသည်။
ရှေးအက်စကီးမိုးလူမျိုးတို့သည် ထိုကဲ့သို့ အနှံ့အပြား
တွင် နေထိုင်လျှက်ရှိကြသော်လည်း စကား၊ ထုံးစံဓလေ့နှင့်
အသွင်အပြင်တို့တွင် များစွာတူညီကြလေသည်။ ထိုလူမျိုးသည်
သိလွယ်တတ်လွယ်သည်။ ထူးခြားစွာ ရက်ရောဖော်ရွေသည်။
စစ်တိုက်ခြင်းကို နားမလည်သလောက်ပင် ဖြစ်သည်။
အက်စကီးမိုးလူမျိုးနေထိုင်သည့် ရွာတစ်ရွာတွင် လူဦး
ရေ ၂၅ မှ ၂ဝဝ အထိရှိသည်။ သူတို့၌ အကြီးအကဲလုပ်သူနှင့်
အုပ်ချုပ်သည့်အစိုးရ မရှိချေ။
အက်စကီးမိုးလူမျိုးအားလုံးတွင် ဆောင်းရာသီတွင် နေ
ထိုင်ရန်အတွက် အိမ်တစ်မျိုးနှင့် နွေအခါတွင် နေထိုင်ရန်
အတွက် အိမ်တစ်မျိုးရှိသည်။ အလာစကာတောင်ပိုင်းတွင် ရေ
မျောကမ်းတင်သစ်များ ပေါများသဖြင့် အခိုင်အခံ့ဆောက်လုပ်
ထားသော အိမ်များ၏နံရံများကို သစ်လုံးများဖြင့် လုပ်လေ့ရှိကြ
သည်။ မြေကြီးကိုတွင်းတူး၍ အိမ်များကိုဆောက်လုပ်ကြပြီးလျှင်
အိမ်သို့ဝင်သည့်အပေါက်ကို လိုဏ်ခေါင်းသဖွယ်တူး၍ ပြုလုပ်
ထားသဖြင့် လေတိုက်ခြင်းမှ ကင်းဝေးစေနိုင်သည်။ တူးပစ်
သည့် မြေကြီးများကို အိမ်ပေါ်တွင် စုပုံ၍တင်ထားကြသည်။
အိမ်၏အတွင်းဘက်တွင် သစ်သားများဖြင့် ပြုလုပ်ထားသော
ခုံမြင့်များထားရှိသည်။ ထိုအပေါ်တွင် အိပ်ရာအတွက် သား
ကောင်များ၏ အရေပြားများကို ထားရှိသည်။ မြေကြီးပေါ်တွင်
ရေမျောကမ်းတင် သစ်များကို မီးရှို့ထားသည့် မီးဖိုရှိသည်။
ထိုမီးဖို၏ ပတ်ဝန်းကျင်တွင် သစ်သားပန်းကန်များ ထားရှိ
သည်။ အချို့ပန်ကန်များသည် ထွင်းထုထားသောပန်းကန်များ
ဖြစ်၍ ဆေးများပင် ခြယ်ထားကြသေးသည်။ အချို့ပန်းကန်
များမှာ ကြွေထည်များပင်ဖြစ်ကြလေသည်။ သစ်သားရှားပါးရာ
အရပ်ရှိ အိမ်များကို မြေကြီးများဖြင့်ပင် ဖုံးအုပ်ထားသော်လည်း
ယင်းတို့သည် သေးငယ်ကြ၏။ နံရံမှာလည်းဝိုင်း၍ ကျောက်တုံး
များဖြင့် ပြုလုပ်ကြ၏။ အတွင်းဘက်တွင် ဝါးလရပ်ဖျံ၏
ဦးခေါင်း ခွံကိုဖြစ်စေ၊ ဝေလငါးကြီးများ၏ နံရိုးကို ထွင်းထု
ထားသော ပစ္စည်းကိုဖြစ်စေ ထားကြသည်။ ထိုဒေသနေ
အက်စကီးမိုး လူမျိုးတို့သည် မိမိတို့၏ယောက်မ၊ သို့မဟုတ်
လှေလှော်တက် များအဖြစ် ဝါးလရပ်ဖျံ၏ အစွယ်များကို
ထွင်းထု၍အသုံးပြုကြ သည်။ ပန်းကန်ခွက်ယောက်များကို
ဝါးလရပ်ဖျံသားရေဖြင့် ပြုလုပ် ထားကြသည်။ သို့မဟုတ်
သစ်ကြမ်းများကို ထုထွင်းထားကြသည်။
သစ်ပင်များ မပေါက်ရောက်နိုင်သော ကနေဒါနိုင်ငံ
ကမ်းခြေတစ်လျှောက်တွင် နေထိုင်ကြသည့် အက်စကီးမိုးလူမျိုး
တို့သည် မုဆိုးများဖြစ်ကြလေသည်။ သူတို့သည် ဆောင်းရာသီ
တွင် ရေခဲပြင်သို့ ထွက်သွားကြပြီးလျှင် ရေခဲတုံးကြီးများဖြတ်၍
အိမ်များကို အဝိုင်းကလေးများပုံသဏ္ဌာန် ဆောက်ကြသည်။
အိမ်များကို ခုံးများအနေဖြင့် ဆောက်ကြသည်။ အိမ်သို့ဝင်
ပေါက်မှာ လိုဏ်ဖြစ်၍ အိမ်၏အတွင်းဘက်တွင် ခုံများထားကြ
သည်။ အတွင်းဘက်ရှိရေခဲသည် အရည်ပျော်ပြီးလျှင် အမြေ|းပါး
သဖွယ်ဖြစ်ကာ နံရံများပေါ်တွင်အင်္ဂတေသဖွယ်တည်ရှိနေသည်။
အိမ်၏အတွင်းဘက်၌ အပူဓာတ်ရရှိစေရန် ပင်လယ်ဖျံဆီကို
ကျောက်ခွက်တွင်ထည့်၍ မီးဖိုထားတတ်ကြသည်။
အထက်ပါအိမ်မျိုးသည် ဝင်ရိုးစွန်းဒေသနေ အက်စကီး
မိုးလူမျိုး၏ အိမ်မျိုးဖြစ်သည်။ ထိုအိမ်မျိုးကို ကနေဒါနိုင်ငံမှ
ဂရင်းလန်းမြောက်ပိုင်းအထိတွေ့ရသည်။ ဂရင်းလန်းတောင်ဘက်
ပိုင်းနေ အက်စကီးမိုး လူမျိုးသည် ကျောက်ခဲများဖြင့် အိမ်ရှည်
ကြီးကိုဆောက်ကြသည်။ အချို့အိမ်ရှည်ကြီးအတွင်း၌တစ်ရွာလုံး
ရှိ အက်စကီးမိုးလူမျိုးများပင် နေနိုင်သည်။ အလာစကာနှင့်
ကနေဒါနိုင်ငံအတွင်းပိုင်းနေ အက်စကီးမိုးလူမျိုးများသည် သူတို့
၏တဲအိမ်များကို သစ်ကိုင်းများ၊ မြေကြီးများနှင့်သာ ဆောက်
လုပ်ကြသည်။
ရှေးအက်စကီးမိုးလူမျိုးသည် အသားနှင့်ငါးများကိုသာ
စားသောက်ခဲ့ကြသည်။ နွေရာသီတွင် ဗဲရီသီးအချို့နှင့် အပင်
ညေ|ာက်ကလေး အချို့ကိုသာလျှင် ရရှိနိုင်ခဲ့ကြသည်။ အက်စကီး
မိုး လူမျိုးသည် ပင်လယ်ဖျံ၊ ဝေလငါးနှင့် ဝါးလရပ်ဖျံများကို
ပင်လယ်ပြင်ထဲတွင် မှိန်းများဖြင့်ထိုး၍ ဖမ်းလေ့ရှိကြသည်။
ဆောင်းရာသီအတွင်း၌ ထိုလူမျိုးတို့ပင်လယ်ဖျံဖမ်းကြပုံမှာ စိတ်
ဝင်စားဖွယ်ကောင်းလေသည်။ ပင်လယ်ဖျံသည် ငါးမဟုတ်
သဖြင့် ရေအောက်တွင်ထာဝစဉ်မနေနိုင်ချေ။ အသက်ရှူရန် ရေ
မျက်နှာပြင်သို့ ပေါ်တက်လာရလေသည်။ ဆောင်းရာသီ၌ ရေခဲ
သောအခါ ရေခဲအောက်မှ မျက်နှာပြင်သို့ ပေါ်တက်လာနိုင်ရန်
အပေါက်ကလေးများ ဖောက်ထားကြရသည်။ ရေခဲထု သုံးပေ
လေးပေထူသည့်တိုင်အောင် ထိုအပေါက်ကလေးများ ဆက်လက်
တည်ရှိနေစေရန် ထိန်းသိမ်းထားကြရသည်။ အက်စကီးမိုးလူမျိုး
တို့သည် ထိုကဲ့သို့သော အပေါက်ကလေးများရှိရာတွင် အချိန်
ကြာမြင့်စွာ စောင့်ဆိုင်းပြီးလျှင် အသက်ရှူရန်တက်လာသည့်ဖျံ
ကို မှိန်းဖြင့်ထိုး၍သတ်လေ့ရှိကြသည်။ အခြားအစားအစာ
အတွက် ရေခဲများရှိသောမြစ်များသို့ သွားရောက်ပြီးလျှင် ငါး
များကို ဖမ်းယူကြလေသည်။ ပျံလာသောငှက်များကိုမူ အက်စ
ကီးမိုးတို့သည် ဗိုလာခေါ် ကိရိယာဖြင့်ပစ်၍ ဖမ်းယူကြသည်။
ထိုကရိယာမှာ ဖျံစွယ်လုံးသုံးလုံးကို ကြိုးရှည်ရှည်တွင် ချည်
နှောင်၍ ထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် နေထိုင်သည့်
နေရာ၏ အတွင်းပိုင်းသို့ သွားရောက်ပြီးလျှင် ကဲရီဗူး သမင်ကို
ဖမ်းယူကြသည်။ ထိုသမင်မျိုးကို ရရှိသောအခါမျိုးတွင် အစာ
နှင့်အဝတ်အတွက်ကိုပါ ရရှိလေတော့သည်။
ရှေးအမေရိကတိုက်တွင် အက်စကီးမိုးလူမျိုး၏ အဝတ်
အထည်မှာ အကောင်းဆုံးဖြစ်ခဲ့လေသည်။ ယောကျာ်း၊ မိန်းမနှင့်
ကလေးများသည် အမျိုးတူအဝတ်များကို ဝတ်ဆင်ကြရသည်။
သားမွေးဖြင့် ပြုလုပ်ထားသော ဘောင်းဘီနှင့် ရှပ်အင်္ကျီများကို
ဝတ်ဆင်ကြသည်။ ထိုအထည်များကို ကဲရီဗူးသမင်ကလေး
သားရေနှင့်ချုပ်ပြီးလျှင် ထိုအရောင်နှင့်လိုက်သော သားမွေးများ
ကိုပါ ချုပ်ထည့်ထားသည်။ ဆောင်းရာသီအတွက် အထည်
နှစ်မျိုး ထားလေ့ရှိကြသည်။ ရှပ်အင်္ကျီကို ငှက်၏အရေပြားများ
ဖြင့် ချုပ်လေ့ရှိကြသည်။ ရေလုံသော ရှပ်အင်္ကျီကိုမူ ပင်လယ်ဖျံ
၏အူများဖြင့် ချုပ်လုပ်ကြသည်။ ထိုအူများသည် ဆဲလိုဖိန်း
ကဲ့သို့ ချောမွတ်ကြလေသည်။ အထည်များကိုချုပ်ရာတွင် ကြွက်
စွန်းကြောများကို ကြိုးအဖြစ်အသုံးပြု၍ အပ်အဖြစ်ကိုမူ ဖျံစွယ်
များကိုအသုံးပြုသည်။ အထည်များကို အက်စကီးမိုးအမျိုးသမီး
များက ချုပ်လုပ်ကြသည်။
အက်စကီးမိုးလူမျိုးတွင် အမေရိကတိုက် တိုင်းရင်းသား
ဖြစ်သော အချို့အင်ဒီးယန်းလူမျိုးတို့ထက်ပို၍ ကိရိယာတန်ဆာ
ပလာများရှိသည်။ လှေများကို ရေမျောကမ်းတင် သစ်သားဖြင့်
ပြုလုပ်ကြသည်။ တစ်ယောက်စီးလှေငယ်ကလေးမှ ပေ ၃ဝ
ရှည်သောလှေကြီးမျိုးအထိရှိသည်။ ယင်းလှေများကို ဝါးလရပ်
ဖျံရေများဖြင့် ဖုံးအုပ်ထားကြသည်။ စွတ်ဖားများကိုလည်း
သစ်သားများဖြင့်ပင်ပြုလုပ်ကြသည်။ မြေကြီး၊ သို့မဟုတ် ရေခဲ
ပြင်ပေါ်တွင် ပွတ်၍ဆွဲရသောနေရာမျိုးတွင် ဖျံစွယ်ကိုတပ်ထား
သည်။ စွတ်ဖားကို ငါးကောင်မှ ကိုးကောင်အထိရှိသော ခွေး
များဖြင့်ဆွဲစေသည်။ တစ်နေ့လျှင် ခရီးမိုင်ပေါင်း ၆ဝ အထိ
သွားလာနိုင်သည်။
ယခုအခါ၌ လေယာဉ်ပျံများသည် နေရာအနှံ့အပြားကို
သွားလာနိုင်ကြပြီဖြစ်သဖြင့် မြောက်ဘက်ပိုင်းနေ အက်စကီးမိုး
လူမျိုးများထံသို့လည်း လေယာဉ်ပျံများဖြင့် လူဖြူတို့၏ ပစ္စည်း
များကို ပို့ပေးနိုင်လေသည်။ အချို့ အက်စကီးမိုးလူမျိုးတို့သာ
ဝေးကွာလွန်းသောနေရာများတွင် နေထိုင်လျက်ရှိကြသဖြင့်
ပြောင်းလဲချက်များကို မသိရှိနိုင်ကြသေးချေ။ အလာစကာနှင့်
ဂရင်းလန်းတောင်ပိုင်းနေ အက်စကီးမိုးလူမျိုးများကမူ လူဖြူများ
ဝတ်ဆင်သကဲ့သို့ပင် ဝတ်ဆင်၍နေကြပေပြီ။ ဂရင်းလန်းနေ
အက်စကီးမိုးလူမျိုးအား ဒိန်းမတ်အစိုးရက ကျောင်းများနှင့်
ဆေးကုသပေးသောအဖွဲ့များ၏ အကျိုးကျေးဇူးကိုခံစားစေသည်။
အမေရိကန်အစိုးရက အလာစကာနှင့် ဂရင်းလန်းတောင်ပိုင်းနေ
အက်စကီးမိုးလူမျိုးများအဖို့ နေ့ကျောင်းများနှင့် ကျောင်းအိပ်
ကျောင်းစားနေထိုင်နိုင်သော ကျောင်းများကို ဖွင့်လှစ်ပေးထား
သည်။ ၁၉၂၅ ခုနှစ် က အမေရိကန်ပြည်ထောင်စုအစိုးရသည်
အက်စကီးမိုးလူမျိုးအတွက် လုပ်ငန်းသစ်တစ်ရပ်ကိုတည်ထောင်
ပေးရန် ကြိုးစားကြည့်လေသည်။ ထိုလုပ်ငန်းသစ်မှာ ဆိုက်ဗီး
ရီးယားပြည်နယ်မှ ယဉ်ကျေးပြီး တန်းဒြသမင်များကို သွင်းပေး
ခြင်းဖြစ်သည်။ ထိုသမင်များနှင့်အတူ ကျွမ်းကျင်သည့် လက်
လူမျိုးကိုလည်း ခေါ်လာခဲ့သည်။ တိုင်းရင်းသားအင်ဒီးယန်းများ
က ကျွဲနွားများကိုမွေးမြူကြသကဲ့သို့ အက်စကီးမိုးလူမျိုးတို့က
လည်း ထိုတန်းဒြသမင်များကို မည်ကဲ့သို့ထိန်းသိမ်း စောင့်
ရှောက် မွေးမြူရကြောင်းကို သိလာကြစေရန် သင်ကြားပြသ
ပေးရန်အတွက် ထိုလက်လူမျိုးများကိုပါ ခေါ်လာခဲ့ခြင်း
ဖြစ်သည်။အချိန် ရသောအခါတွင် အက်စကီးမိုးလူမျိုး
အမြောက်အမြားအား ဝင်ငွေရရှိနိုင်စေရန် ကြံစည်ပေးချက်
ဖြစ်သည်။ သို့သော် ယခုအခါတွင် အခက်အခဲအများအပြားနှင့်
ရင်ဆိုင်ရလျက်ပင် ရှိနေသေးသည်။အက်စကီးမိုးလူမျိုး
အမြောက်အမြားသည် စည်သွတ်လုပ်ငန်းများနှင့် တည်ဆောက်ရေ
လုပ်ငန်းများတွင် ဝင်ရောကလုပ်ကိုင်လျက် ရှိကြလေသည်။
ဒုတိယကမ္ဘာစစ်အတွင်းကအက်စကီးမိုးလူမျိုးတို့သည်
ကင်းထောက်လုပ်ငန်းများတွင်ကောင်းမွန်စွာဝင်ရောက်
ထမ်းဆောင်ခဲ့ကြလေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)