အစ်နီးယစ်

အစ်နီးယစ်ဒ် (အင်္ဂလိပ်: Aeneid; လက်တင်: Aeneis) သည် လက်တင် ကဗျာရှည်တစ်ပုဒ်ဖြစ်၍ ဗားဂျစ်လ်မှ ဘီစီ ၂၉ နှင့် ၁၉ ရာစုကြားက ရေးသားခဲ့သည်။[1] ဤကဗျာသည် အီတလီသို့ ခရီးသွားခဲ့သော ထရိုဂျန်သား အစ်နီးယပ်စ်အကြောင်း ရာဇဝင်ဇာတ်လမ်းကို ပြောပြသည့် ကဗျာဖြစ်၏။ ဤသို့ဖြင့် အစ်နီးယပ်စ်သည် ရောမသားတို့၏ ဘိုးဘေးတစ်ဦးဖြစ်လာခဲ့သည်။ ကဗျာတွင် စာကြောင်းရေ ၉,၈၉၆ ပါဝင်၍ Dactylic hexameter မတြာချိုး ကဗျာဖြစ်၏။[2] ကဗျာတွင် စုစုပေါင်း စာအုပ် (၁၂) အုပ်ရှိ၍ ပထမခြောက်ပုဒ်မှာ အစ်နီးယပ်စ်၏ ထရွိုင်မှသည် အီတလီသို့ ခြေဦးတည့်ရာ သွားလာခြင်း အကြောင်းကို ဖော်ပြထား၍ ဒုတိယခြောက်အုပ်မှာ ထရိုဂျန်သားတို့သည် လက်တင်များအပေါ် အဆုံးသတ်အောင်ပွဲဆင်နိုင်ခဲ့ခြင်းကို ဖော်ပြထားကာ အစ်နီးယပ်စ်နှင့် ထရိုဂျန်သားနောက်လိုက်နောက်ပါတို့သည် လက်တင်ဆိုသော အမည်အောက်၌ ပါဝင်သွားရန် ကံကြမ္မာဖန်လာခဲ့ပေသည်။

Aeneid
ရေးသူ: ဗားဂျစ်လ်
လက်ရေးမူ၊ ၁၄၇၀ ဝန်းကျင်ခန့် (Cristoforo Majorana၏ ပန်းချီလက်ရာပါဝင်)
မူလခေါင်းစဉ်AENEIS
ဘာသာပြန်သူJohn Dryden
[[:en:Gavin Douglas]|Gavin Douglas]]
Henry Howard, Earl of Surrey
Seamus Heaney
Allen Mandelbaum
Robert Fitzgerald
Robert Fagles
Frederick Ahl
Sarah Ruden
ရေးသားသည့်နှစ်ဘီစီ ၂၉-၁၉
နိုင်ငံရောမသမ္မတနိုင်ငံ
ဘာသာစကားဂန္ထဝင်လက်တင်
အကြောင်းအရာဖြစ်ရပ်တွဲ ကဗျာရှည်၊ ထရိုဂျန်စစ်ပွဲ၊ ရောမမြို့တည်ထောင်ခြင်း
အမျိုးအစားကဗျာရှည်
မတြာDactylic hexameter
ထုတ်ဝေသည့် ရက်စွဲဘီစီ ၁၉
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း၁၆၉၇
ထုတ်ဝေသည့် ပုံစံလက်ရေးမူ
စာကြောင်း၉,၈၉၆
ယခင် စာအုပ်Georgics
အွန်လိုင်းတွင် ဖတ်ရှုရန်ဝီကီရင်းမြစ်ရှိ "Aeneid"
အစ်နီးယပ်စ်သည် ထရွိုင်မီးလောင်တစပြင်မှ ထွက်ပြေးခြင်း၊ ဖက်ဒရစ်ကို ဘာရော့ချီ (၁၅၉၈) ၊ Galleria Borghese အနုပညာပြခန်း၊ ရောမမြို့၊ အီတလီ။
အစ်နီးယပ်စ်၏ ခရီးစဉ်ပြ မြေပုံ

အစ်နီးယပ်စ်သည် "အိလိယဒ်" ကဗျာတွင် ဇာတ်ကောင်အဖြစ်ပါဝင်ထားကာ ၎င်းကို ဂရိ-ရောမ ရာဇဝင်၊ ဒဏ္ဍာရီအဖြစ်လည်း သိရှိခဲ့သည်။ ဗားဂျစ်လ်သည် အဆက်စပ်မရှိသော အစ်နီးယပ်စ်၏ ခြေဦးတည့်ရာသွားလာခြင်းများ၊ ရောမမြို့တည်ထောင်ခြင်းအကြောင်း ဝိုးတဝါးဆက်စပ်မှုများကို ယူငင်သည်။ အစ်နီးယပ်စ်ကို တိကျသောကိုယ်ပိုင်လက္ခဏာဖြင့် ပုံသေသတ်မှတ်မထားဘဲ ရိုးဖြောင့်မှန်ကန်သော နိုင်ငံအတွက် ကျေပွန်သော ပုဂ္ဂိုလ်ဟူ၍ ဖော်ပြသည်။ ၎င်းရေးသော အစ်နီးယစ်ကဗျာကိုလည်း နိုင်ငံ/မြို့ တည်ထောင်ခြင်းဒဏ္ဍာရီ (သို့) အမျိုးသားရေးဆိုင်ရာ ကဗျာလင်္ကာရှည် အဖြစ် စိတ်ဝင်စားအောင်ရေးဖွဲ့ခဲ့သည်။ ထိုသို့ အမျိုးသားလက္ခဏာပါသော ကဗျာသည် ရောမမြို့ကို ထရွိုင်မြို့၏ ရာဇဝင်ဇာတ်လမ်းနှင့် ဆက်စပ်ပေးကာ ပျူးနစ်စစ်ပွဲများအကြောင်းကို ရှင်းလင်းပြသပေးကာ ရောမ၏ ပထမဆုံးနန်းဆက် "ဂျူလီယို-ကလောဒီယန်" မင်းဆက်ကို ရောမနှင့် ထရွိုင်တို့မှ နတ်ဘုရားများ၊ သူရဲကောင်းများ၊ မြို့တည်နန်းတည်သူများ၏ သားမြေမြစ်များအဖြစ် တရားဝင်ဖြစ်သွားစေသည်။

အစ်နီးယစ်ကဗျာကို ကဗျာဆရာ ဗားဂျစ်လ်၏ ကဝေကဝိလက်ရာအဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုကြလေသည်။[3][4] လက်တင်စာပေ၏ အကောင်းဆုံးလက်ရာများထဲက တစ်ခုအဖြစ်လည်း လက်ခံကြသည်။[5][6]

ကိုးကား

  1. Magill၊ Frank N. (2003)။ The Ancient World: Dictionary of World Biography, Volume 1Routledge။ p. 226။ ISBN 1135457409
  2. Gaskell၊ Philip (1999)။ Landmarks in Classical Literature။ Chicago: Fitzroy Dearborn။ p. 161။ ISBN 1-57958-192-7
  3. "History of Latin Literature"HistoryWorld5 December 2016 တွင် ပြန်စစ်ပြီး
  4. Aloy၊ Daniel။ "New translation of 'Aeneid' restores Virgil's wordplay and original meter"၊ 22 May 2008 5 December 2016 တွင် ပြန်စစ်ပြီး
  5. Damen၊ Mark (2004)။ Chapter 11: Vergil and The Aeneid 5 December 2016 တွင် ပြန်စစ်ပြီး။
  6. Gill၊ N. S.။ Why Read the Aeneid in Latin? About.com။ 5 December 2016 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.