အနီရောင်အရွေ့

ရူပဗေဒတွင် အလင်း သို့မဟုတ် လျှပ်စစ်သံလိုက်ဖြာထွက်မှုမှ လှိုင်းအလျား တိုးလာသောအခါ အနီရောင်ရွေ့ ဖြစ်ပွားသည်။ ယေဘုယျအားဖြင့် ပိုနီလာလျင် လှိုင်းအလျား တိုးလာခြင်းပင် ဖြစ်သည်။ အလွယ်တကူပြောရပါက အရာဝတ္ထုတို့သည် မိမိတည်နေရာနှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ရွေ့လျားနေသည်ဟု ဆိုလိုသည်။ ယနေ့ စကြာဝဠာတွင် မြင်သမျှ ဂယ်လက်ဆီ နီးပါးတိုင်းသည် အနီရောင်အရွ့ဖြင့် တစ်ခုနှင့်တစ်ခု ဝေးရာသို့ ပြေးလွှားကြလျက် ရှိချေသည်။[1]

အနီရောင်အရွေ့နှင့် အပြာရောင်အရွေ့
ညာဘက်ခြမ်းရှိ အလင်းရောင်စဉ်သည် ဝေးကွာသည့် ဂယ်လက်ဆီများမှဖြစ်ပြီး ဘယ်ဘက်ခြမ်းသည် နေမှ ရောင်စဉ်ဖြစ်သည်။ မြှားပြထားသည်မှာ အနီရောင်အရွေ့ဖြစ်သည်။ ကြိမ်နှုန်းမှာ လျော့နည်းလာ၏

အခြားကြည့်ရန်

ကိုးကား

  1. Cosmos: A spaceime Odyssey
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.