အပြာဖျော့အစက်
အပြာဖျော့အစက် (အင်္ဂလိပ်: Pale Blue Dot) သည် ကမ္ဘာမှ အဝေးဆုံး စံချိန်တင် မိုင် သန်းပေါင်း ၃,၇၀၀ (ကီလိုမီတာ သန်းပေါင်း ၆,၀၀၀) ခန့် အကွာအဝေး မှ ဗွိုင်ယေဂျာ ၁ အာကာသယာဉ် ၁၉၉၀ ခုနှစ် တွင် ရိုက်ကူးခဲ့သော နေစကြာဝဠာ၏ မိသားစုဓာတ်ပုံများ ပုံတွဲထဲမှ ကမ္ဘာဂြိုဟ် ဓာတ်ပုံ ၏ အမည် ဖြစ်သည်။
ဤဓာတ်ပုံတွင် မြေကမ္ဘာကို အာကာသ ဟင်းလင်းပြင်ကြီးထဲမှ အစက်ကလေး တစ်စက် အဖြစ်သာ တွေ့မြင်ရသည်။[1]
နောက်ခံ သမိုင်း
နက္ခတ္တဗေဒ ပညာရှင် ကားလ် ဆေဂန် ၏ မေတ္တာရပ်ခံချက် အရ အဓိက ရည်မှန်းချက် ပြီးဆုံး၍ နေစကြာဝဠာမှ ထွက်ခွာလျက်ရှိသည့် ဗွိုင်ယေဂျာအမှတ် (၁) အာကာသယာဉ်ကို ကင်မရာ နောက်ပြန်လှဲ့၍ ကမ္ဘာဂြိုဟ်၏ပုံကိုရိုက်ရန် နာဆာ (NASA) မှ အမိန့်ပေး ရိုက်ယူခဲ့ခြင်း ဖြစ်သည်။[2]
ကိုးကား
- A Pale Blue Dot။ The Planetary Society။ 2014-12-21 တွင် ပြန်စစ်ပြီး။
- From Earth to the Solar System, The Pale Blue Dot။ NASA။ 18 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-12-24 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.