နေအဖွဲ့အစည်း

နေအဖွဲ့အစည်း (အင်္ဂလိပ်: Solar System) ဆိုသည်မှာ နက္ခတ္တဗေဒ အခေါ်အဝေါ်ဖြစ်ပြီး နေ အပါအဝင် ဂြိုဟ်များ၊ဂြိုဟ်ရံလများ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် အခြားသောရွှေ့လျားနေသည့် အရာဝတ္တုများ၏ အစုအဝေးကြီးကို ခေါ်ဆိုခြင်းဖြစ်သည်။ ကျွန်ုတို့နေထိုင်ရာ ကမ္ဘာမြေကြီးအပါအဝင် နေအဖွဲ့အစည်းအတွင်းရှိ အားလုံးသော ဂြိုဟ်များသည် နေကို ဗဟိုပြု၍ ဘဲဥပုံလမ်းကြောင်း အတိုင်းလှည့်ပတ်သွားလာလျက်ရှိသည်။

နေအဖွဲ့အစည်း၏ စကေးဓာတ်ပုံဖြစ်ပြီး ကမ္ဘာသည် နံပါတ် ၃ ဖြစ်သည်

အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို လူသားတို့၏ နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းမှုဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် နက္ခတာရာကြည့်မှန်ပြောင်းတီထွင်နိုင်မှုသည် အရေးပါသည့် သိပ္ပံဆိုင်ရာ တီထွင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ထိုသို့အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို ထပ်မံတွေ့ရှာဖွေတွေ့ရှိခြင်းမရှိတော့သည့်တိုင် နေအဖွဲ့အစည်းအတွင်းတွင် အခြားသောသေးငယ်သည့် အရာဝတ္တုများအား နှစ်စဉ်နှင့်အမျှ ရှာဖွေတွေ့ရှိလျက်ပင်ရှိပါသည်။ ထိုသို့သောတွေ့ရှိမှုများအနက် သက်ဆိုင်ရာ ဂြိုဟ်များ၏ ဂြိုဟ်ရံလများလည်း အပါအဝင်ဖြစ်ပေသည်။ လက်ရှိချိန်အထိ တွေ့ရှိရသည့် ဂြိုဟ်ရံလမှာ အရေအတွက်အားဖြင့် ၄၆၈ စင်းထိပင်ရှိနေပြီဖြစ်သည်။[1][2]

ဂြိုဟ်တို့၏ အစီအစဉ်

နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို နေမှ အကွာအဝေးကိုလိုက်၍ ရေတွက်လျှင်

ဖွဲ့စည်းပုံ

နေအဖွဲ့အစည်း၏ အဓိကကျသည့် အစိတ်အပိုင်းများကို အပိုင်း နှစ်ပိုင်းခွဲခြားသတ်မှတ်ကြသည်။ နေနှင့် နီးသော လမ်းကြောင်းများတွင် လှည့်ပတ်နေသည့် ဗုဒ္ဓဟူးဂြိုဟ်၊သောကြာဂြိုဟ်၊ကမ္ဘာဂြိုဟ် နှင့် အင်္ဂါဂြိုဟ် တို့ကို အတွင်းပိုင်းဂြိုဟ်များဟု ခေါ်ဆိုသတ်မှတ်သည်။ ထိုဂြိုဟ်များ၏ မျက်နှာပြင်များမှာ ကျစ်လစ်သည့် ကျောက်သားများဖြင့် ဖွဲ့စည်းထားကြသည်။

အင်္ဂါဂြိုဟ်နှင့် ကြာသာပတေးဂြိုဟ်အကြားတွင် အက်စတာရော့ဒ်ဂြိုဟ်သိမ်အစုအဝေး ကလှည့်ပတ်လျက်ရှိသည်။ ကြာသာပတေးဂြိုဟ်၊စနေဂြိုဟ်၊ ယူရေးနတ်စ်ဂြိုဟ် နှင့် နက်ပကျွန်းဂြိုဟ်တို့မှာအပြင်ပိုင်းဂြိုဟ်များဖြစ်သည်။ ထိုဂြိုဟ်များသည် အရွယ်အစားအားဖြင့် ကမ္ဘာထက်ကြီးမားကာ နေအဖွဲ့အစည်းအတွင်း အကြီးဆုံးဂြိုဟ်များလည်းဖြစ်သည်။ ထို့ပြင် အဆိုပါဂြိုဟ်တို့၏ မျက်နှာပြင်များသည် ဓာတ်ငွေ့များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။

ထိုဂြိုဟ်များ၏နောက်ဖက်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၊ ဥက္ကာပျံများ၊ကြယ်တံခွန်များ အမြောက်အများပါဝင်သည့် ကွီးပါးဂြိုဟ်သိမ်အစုအဝေး တည်ရှိသည်။ ထိုအုပ်စုအတွင်းတွင် ပလူတို၊ အီရစ်(စ်) စသည်တို့ပါဝင်သည်။ ထိုအစုအဝေး၏ အပြင်ဖက်တွင် ပိုမိုကြီးမားသော၊မြင်တွေ့နိုင်ရန်ခက်ခဲသော အစုအဝေးကြီးဖြစ်သည့် Oort Cloud တည်ရှိသည်။

ပလူတိုအား ဂြိုဟ်အဖြစ်မှ လျော့ချခြင်း

ပလူတိုဂြိုဟ်အား ၁၉၃၀ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ၂၀ဝ၆ခုနှစ်တွင် နက္ခတဗေဒပညာရှင်များက ဂြိုဟ်စာရင်းမှ ပယ်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ အရွယ်အစားသေးငယ်လွန်းခြင်း နှင့် ၎င်းနှင့် အနီးဆုံးတွင်တည်ရှိသည့် နံပါတ်(၈)ခုမြောက် နက်ပကျွန်းဂြိုဟ် နှင့်လှည့်ပတ်သွားလာသည့် လမ်းကြောင်းအနေအထားခြင်း မတူညီလှသောကြောင့် ဖြစ်သည်။ ယခုအခါ ပလူတိုသည် စီးရပ်စ် နှင့် အီရစ်(စ်) တို့ကဲ့သို့သော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုအဖြစ်သာ စာရင်းဝင်တော့သည်။

ဂြိုဟ်များအား ရှာဖွေတွေ့ရှိခဲ့ခြင်း

ယူရေးနပ်စ်ဂြိုဟ်ကို လူတို့ရှာဖွေမတွေ့ရှိသေးမှီ၊ ရှေးကျသည့် အချိန်များကတည်းကပင် လူတို့သည် နေအဖွဲ့အစည်းအတွင်းရှိ အချို့သော ထင်ရှားသည့် အရာဝတ္တုတို့ကို သိရှိပြီးဖြစ်သည်။ နေ၊ လ၊ ဗုဒ္ဓဟူးဂြိုဟ်သောကြာဂြိုဟ်အင်္ဂါဂြိုဟ်ဂျူပီတာဂြိုဟ် နှင့် စနေဂြိုဟ်တို့မှာ အစောပိုင်းရှေးဦးခေတ်နက္ခတဗေဒဆိုင်ရာ မှတ်တမ်းမှတ်ရာများတွင် ပါဝင်ခဲ့ပြီးဖြစ်ပေသည်။

သို့သော် လွှဲမှားနေသည့် အချက်မှာ နေဗဟိုပြုအနေအထားအစား ကမ္ဘာဗဟိုပြုအနေအထားကိုသာ လက်ခံတွေးဆခဲ့ခြင်းနှင့် သောကြာဂြိုဟ်ကို ကြယ်အဖြစ် အမှတ်မှားခဲ့ခြင်းတို့ဖြစ်သည်။ နေအဖွဲ့အစည်းသည် ကျွန်တော်တို့နေထိုင်ရာ မိခင်ဂယ်လက်ဆီတွင် သာမန်မျှဖြစ်သော အလယ်အလတ်တန်းစား ကြယ်တစ်စင်းသာဖြစ်သည်။[3]

နောက်ပိုင်းခေတ်များ၏ ရှာဖွေတွေ့ရှိသောဂြိုဟ်များနှင့် တွေ့ရှိသည့် ခုနှစ်များမှာ-

  1. ယူရေးနပ်စ်ဂြိုဟ်- ၁၇၉၁ခုနှစ်
  2. ဆဲရပ်စ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)-၁၈၀၁ခုနှစ်၊သို့သော် ၂၀ဝ၆ ခုနှစ်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားအဖြစ် သတ်မှတ်
  3. နပ်ပကျွန်းဂြိုဟ်-၁၈၄၆ခုနှစ်
  4. ပလူတိုဂြိုဟ်-၁၉၃၀ခုနှစ်
  5. အီးရစ်(စ်) (ဂြိုဟ်သိမ်ဂြိုဟ်မွှား)-၂၀ဝ၅ခုနှစ် တို့ဖြစ်ကြသည်။

ပြင်ပစာမျက်နှာများ

ကိုးကား

  1. Sheppard, Scott S.။ The Giant Planet Satellite and Moon Page Departament of Terrestrial Magnetism at Carniege Institution for science။ 2015-12-19 တွင် ပြန်စစ်ပြီး။
  2. Wm. Robert Johnston (2015-12-01)။ Asteroids with Satellites Johnston's Archive။ 2015-12-19 တွင် ပြန်စစ်ပြီး။
  3. M Woolfson (2000). "The origin and evolution of the solar system". Astronomy & Geophysics 41 (1): 1.12. doi:10.1046/j.1468-4004.2000.00012.x. Bibcode: 2000A&G....41a..12W.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.