စနေဂြိုဟ်
စေတန် (စနေဂြိုဟ်) (အင်္ဂလိပ်: Saturn)သည် နေမှခြောက်ခုမြောက်ဂြိုဟ် တစ်ခုဖြစ်ပြီး အစိုင်အခဲများထက် ဓာတ်ငွေ့ များဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။ ဆက်တန်သည် နေအဖွဲ့အစည်းထဲတွင် ဂျူပီတာဂြိုဟ်ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးဂြိုဟ် ဖြစ်သည်။ ဆက်တန် (Saturn) ဟူသော နာမည်မှာ ရောမနတ်ဘုရား ဆက်တန်နတ်မှ ဆင်းသက်လာပြီး ဂရိနတ်ဘုရား ကရိုနိုစ် (Chronos)နှင့် အတူတူပင်ဖြစ်သည်။ ဆက်တန်ဂြိုဟ်၏ သင်္ကေတမှာ ♄ ဖြစ်ပြီး ဆက်တန် နတ်တံစဉ်ပုံမှ ယူထားခြင်း ဖြစ်သည်။[10][11]
ကာစီနီ အာကာသယာဉ်မှ ပေးပို့သော စနေဂြိုဟ်၏ သဘာဝအရောင်ပုံရိပ် (ဇူလိုင် ၂၀၀၈) | |||||||||||||
အသံထွက် | /ˈsætərn/ ( ) [1] | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ပါဝင်အရာဝတ္ထုများ | Saturnian, Cronian | ||||||||||||
ပတ်လမ်း ဂုဏ်အင်များ[2] | |||||||||||||
Epoch J2000.0 | |||||||||||||
အဝေးဆုံးပတ်လမ်း | AU 10.086 ( Gm 1,509) | ||||||||||||
အနီးဆုံးပတ်လမ်း | AU 9.024 ( Gm 1,350) | ||||||||||||
ဆီမီး မေဂျာ ဝင်ရိုး | 909 AU 9.554 ( Gm 1,429.39)[2] | ||||||||||||
ပတ်လမ်း ဗဟိုကျမှု | 55 0.055 | ||||||||||||
ပတ်လမ်း ကာလ |
| ||||||||||||
ပတ်လမ်း ကာလ | 378.09 days[4] | ||||||||||||
ပျမ်းမျှ ပတ်နှုန်း | 9.69 km/s[4] | ||||||||||||
ပျမ်းမျှ မူမမှန်မှု | 317.020° | ||||||||||||
ပတ်လမ်း တိမ်းစောင်းမှု |
| ||||||||||||
Longitude of ascending node | 113.665° | ||||||||||||
Argument of perihelion | 339.392° | ||||||||||||
သိရသည့် ဂြိုဟ်ရံလများ | ၆၅ with formal designations; innumerable additional moonlets.[4] | ||||||||||||
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |||||||||||||
ပျမ်းမျှ အချင်းဝက် | ±6 km 58,232[6] | ||||||||||||
အီကွေတာ အချင်းဝက် |
| ||||||||||||
ဝင်ရိုးစွန်း အချင်းဝက် | |||||||||||||
ပြားချပ်မှု | 96±0.00018 0.097 | ||||||||||||
မျက်နှာပြင် ဧရိယာ | |||||||||||||
ထုထည် |
| ||||||||||||
အရွယ်အစား |
| ||||||||||||
ပျမ်းမျှ သိပ်သည်းဆ | g/cm3 0.687[4] (less than water) | ||||||||||||
မျက်နှာပြင် ဒြပ်ဆွဲအား | |||||||||||||
လွတ်မြောက်အလျင် | 35.5 km/s[4] | ||||||||||||
ဘေးဘက် လှည့်ပတ်ကာလ | 10.55 hours
[8] (10 hr 33 min) | ||||||||||||
အီကွေတာ လည်ပတ်မှု အလျင် |
| ||||||||||||
ဝင်ရိုးတိမ်းစောင်းမှု | 26.73° (to orbit)[4] | ||||||||||||
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု |
| ||||||||||||
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု | 83.537°[6] | ||||||||||||
Albedo |
| ||||||||||||
| |||||||||||||
မြင်သာသော အရွယ်အစား | +1.47 to −0.24 [9] | ||||||||||||
ထောင့်ဖြတ်အချင်း | 14.5″ to 20.1″[4] (excludes rings) | ||||||||||||
လေထု[4] | |||||||||||||
အမြင့ | 59.5 km | ||||||||||||
လေထု၌ ဓာတုပါဝင်နှုန်း | ထုထည်အားဖြင့်:
| ||||||||||||
စေတန်ဂြိုဟ်တွင် ကျောက်ခဲ များ၊အမှုန် များ ပါဝင်သော ကြီးမားသော ရေခဲပတ်လမ်းကြောင်းကြီးများ ပါဝင်သည်။ ၎င်းတို့ထဲမှ ၅၉လုံးမှာ လများဖြစ်ပြီး နောက်ထပ်၃လုံးမှာ ၂၀၀၇ခုနှစ်ထိ အတည်ပြုမစစ်ဆေး ရသေးပါ။ ၎င်းတို့ထဲမှ အကြီးဆုံးလ တိုက်တန် ဟူသော အစိတ်အပိုင်းသည်ပင် ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီဂြိုဟ်) ထက် ကြီးမားသည်။
စနေဂြိုဟ်
စနေဂြိုဟ်သည် နက္ခတ္တဗေဒအရ စေတန်ဂြိုဟ်ဖြစ်သည်။ နေစကြဝဠာတွင် ထိုဂြိုဟ်သည် ဂျူပီတာ(ကြာသပတေးဂြိုဟ်) မှလွဲလျှင် အကြီးဆုံးဂြိုဟ်ဖြစ်သည်။ စေတန်ဂြိုဟ်၏ မျက်နှာ ပြင်သည် ကမ္ဘာမြေမျက်နှာပြင်ထက် အဆပေါင်း ၈ဝ ခန့်ကြီး သည်။ စေတန်ဂြိုဟ်တွင် ကွင်းများ ပါရှိသဖြင့် အလွန် ထူးဆန်း အံ့ဩဖွယ်ကောင်းသည်။ ဆက်တန်ဂြိုဟ်လုံး၏အချင်းမှာ မိုင်ပေါင်း ၇၃ဝဝဝ ရှိ၍ အကြီး ဆုံးကွင်း၏ အချင်းမှာ မိုင်ပေါင်း ၁၇ဝဝဝဝ ရှိသည်။ စေတန်ဂြိုဟ်သည် ကမ္ဘာ ဂြိုဟ်၏ ၈ ပုံ ၁ ပုံခန့်လောက်သာ သိပ်သည်း၏။ အကယ်၍ ထိုဂြိုဟ်ကို ရေထဲ၌ချ၍ရလျှင် ပေါလောပေါ်နေမည်ဖြစ်သည်။ စေတန်ဂြိုဟ်ပေါ်၌ သက်ရှိတို့ မနေနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်၏အပူချိန်သည် ဖာရင်ဟိုက်စကေးတွင် သုညဒီဂရီအောက် ၂၅ဝ လောက်ရှိသည်။ ယင်းကို ပတ် ထားသော လေထု၌လည်း သက်ရှိတို့ အသက်ရှင်နိုင်အောင် လုံလောက်သော အောက်ဆီဂျင် မပါရှိချေ။
စေတန်ဂြိုဟ်သည် နေနှင့်ကမ္ဘာတို့မှ အလွန်ဝေးကွာသည်။ နေမှ မိုင်ပေါင်း ၈၈၆ သန်းဝေး၍ ကမ္ဘာမှ မိုင်သန်းပေါင်း ၇၅ဝ ဝေးကွာသည်။ ထိုဂြိုဟ်သည် နေကို တစ်ပတ်လှည့်ပတ် ရန် ၂၉ ၁/၂ နှစ်ခန့် ကြာသည်။ စေတန်ဂြိုဟ်၌ တစ်နှစ် သည် ကမ္ဘာဂြိုဟ်၌ ၂၉ ၁/၂ နှစ်နှင့် ညီမျှသည်။ ဆက်တန် ဂြိုဟ်၏ တစ်ရက်သည် ၁ဝ ၁/၄ နာရီခန့်သာရှိသည်။ စေတန်ဂြိုဟ်၌ ကွင်းပါရှိသည်ကို ခရစ် ၁၆၁ဝ ပြည့်နှစ်ကပင် သိပ္ပံပညာရှိ ဂယ်လီလေယိုက မြင်ခဲ့သည်။ ယခုတွင် စေတန်ဂြိုဟ်၌ ကွင်းသုံးကွင်း ပါရှိကြောင်း သိကြရပြီ။ ထိုကွင်းတို့သည် အလွန်သေးငယ်သော မြူမှုန်တို့ဖြင့် ပြည့် လျက် ရှိသည်။ ထိုမြူမှုန်တို့ကား စေတန်ဂြိုဟ်ကို အလွန် မြန်သော အလျင်နှင့် လှည့်ပတ်နေကြသည်။ စေတန်ဂြိုဟ်၌ အရံဂြိုဟ် ၉ လုံး ခြံရံလျက်ရှိသည်။
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
|
စနေဂြိုဟ်သည် ဝင်ရိုးစွန်းများတွင် ပြား၍ အီကွေတာတစ်လျှောက်တွင် လုံးပတ်ပိုကြီးသော oင်ရိုးစွန်းပြားစက်လုံးပုံ(oblate spheroid) ဖြစ်သည်။[12] အီကွေတာ အချင်းမှာ ၁၂၀,၅၃၆ ကီလိုမီတာ(၇၄,၈၆၇ မိုင်)ရှိပြီး၊ မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းအထိ အချင်းသည် ၁၀၈,၇၂၈ ကီလိုမီတာ(၆၇,၅၃၅ မိုင်) သာရှိပြီး၊ အီကွေတာ အချင်းထက် ၉ ရာခိုင်နှုန်းသေးသည်။[13] စနေဂြိုဟ်၏ ဝင်ရိုးစွန်းပြားစက်လုံးပုံဖြစ်ရခြင်း၏ အကြောင်းရင်းခံမှာ ၎င်း၏ အလွန်လျင်မြန်သော လည်ပတ်မှုကြောင့် ဖြစ်သည်။ ၁၀.၈ နာရီတွင် တစ်ပတ်ပြည့်သည်။ (ကမ္ဘာဂြိုဟ်တစ်ပတ်ပြည့်ရန် ၂၄ နာရီကြာသည်နှင့် ယှဉ်ကြည့်ပါ။) စနေဂြိုဟ်သည် နေအဖွဲ့အစည်း အတွင်း ရေထက်ပေါ့သော တစ်လုံးတည်းသောဂြိုဟ် ဖြစ်သည်။ ဂြိုဟ်၏အတွင်းသားသည် အလွန်ပင်သိပ်သည်းသော်လည်း ၎င်း၏ လွှမ်းခြုံထားသော ဓာတ်ငွေ့ထုကြောင့်၊ သူ၏ သိပ်သည်းဆ(specific density)မှာ ၀.၆၉ ဂရမ်/ကုဗစင်တီမီတာသာ ရှိသည်။ ရေ၏ သိပ်သည်းဆ ၁.၀ ဂရမ်/ကုဗစင်တီမီတာ ထက်နည်းသဖြင့် တင်စားပြီးပြောမည်ဆိုလျှင် ရေပေါ်တွင်ပေါ်နိုင်သည်။[14] |
|
ပြင်ပလေထု
စနေဂြိုဟ်၏ ပြင်ပလေထုကို ၉၆% ဟိုက်ဒရိုဂျင်၊ ၃% ဟီလီယမ်၊ ၀.၄% မီသိန်းနှင့် ၀.၀၁%အမိုးနီးယားတို့ဖြင့် ဖွဲ့စည်းထားသည်။ အက်ဆီတိုင်လီးန်(acetylene)၊ အီသိန်း(ethane)နှင့် ဖစဖီးန်(phosphine)တို့လည်း အနည်းငယ်စီ ပါဝင်သည်။[15]
မြန်မာနက္ခတ်ဗေဒင်ပညာအယူ
မြန်မာကျမ်းဂန်အရ စနေဂြိုဟ်သည် ဂြိုဟ်ကြီး ၉ လုံး တွင် ၇ ခုမြောက် ဂြိုဟ် ဖြစ်သည်။ လှေသင်အတွင်းဝန် စီရင်သော ဝေါဟာရလိနတ္ထဒီပနီတွင် စနေဂြိုဟ်ကို မှန်ပြောင်းဖြင့် ကြည့်၍ မြင်ရသည်ကို ဤသို့ မှတ်သားထားသည်။ 'ထိုစနေကြယ် ဗိမာန်ကား ၁င်္ဝ ခန့်ကြီးသည်။အလယ်တွင် ပတ္တမြားလုံး သဏ္ဌာန် ရှိသည်။ အနားမှာ ဖြူစင်လှသောပိတ် ရစ်သကဲ့သို့ ဖွေးဖွေးပြင်ပြင် မြင်သည်။ လက်ဝဲလက်ယာ ၂ ဖက်တွင် မည်းသောအဆင်းနှင့် တွင်းအပေါက်ကဲ့သို့ ထင်မြင်သည်။ အနီးအပါးတွင် အရံကြယ် ၅ လုံးရှိသည်။ အလုံးအဝန်းမဟုတ်၊ ကြက်ဥသဏ္ဌာန်ခပ်လျားလျား ထင်သည်။'
စနေဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ်၏ ၇ ရက်မြောက် သောနေ့ကို စနေနေ့ဟုခေါ်သည်။ မြန်မာကျမ်းဂန်အရ ကဆုန်၊ တော်သလင်း၊ ပြာသိုလများတွင် စနေနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက် များဟူ၍ မှတ်ယူကြသည်။
စနေဂြိုဟ်နတ်မင်း စီးသော ဂြိုဟ်ကောင်မှာ နဂါးမင်း ဖြစ် သည်။ 'နောက်တောင် စနေ၊ နဂါးမြွေ၊ မှတ်လေဆယ်နှစ်ရ' ဟူသော ဂြိုဟ်လင်္ကာအရ စနေဂြိုဟ်သက်မှာ ၁ဝ နှစ်၊ တည်နေရာအရပ်မှာ အနောက်တောင်အရပ်ဖြစ်သည်။ ဗေဒင်အခေါ် အားဖြင့် စနေဂြိုဟ်ကို သောရိဟု ခေါ်၏။ မြန်မာအက္ခရာအားဖြင့် ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဟူသော ဋဝဂ်နှင့် တဝဂ် အက္ခရာများကို စနေနံအက္ခရာများဟုခေါ်သည်။[16]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- Walter၊ Elizabeth (21 April 2003)။ Cambridge Advanced Learner's Dictionary (Second ed.)။ Cambridge University Press။ ISBN 978-0-521-53106-1။
- "Numerical expressions for precession formulae and mean elements for the Moon and planets" (February 1994). Astronomy and Astrophysics 282 (2): 663–683. Bibcode: 1994A&A...282..663S.
- Seligman၊ Courtney။ Rotation Period and Day Length။ 11 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2009 တွင် ပြန်စစ်ပြီး။
- Williams၊ David R. (7 September 2006)။ Saturn Fact Sheet။ NASA။ 9 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 July 2007 တွင် ပြန်စစ်ပြီး။
- The MeanPlane (Invariable plane) of the Solar System passing through the barycenter (3 April 2009)။ 14 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 April 2009 တွင် ပြန်စစ်ပြီး။ (produced with Solex 10 Archived 1 March 2008 at the Wayback Machine. written by Aldo Vitagliano; see also Invariable plane)
- "Report of the IAU/IAG Working Group on cartographic coordinates and rotational elements: 2006" (2007). Celestial Mechanics and Dynamical Astronomy 98 (3): 155–180. doi: . Bibcode: 2007CeMDA..98..155S.
- NASA: Solar System Exploration: Planets: Saturn: Facts & Figures။ Solarsystem.nasa.gov (22 March 2011)။ 5 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 August 2011 တွင် ပြန်စစ်ပြီး။
- "'Nature' (Saturn's fast spin determined from its gravitational field and oblateness)" (2 February 2015). Nature.
- Schmude, Richard W. Junior (2001). "Wideband photoelectric magnitude measurements of Saturn in 2000" 59 (3): 123–127. Georgia Journal of Science.
- Sailormoon Terms and Information. Robin (1996). Retrieved on July 5, 2007.
- Crystal, Ellie. Saturn Mythology. Crystalinks.com. Retrieved on February 28, 2007.
- Saturn။ Information Leaflet No. 42။ Royal Greenwich Observatory (2009)။ 2011-04-26 တွင် ပြန်စစ်ပြီး။
- Cassini–Huygens Saturn arrival (PDF)။ Press kit June 2004။ National Aeronautics and Space Administration။ 2011-06-25 တွင် ပြန်စစ်ပြီး။
- Verba၊ Joan Marie (1991)။ Voyager: Exploring the outer planets။ FTL Publications။ p. 20။ ISBN 0-9825232-0-3။
- Saturn။ MIRA: field trips to the stars: the Solar System။ Monterey Institute of Research in Astronomy (2006)။ 2011-06-19 တွင် ပြန်စစ်ပြီး။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ပြင်ပလင့်ခ်များ
Wikimedia Commons တွင် စနေဂြိုဟ် နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
- Saturn at Space Wiki
- Saturn at ESA/Hubble
- Saturn Profile by NASA's Solar System Exploration
- Saturn - About Space
- NASA's Saturn fact sheet
- NASA's Cassini mission to Saturn
- Change of seasons on Saturn
- Theoretical description of the rings of Saturn
- Saturn Research News
- A Trip Into Space Description and photos of Saturn
- Planets - Saturn A kid's guide to Saturn.
- A WAV file of radio emissions from Saturn
- NASA's Cassini Images of Hexagon on Saturn