စနေဂြိုဟ်၏ ဂြိုဟ်ရံလများ

စနေဂြိုဟ်၏ ဂြိုဟ်ရံလများ များသည် များပြား ကွဲပြားကြပြီး[1] ၁ ကီလိုမီတာအောက် ငယ်သော လကလေး (moonlet) မှသည် မာကျူရီဂြိုဟ်ထက် ပိုကြီးသည့် တိုက်တန်အထိ ရှိကြသည်။ စနေဂြိုဟ်၌ အတည်ပြုပြီး ဂြိုဟ်ပတ်လမ်းကြောင်းရှိ ဂြိုဟ်ရံလပေါင်း ၈၂ စင်းရှိပြီး ကျန်သော ၅၃ စင်းမှာမူ အမည်သတ်မှတ်ထားသော်လည်း ၁၃ စင်းမှာ ၅၀ ကီလိုမီတာကျော်ခန့်သာ ကြီးမားကြသည်။ ယင်းတို့၏ ပတ်လမ်းကြောင်းများသည် ရှုပ်ထွေးလှသည်။[2][3] စနေဂြိုဟ်၏ သိသာထင်ရှားသော ဂြိုဟ်ရံလများမှာ တိုက်တန်ဖြစ်ပြီး ဂျူပီတာဂြိုဟ်ဂျန်နမိတ်ပြီးလျင် နေအဖွဲ့အစည်း၌ ဒုတိယအကြီးဆုံး လတစ်စင်းဖြစ်သည်။ ယင်းဂြိုဟ်ရံလတွင် နိုက်ထရိုဂျင်ကြွယ်ဝသည့် ကမ္ဘာမြေကဲ့သို့ လေထုတည်ရှိပြီး မြစ်ချောင်းများကဲ့သို့ မြေမျက်နှာသွင် တည်ရှိကာ ဟိုက်ဒရိုကာဗွန် အင်းအိုင် တည်ရှိသည်။ ဤကဲ့သို့သော သွင်ပြင်လက္ခဏာများကို နေအဖွဲ့အစည်း၏ မည်သည့်နေရာတွင်မှ မတွေ့ရပေ။[4] အန်ဆဲလ်ဒပ်စ် ၏ ဓာတုဖွဲ့စည်းပုံမှာ ကြယ်တံခွန်များ၏ ဓာတုဖွဲ့စည်းပုံနှင့် ဆင်တူသည်။[5] အန်ဆဲလ်ဒပ်စ်သည် ဓာတ်ငွေ့နှင့် ဖုန်မှုန်များကို ပန်းထုတ်နေသောကြောင့် တောင်ဝင်ရိုးစွန်းဒေသ၏ အောက်ခြေ၌ ရေတည်ရှိသည်ဆိုသည်အား ညွန်ပြနေသည်။ ယင်းအချက်သည် မြေမျက်နှာပြင်အောက်ခြေ၌ သမုဒ္ဒရာ တည်ရှိနိုင်ကောင်း၏။[6]

စနေဂြိုဟ် ကွင်းစနစ်နှင့် ယင်း၏ဂြိုဟ်ရံလတို့အား အနုပညာရှင်မှ စိတ်ကူးပုံဖော်ထားပုံ
Saturn, its rings and major icy moons—from Mimas to Rhea
Images of several moons of Saturn. From left to right: Mimas, Enceladus, Tethys, Dione, Rhea; Titan in the background; Iapetus (top right) and irregularly shaped Hyperion (bottom right). Some small moons are also shown. All to scale.

စနေဂြိုဟ်၏ ဂြိုဟ်ရံလ ၂၄ စင်းသည် ပုံမှန် ဂြိုဟ်ရံလများဖြစ်ပြီး[7] ကျန်သော ၅၈ စင်းမှာ ပုံမှန်မဟုတ်သော ဂြိုဟ်ရံလများ ဖြစ်ကြသည်။


ကိုးကား

  1. Corum၊ Jonathan။ "Mapping Saturn’s Moons"၊ New York Times၊ December 18, 2015 December 18, 2015 တွင် ပြန်စစ်ပြီး
  2. Solar System Exploration Planets Saturn: Moons: S/2009 S1 NASA January 17, 2010 တွင် ပြန်စစ်ပြီး။
  3. Sheppard, Scott S.။ The Giant Planet Satellite and Moon Page Departament of Terrestrial Magnetism at Carniege Institution for science။ 2008-08-28 တွင် ပြန်စစ်ပြီး။
  4. Titan: Facts About Saturn's Largest Moon
  5. Battersby၊ Stephen (March 26, 2008)။ Saturn's moon Enceladus surprisingly comet-like New Scientist April 16, 2015 တွင် ပြန်စစ်ပြီး။
  6. Enceladus - Overview - Planets - NASA Solar System Exploration 2013-02-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. Moons
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.