နက်ပကျွန်းဂြိုဟ်၏ ဂြိုဟ်ရံလများ

နက်ပကျွန်းဂြိုဟ်ဂြိုဟ်ရံလ ၁၄ စင်းရှိပြီး အကြီးဆုံးမှာ ထရီတွန်ဖြစ်ကာ William Lassell ဆိုသူက ၁၈၄၆ အောက်တိုဘာ ၁၀ ၌ ရှာဖွေတွေ့ရှိခဲ့သည်။ ထရီတွန်သည် ထူးခြားသည့် ဂြိုဟ်ရံလဖြစ်ကာ ယင်း၏ လည်ပတ်သည့် လမ်းကြောင်းသည် နက်ပကျွန်း၏ လည်ပတ်သည့်လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် (retrograde orbit) ဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာ ထရီတွန်သည် နက်ပကျွန်းဂြိုဟ် ဖွဲ့တည်ခဲ့စဉ်က ရှိနေခြင်း မဟုတ်ဘဲ နောက်မှ နက်ပကျွန်း၏ ဒြပ်ဆွဲအားဖြင့် ဖမ်းယူခံခဲ့ရခြင်း ဖြစ်နိုင်သည်။ နေအဖွဲ့အစည်းရှိ စနေဂြိုဟ်၏ ပုံမှန်မဟုတ်သော ဂြိုဟ်ရံလ ဖီဘီမှာ ထရီတွန်ထုထည်၏ ၀.၀၃% သာလျင်ရှိသည်။

၁၉၈၉ ခုနှစ်တွင် ဗွိုင်ယေဂျာ ၂ ဖြတ်ပျံသန်းစဉ် ၃ ရက်အကြာက နက်ပကျွန်းဂြိုဟ် (ထိပ်) နှင့် ထရီတွန် (အောက်ခြေ)


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.