ယူရေးနပ်စ်ဂြိုဟ်

ယူရေးနပ်စ် (အင်္ဂလိပ်: Uranus)သည် နေအဖွဲ့အစည်းအတွင်းတွင် နေမှစ၍ ၇ ခုမြောက် ဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ်သည် ဧရာမဓာတ်ငွေ့အစိုင်အခဲ(gas giant) ကြီးတစ်ခုဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် တတိယမြောက်အကြီးဆုံးဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ်သည် ရေခဲများ၊ ဓာတ်ငွေ့များ နှင့် သံရည်များဖြင့် ဖွဲ့စည်းထားသည်။ လေထုထဲတွင် ဟိုက်ဒရိုဂျင်ဟီလီယမ်နှင့် မီသိန်းဓာတ်ငွေ့တို့ပါဝင်သည်။ ယူရေးနပ်စ်ဂြိုဟ်ပေါ်ရှိ အပူချိန်မှာ အနှုတ် ၁၉၇ ဒီဂရီ ဆဲလ်စီးယပ် သို့ ၇၉ ကယ်လ်ဗင် ဖြစ်သည်။ ဂြိုဟ်ရံလပေါင်း ၂၇ စင်း ရှိပြီး[15] အကြီးဆုံးလ ၅ စင်းမှာ မီရန်ဒါ(Miranda)၊ အေရီယယ်(Ariel)၊ အမ်ဘရီယယ်(Umbriel)၊ တိုက်တေးနီးယား(Titania) နှင့် အော်ဘီယွန် (Oberon) တို့ဖြစ်သည်။ ယူရေးနပ်စ်ဂြိုဟ်သည် သူ၏ ဝင်ရိုးပေါ်တွင် အလွန်ပင်တိမ်းစောင်းနေသဖြင့် ဒေါင်လိုက်လည်ပတ်နေသည့်ပမာပင် ဖြစ်သည်။ ယူရေးနပ်စ်သည် နေကိုတစ်ပတ်ပတ်နိုင်ရန်အတွက် ကမ္ဘာ၏နှစ်နှင့်တွက်လျှင် ၈၄ နှစ်မျှကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၁၇ နာရီ ၁၄ မိနစ်မျှသာ ကြာသည်။ ထို့ကြောင့် ယူရေးနပ်စ်ဂြိုဟ်၏ တစ်နှစ်တွင် ၄၂၀၀၀ ရက်မျှရှိသည်ဟု တွက်ချက်ရနိုင်သည်။ ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ကြားရှိ အကွာအဝေးမှာ ၁.၆ ဘီလီယံ ကီလိုမီတာဖြစ်သည်။ ယူရေးနပ်စ်ဂြိုဟ်ကို ၁၇၈၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယူရေးနပ်စ်ဂြိုဟ်တွင် ခါးပတ် (ring) ပေါင်း ၁၁ ခုရှိသော်လည်း ကမ္ဘာမှမြင်နိုင်ရန် ခဲယဉ်းသည်။

Uranus
၁၉၈၆ ဗွိုင်ယေဂျာ ၂ မှ
ယူရေးနစ်ပ်အား ရိုက်ကူးထားပုံ
ရှာဖွေတွေ့ရှိခြင်း
ရှာဖွေတွေ့ရှိခဲ့သူဝီလီယံ ဟာရှယ်
ရှာဖွေတွေ့ရှိသည့် ရက်စွဲ၁၃ မတ် ၁၇၈၁
အသံထွက်/ˈjʊərənəs/ ( ) or /jʊˈrnəs/ ( )[1][2]
ပါဝင်အရာဝတ္ထုများUranian
ပတ်လမ်း ဂုဏ်အင်များ[3][မှတ်စု 1]
Epoch J2000
အဝေးဆုံးပတ်လမ်း20.11 AU
(3,008 Gm)
အနီးဆုံးပတ်လမ်း18.33 AU
(2,742 Gm)
ဆီမီး မေဂျာ ဝင်ရိုး
19.2184 AU
(2,875.04 Gm)
ပတ်လမ်း ဗဟိုကျမှု0.046381
ပတ်လမ်း ကာလ
  • 84.0205 yr
  • 30,688.5 d[4]
  • 42,718 Uranian solar days[5]
ပတ်လမ်း ကာလ
369.66 days[6]
ပျမ်းမျှ ပတ်နှုန်း
6.80 km/s[6]
ပျမ်းမျှ မူမမှန်မှု
142.238600°
ပတ်လမ်း တိမ်းစောင်းမှု0.773° to ecliptic
6.48° နေ၏ အီကွေတာသို့
1.02° to invariable plane[7]
Longitude of ascending node
74.006°
Argument of perihelion
96.998857°
သိရသည့် ဂြိုဟ်ရံလများ၂၇
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ပျမ်းမျှ အချင်းဝက်
25,362±7 km[8][မှတ်စု 2]
အီကွေတာ အချင်းဝက်
25,559±4 km
4.007 Earths[8][မှတ်စု 2]
ဝင်ရိုးစွန်း အချင်းဝက်
24,973±20 km
3.929 Earths[8][မှတ်စု 2]
ပြားချပ်မှု0.0229±0.0008[မှတ်စု 3]
စက်ဝန်းမျဉ်း159,354.1 km[4]
မျက်နှာပြင် ဧရိယာ
8.1156×109 km2[4][မှတ်စု 2]
15.91 Earths
ထုထည်6.833×1013 km3[6][မှတ်စု 2]
63.086 Earths
အရွယ်အစား(8.6810±0.0013)×1025 kg
14.536 Earths[9]
GM=5,793,939±13 km3/s2
ပျမ်းမျှ သိပ်သည်းဆ
1.27 g/cm3[6][မှတ်စု 2]
မျက်နှာပြင် ဒြပ်ဆွဲအား
8.69 m/s2[6][မှတ်စု 2]
0.886 g
လွတ်မြောက်အလျင်
21.3 km/s[6][မှတ်စု 2]
ဘေးဘက် လှည့်ပတ်ကာလ
0.71833 d
17 h 14 min 24 s[8]
အီကွေတာ လည်ပတ်မှု အလျင်
2.59 km/s
9,320 km/h
ဝင်ရိုးတိမ်းစောင်းမှု
97.77° (to orbit)[6]
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု
17° 9 15
257.311°[8]
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု
−15.175°[8]
Albedo0.300 (Bond)
0.51 (geom.)[6]
မျက်နှာပြင် အပူချိန် min mean max
1 bar level[10] ၇၆ ကယ်လ်ဗင် (−၁၉၇.၂ ဒီဂရီ စင်တီဂရိတ်)
0.1 bar
(tropopause)[11]
47 K 53 K 57 K
မြင်သာသော အရွယ်အစား
5.9[12] to 5.32[6]
ထောင့်ဖြတ်အချင်း
3.3″ to 4.1″[6]
လေထု[11][13][14][မှတ်စု 4]
အမြင့
27.7 km[6]
လေထု၌ ဓာတုပါဝင်နှုန်း(Below 1.3 bar)

Gases:

ရေခဲ:

    ယူရေးနပ်စ်ဂြိုဟ်

    ယူရေးနပ်စ်သည် ကျွန်ုပ်တို့ နေစကြဝဠာအတွင်းရှိ ဂြိုဟ်တစ်လုံး ဖြစ်သည်။ နေမှစ၍ အစဉ် လိုက်ရေတွက်လျှင် ထိုဂြိုဟ်သည် ခုနစ်ခုမြောက်ဂြိုဟ်ဖြစ်သည်။ ထိုဂြိုဟ်ကို ဂျာမန်-အင်္ဂလိပ် သွေးစပ်သည့် ဝီလီယံ ဟာရှယ်ဆိုသူ ထင်ရှားသော နက္ခတ္တဗေဒ ပညာရှင်တစ်ဦးက စတင်တွေ့ရှိခဲ့လေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် သူ၏ နက္ခတ်ကြည့် ကရိယာများကို မကျေနပ်သဖြင့် တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ ကြီးမား အားကောင်းသော နက္ခတ်ကြည့်မှန်ပြောင်းများကို ပြုလုပ်ခဲ့လေသည်။ ထိုသို့ အကြိမ်ကြိမ် ပြုလုပ်လာခဲ့ရာ ထိုခေတ်ရှိ အဝေးကြည့်မှန်ပြောင်းများအနက် အကောင်းဆုံးကို ပြုလုပ်ပြီးသော ၁၇၈၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ယူရေးနပ်စ်ကို ပထမဆုံး စတင်တွေ့ ခဲ့သည်။ စ၍ တွေ့စဉ်က ထိုဂြိုဟ်ကို ကြယ်တံခွန်တစ်ခုမျှ သာဖြစ်သည်ဟု ထင်မှတ်ခဲ့လေသည်။

    ယူရေးနပ်စ်ဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့သူ ဝီလျံဟာရှယ်

    ထိုနောက် ညဉ့်တိုင်းဆက်၍ ထိုကြယ်တံခွန်ဟု ထင်ရသည့် အရာကို ကြည့်သောအခါတွင် ထိုအရာသည် ကြယ်များအကြား၌ နေရာရွှေ့လျက်ရှိသည်ကို တွေ့ခဲ့လေသည်။ ထိုသို့ မြင်ရ သည့်တိုင်အောင် သူမြင်ရသည့် အရာသည် ဂြိုဟ်တစ်လုံး ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ချေ။ ထိုသို့ မထင်မိခဲ့သဖြင့် သူ့အား အပြစ် မတင်ထိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအခါက အဝေးကြည့်မှန်ပြောင်းများကို တီထွင်လာနိုင်ကြသည်မှာ နှစ်ပေါင်း တစ်ရာငါးဆယ်ကျော်လာပြီဖြစ်၍ ထိုအဝေးကြည့် မှန်ပြောင်းများဖြင့် ကောင်းကင်ပြင်ကို ရှာဖွေခဲ့ကြရာ ဂြိုဟ် အတော်များများကို တွေ့ရှိထားပြီးဖြစ်သောကြောင့် ဖြစ်ပေသည်။ ထိုကြောင့် သူသည် ကြယ်တံခွန်တစ်ခုကို တွေ့ရှိထားသည့်အကြောင်း ရေးသားကာ ထုတ်ဝေလိုက်လေသည်။

    ဥရောပတိုက်ရှိ အဓိက နက္ခတ်မျှော်စင်ကြီးများမှ ထိုကြယ်တံခွန်ဟု ထင်ရသောအရာကို ဂရုတစိုက်နှင့်ကြည့်ကြရာတွင် ကြယ်တံခွန်တစ်ခုက ပြုမူထိုက်သည်တို့ကို မပြုမူဘဲနေသည်ကို တွေ့ခဲ့ကြလေသည်။ ထိုနောက် နေ့စဉ်ရက်ဆက် ဇွဲဖြင့် ကြည့်ရှုသောအခါတွင် ထိုကြယ်တံခွန်ဟု ထင်ရသော အရာသည် လမ်းတစ်ခုတွင် သွားလျက်ရှိသည်ကို တွေ့ခဲ့ကြလေသည်။ ထိုကြောင့် ဟာရှယ်အား ထိုဂြိုဟ်ကို စတင်၍ တွေ့ရှိသူဖြစ်သည်ဟု ဆိုကြလေသည်။ ထိုအခါ ဟာရှယ်က ပထမတွင် သူ့အား စောင့်ရှောက်ထားသည့် အင်္ဂလန်ပြည့်ရှင် ဘုရင်ကို အမွှမ်းတင်လိုသဖြင့် သူတွေ့ရှိခဲ့သည့် ထိုဂြိုဟ်ကို ဂျော်ဂျီ ယန်ဆိဒပ်ဟု အမည်ပေးလိုက်လေသည်။ ထိုအမည်ကို နက္ခတ္တဗေဒ ပညာရှင်များက သဘောမကျကြချေ။ ထိုကြောင့် နာမည်အမျိုးမျိုးကို ပေးခဲ့ကြရာ နောက်ဆုံးတွင် ဂျာမန်လူမျိုး နက္ခတ္တဗေဒ ပညာရှင်တစ်ဦးက ယူရေးနပ်စ်ဟူသော အမည်ကို အကြံပေး လိုက်လေသည်။ ထိုသို့ အကြံပေးရာတွင် ရှေးယခင်ဂြိုဟ်များအား အမည်ပေးရာတွင် အသုံးပြုသည့်နည်းကို အသုံးပြုထားသဖြင့် နက္ခတ္တေဒေ ပညာရှင်များက သဘောတူ လက်ခံလိုက်ကြလေသည်။ ရှေးပညာရှင်များကမူ အထူးသဖြင့် ဂရိလူမျိုးတို့က ယူရေးနပ်စ်မှာ ရှေးအကျဆုံးနတ်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ထိုအမည်အရ ကောင်းကင်ပြင်ဟု အဓိပ္ပာယ်ရနေလေသည်။ ဂရိလူမျိုးတို့၏ ယုံကြည်ချက်အရ ထိုနတ်ကြီးက ကမ္ဘာမြေကြီးသို့ အပူ၊ အလင်းနှင့် မိုးများကို ပေးခဲ့သည်။ ယူရေးနပ်စ်သည် ဂျီယာအမည်ရှိသော ကမ္ဘာမြေကြီး နတ်သမီး၏ လင်ယောကျာ်း ဖြစ်သည်။ သူသည် ဆိုင်းကလုပ်၊ တိုင်တန်နှင့် ရီးအ ဆိုသည့် လက်ပေါင်းတစ်ရာစီရှိသော ဘီလူးတို့၏ ဖခင်ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ သားအငယ်ဆုံး ဆက်တန် (စနေဂြိုဟ်) က သူ၏ နန်းကို သိမ်းပိုက်ကာ သူ့အား သတ်ပစ်လိုက်သည်။ ဖျူရီးခေါ် ဒေါသတရားသည် ယူရေးနပ်စ်၏ သွေးမှ ဖြစ်ပေါ် လာခဲ့သည်။

    ယူရေးနပ်ဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်အား နှိုင်းယှဉ်ပြထားပုံ

    ထိုဂြိုဟ်၏ လမ်းကြောင်း နက္ခတ္တဗေဒပညာရှင်များက ပြည့်စုံစွာ တွက်ချက်ပြီးသောအခါတွင် ထိုယူရေးနပ်ဂြိုဟ်ကို ယခင်ကလည်း အကြိမ်ကြိမ် တွေ့ခဲ့ကြဘူးကြောင်း သိလာကြလေသည်။ သို့သော် ထိုစဉ်က ထို ဂြိုဟ်ကို တည်မြဲကြယ် တစ်လုံးမျှသာ ဖြစ်သည်ဟု ယူဆခဲ့ကြလေသည်။ ယူရေးနပ်စ်ဂြိုဟ်သည် နေနှင့်မိုင်ပေါင်း ၁၇၈၂ဝဝဝဝဝဝ မျှ ဝေးကွာပြီးလျှင် ကိုယ်ပိုင်ဝင်ရိုးပေါ်၌ ၁ဝ နာရီနှင့် မိနစ် ၅ဝ မျှအကြာတွင် တစ်ပတ်ပြည့်အောင် လည်လျက်ရှိလေသည်။ ထိုပြင် နေကို ပတ်သွား ရာတွင်တစ်ပတ်ပတ်မိစေရန် ၈၄ နှစ် နှင့် ၈ ရက်ကြာလေသည်။ ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာသည် ယူရေးနပ်စ်နှင့် နေ၏အကြားသို့ ၃၆၉ ရက်နှင့် ၉ နာရီ အကြာတွင် တစ်ကြိမ်ရောက်ရှိသွားလေသည်။ ယူရေး နပ်ဂြိုဟ်၏ လမ်းတွင် ထူခြားချက်ကို တွေ့ရှိကြရာမှ နက်ပကျွန်းဂြိုဟ်ကို တွေ့ရှိလာကြလေသည်။ ထိုနက်ပကျွန်းဂြိုဟ်၏ ပြုပြင်ပေးမှုကြောင့် ယူရေးနပ်၏ လမ်းတွင် ထူးခြားချက် ရှိနေခြင်း ဖြစ်ပေသည်။ ယူရေးနပ်စ်ဂြိုဟ်၏ အချင်းမှာ မိုင်ပေါင်း ၃၂ဝဝဝ မျှ ရှိသည်ဟု ယုံကြည်ကြ၏။ တစ်နည်းဆိုလျှင် ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာ၏ အချင်းထက် လေးဆမျှပို၍ ကြီးလေသည်။ အချို့ နက္ခတ်ပညာရှင်များ ကမူ ထိုဂြိုဟ်၏အချင်းသည် မိုင်ပေါင်း ၂၈၅ဝဝ ရှိသည်ဟု ယုံကြည်ကြသည်။ ထိုဂြိုဟ်၏ ထုထည်သည် ကျွန်ုပ်တို့ ကမ္ဘာထက်အဆပေါင်း ၆၄ ဆမက ကြီးသည်။ ယင်း၏ ဒြဗ်ထုမှာ ကျွန်ုပ်တို့ ကမ္ဘာထက် ၁၄ ၁/၂ ဆမျှ ပို၍၊ သိပ်သည်းမှုတွင် ယင်းသည် ကမ္ဘာ၏ လေးချိုးတစ်ချိုးမျှသာ ရှိသည်။ ထိုဂြိုဟ်သည် ဓာတ်ငွေ့တစ်ဝက်တစ်ပျက်အခြေ၌သာ ရှိကောင်းရှိလိမ့်မည်ဟု သိပ္ပံပညာရှင်များက ယူဆကြလေသည်။

    ၂ဝဝ၅ ခုနှစ် ယူရေးနပ်စ်ဂြိုဟ်မှ ကွင်းများ၊ တောင်ဝင်ရိုးစွန်းခြမ်းတွင် တိမ်များကို မြင်နိုင်သည်။

    ယူရေးနပ်စ်၌ လ၊ သို့မဟုတ် အရံဂြိုဟ် ၅ လုံးရှိသည်။ ထိုလများကို (၁) အေရီယမ်၊ (၂) အမ်ဗရီယယ်၊ (၃) တိုင်တန်းနီးယား၊ (၄) အိုဗရွန်နှင့် (၅) မီရန်ဒါဟု အမည် ပေးထားသည်။ နက္ခတ္တဗေဒပညာရှင်များက ခြောက်ခုမြောက် လတစ်လုံးပင် ရှိလိမ့်ဦးမည်ဟု ယူဆကြသည်။ ထိုအရန်ဂြိုဟ်ကလေးများသည် သေးငယ်လှသဖြင့် လွန်စွာ မိန်ကြသည်။ ယင်းတို့၏ လမ်းများမှာလည်း တစ်ခုနှင့်တစ်ခု နီးကပ်လျက် တည်ရှိနေကြသည်၊ ထိုအရန်ဂြိုဟ်များ၏ ထူးခြားချက်မှာ ယင်းတို့၏ ပြင်ညီသည် ယူရေးနပ်ဂြိုဟ်၏ ပြင်ညီတွင်၊ သို့မဟုတ် ပြင်ညီလောက်တွင် တည်ရှိမနေကြခြင်းဖြစ်သည်။ ထိုသို့ ယူရေးနပ်၏ ပြင်ညီတွင်မရှိဘဲ ထိုပြင်ညီနှင့် မျဉ်းမတ်နီးနီးတွင် တည်ရှိနေကြသဖြင့် ထိုအရန်ဂြိုဟ်များသည် သွားလျက်ရှိသော ပြင်ညီများကို ကမ္ဘာမှ ကြည့်လျှင် တစ်ခါတစ်ရံတွင်မူ ပြားလိုက် မြင်ရလေသည်။ ထိုအရန်ဂြိုဟ်များ၏ လမ်းများသည် ၉၈ ဒီဂရီ မျှတွင် တည်ရှိကြသဖြင့် မျဉ်းမတ်ထက်ပင် ကျော်လွန်နေလေသည်။ ထိုကြောင့် ယူရေးနပ်၏ အရန်ဂြိုဟ်များသည် ယင်းတို့၏ လမ်းများကို သွားကြရာတွင် ပြောင်းပြန် သွားလျက်ရှိကြသည်ဟု ဆိုနိုင်သည်။

    အခြားကြည့်ရန်

    မှတ်စု

    1. These are the mean elements from VSOP87, together with derived quantities.
    2. Refers to the level of 1 bar atmospheric pressure.
    3. Calculated using data from Seidelmann, 2007.[8]
    4. Calculation of He, H2 and CH4 molar fractions is based on a 2.3% mixing ratio of methane to hydrogen and the 15/85 He/H2 proportions measured at the tropopause.

    ကိုးကား

    1. "Uranus"။ Oxford English Dictionary (2 ed.)။ 1989။
    2. The BBC Pronunciation Unit notes that /ˈjʊərənəs/ "is the preferred usage of astronomers":Olausson၊ Lena; Sangster, Catherine (2006)။ The Oxford BBC Guide to Pronunciation။ Oxford, England: Oxford University Press။ p. 404။ ISBN 978-0-19-280710-6
    3. "Numerical expressions for precession formulae and mean elements for the Moon and planets" (February 1994). Astronomy and Astrophysics 282 (2): 663683. Bibcode: 1994A&A...282..663S.
    4. Munsell၊ Kirk (May 14, 2007)။ NASA: Solar System Exploration: Planets: Uranus: Facts & Figures NASA။ August 13, 2007 တွင် ပြန်စစ်ပြီး။
    5. Seligman၊ Courtney။ Rotation Period and Day Length August 13, 2009 တွင် ပြန်စစ်ပြီး။
    6. Williams၊ Dr. David R. (January 31, 2005)။ Uranus Fact Sheet NASA။ August 10, 2007 တွင် ပြန်စစ်ပြီး။
    7. The MeanPlane (Invariable plane) of the Solar System passing through the barycenter (April 3, 2009)။ April 10, 2009 တွင် ပြန်စစ်ပြီး။ (produced with Solex 10 written by Aldo Vitagliano; see also Invariable plane)
    8. "Report of the IAU/IAG Working Group on cartographic coordinates and rotational elements: 2006" (2007). Celestial Mechanics and Dynamical Astronomy 98 (3): 155–180. doi:10.1007/s10569-007-9072-y. Bibcode: 2007CeMDA..98..155S.
    9. "The masses of Uranus and its major satellites from Voyager tracking data and earth-based Uranian satellite data" (June 1992). The Astronomical Journal 103 (6): 2068–2078. doi:10.1086/116211. Bibcode: 1992AJ....103.2068J.
    10. "Comparative models of Uranus and Neptune" (December 1995). Planetary and Space Science 43 (12): 1517–1522. doi:10.1016/0032-0633(95)00061-5. Bibcode: 1995P&SS...43.1517P.
    11. Lunine, Jonathan I. (September 1993). "The Atmospheres of Uranus and Neptune". Annual Review of Astronomy and Astrophysics 31: 217–263. doi:10.1146/annurev.aa.31.090193.001245. Bibcode: 1993ARA&A..31..217L.
    12. Espenak, Fred (2005)။ Twelve Year Planetary Ephemeris: 1995–2006 NASA 2007-06-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 14, 2007 တွင် ပြန်စစ်ပြီး။
    13. "The Atmosphere of Uranus: Results of Radio Occultation Measurements with Voyager 2" (December 30, 1987). Journal of Geophysical Research 92 (A13): 14,987–15,001. American Geophysical Union. doi:10.1029/JA092iA13p14987. ISSN 0148-0227. Bibcode: 1987JGR....9214987L.
    14. "The Helium Abundance of Uranus from Voyager Measurements" (1987). Journal of Geophysical Research 92 (A13): 15003–15010. doi:10.1029/JA092iA13p15003. Bibcode: 1987JGR....9215003C.
    15. "An Ultradeep Survey for Irregular Satellites of Uranus: Limits to Completeness" (2005). The Astronomical Journal 129: 518. doi:10.1086/426329. Bibcode: 2005AJ....129..518S.


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.