သောကြာဂြိုဟ်
သောကြာဂြိုဟ် (အင်္ဂလိပ်: Venus)သည် နေနှင့် ဒုတိယမြောက် အနီးဆုံးဂြိုဟ်ဖြစ်သည်။ ကျောက်တုံးကျောက်ခဲများ၊ ချိုင့်ခွက်ကြီးများ၊ အလွန်ကြီးမားသော မီးတောင်ကြီးများ ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နှင့် အဆိပ်ဓာတ်ဖြစ်သော ဆာလဖျူရစ်အက်ဆစ်တို့နှင့် ဖွဲ့စည်းထားသော သိပ်သည်းမှုအား မြင့်မားသော လေထုရှိသည်။ ဆာလဖျူရစ်အက်ဆစ်သည် ကမ္ဘာမြေ၏ အပူချိန်၌ အရည်အဖြစ် အသွင်သဏ္ဌာန် ရှိသော်လည်း သောကြာဂြိုဟ်၏ အပူချိန်မှာ အလွန်မြင့်မားသည့်အတွက် အငွေ့အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီး ထူထပ်သော ဓာတ်ငွေ့တိမ်တိုက်များ ဖြစ်ပေါ်နေသည်။ ထို အက်ဆစ်တိမ်တိုက်များသည် တစ်နာရီလျှင် ၃၆၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျှက် ရှိကြသည်။ မှန်လုံအိမ်အကျိုးသက်ရောက်မှုကြောင့် သောကြာဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အပူပြင်းဆုံးဂြိုဟ် အဖြစ်တည်ရှိသည်။ အလွန်ပူပြင်းလှသည့် အတွက် ကမ္ဘာပေါ်ရှိ မည်သည့်အရာမျှ သောကြာဂြိုဟ်ပေါ်တွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ သောကြာဂြိုဟ်တွင် လွန်စွာထူထပ်သော တိမ်ထုရှိသည့်အတွက် ဂြိုဟ်၏မျက်နှာပြင်ကို ကမ္ဘာမြေပေါ်မှ ရေဒါ အကူအညီမပါပဲ မမြင်နိုင်ပေ။
မာရီနာ ၁၀ အာကာသယဉ်မှ ရိုက်ကူးထားသော ဗီးနစ်ပ်ဂြိုဟ်၏ အရောင်မှန်ပုံရိပ်။ မျက်နှာပြင်သည် ထူထပ်သည့် ဆာလဖာဒိုင်အောက်ဆိုဒ်တိမ်တိုက်ဖြင့် လွှမ်းခြုံထားသည်။ | |||||||||||||
အသံထွက် | /ˈviːnəs/ ( ) | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ပါဝင်အရာဝတ္ထုများ | Venusian or (rarely) Cytherean, Venerean | ||||||||||||
ပတ်လမ်း ဂုဏ်အင်များ[2][3] | |||||||||||||
Epoch J2000 | |||||||||||||
အဝေးဆုံးပတ်လမ်း |
| ||||||||||||
အနီးဆုံးပတ်လမ်း |
| ||||||||||||
ဆီမီး မေဂျာ ဝင်ရိုး |
| ||||||||||||
ပတ်လမ်း ဗဟိုကျမှု | 0.006772[4] | ||||||||||||
ပတ်လမ်း ကာလ |
| ||||||||||||
ပတ်လမ်း ကာလ | 583.92 days[2] | ||||||||||||
ပျမ်းမျှ ပတ်နှုန်း | 35.02 km/s | ||||||||||||
ပျမ်းမျှ မူမမှန်မှု | 50.115° | ||||||||||||
ပတ်လမ်း တိမ်းစောင်းမှု | |||||||||||||
Longitude of ascending node | 76.680°[4] | ||||||||||||
Argument of perihelion | 54.884° | ||||||||||||
ဂြိုဟ်ရံလများ | မရှိ | ||||||||||||
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |||||||||||||
ပျမ်းမျှ အချင်းဝက် |
| ||||||||||||
ပြားချပ်မှု | 0[6] | ||||||||||||
မျက်နှာပြင် ဧရိယာ |
| ||||||||||||
ထုထည် |
| ||||||||||||
အရွယ်အစား |
| ||||||||||||
ပျမ်းမျှ သိပ်သည်းဆ | g/cm3 5.243 | ||||||||||||
မျက်နှာပြင် ဒြပ်ဆွဲအား |
| ||||||||||||
လွတ်မြောက်အလျင် | ၁၀.၃၆ km/s (၆.၄၄ mi/s)[8] | ||||||||||||
ဘေးဘက် လှည့်ပတ်ကာလ | d ( −243.025retrograde)[2] | ||||||||||||
အီကွေတာ လည်ပတ်မှု အလျင် | ၆.၅၂ km/h (၁.၈၁ m/s) | ||||||||||||
ဝင်ရိုးတိမ်းစောင်းမှု | 2.64° (for retrograde rotation) 177.36° (to orbit)[2][note 1] | ||||||||||||
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု |
| ||||||||||||
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု | 67.16° | ||||||||||||
Albedo | |||||||||||||
| |||||||||||||
မြင်သာသော အရွယ်အစား | |||||||||||||
ထောင့်ဖြတ်အချင်း | 9.7″ to 66.0″[2] | ||||||||||||
လေထု | |||||||||||||
မျက်နှာပြင် လေထုဖိအား | 92 bar (9.2 MPa) | ||||||||||||
လေထု၌ ဓာတုပါဝင်နှုန်း |
| ||||||||||||
|
သောကြာဂြိုဟ်၏ အမည် ဗီးနပ်စ်မှာ အချစ်နှင့် အလှတရားတို့နှင့်သက်ဆိုင်သော ရောမနတ်ဘုရားကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။
သောကြာဂြိုဟ်သည် နေကို တစ်ပတ်ပတ်ရန် ၂၂၄.၆၅ ရက်ကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၂၄၃ ရက်ကြာသည့်အတွက် သောကြာဂြိုဟ်၏ နေ့တစ်နေ့သည် နှစ်တစ်နှစ်ထက် ပို၍ ရှည်ကြာသည်။ သောကြာဂြိုဟ်နှင့် ကမ္ဘာတို့၏ကြားတွင် ကီလိုမီတာပေါင်း သန်း ၄၀မျှကွာဝေးသည်။ သောကြာဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာမြေ၏ ဆွဲငင်အားနှင့် အတူတူခန့်ရှိသည်။
သောကြာဂြိုဟ်သည် ကမ္ဘာနှင့် အလွန်နီးသည့်အတွက် ကောင်းကင်ယံတွင် အမြဲလိုပင်တွေ့မြင်နိုင်သည်။ မနက်မိုးမလင်းမီအချိန်နှင့် နေဝင်ပြီး နာရီအနည်းငယ်မျှ ကြာသောအချိန်တို့တွင် အထင်ရှားဆုံးဖြစ်သည်။ သောကြာဂြိုဟ်သည် ကောင်းကင်၌ နေနှင့်လတို့ မှအပ အလင်းလက်ဆုံး ဖြစ်သည်။ မနက်ခင်းနှင့် ညနေခင်းတို့တွင် မကြာခဏမြင်ရလေ့ ရှိသည့်အပြင် မှန်ပြောင်း သို့ တယ်လီစကုပ် ဖြင့် ကြည့်ရှုခြင်းမဟုတ်ပါက ကြယ်နှင့် ဆင်တူသည့်အတွက် ၎င်းကို မနက်ကြယ် သို့ ညနေကြယ်အနေဖြင့် အချို့က ခေါ်ဝေါ်ကြသည်။
အရုဏ်ကြယ်
နေနှင့်ဒုတိယအနီးဆုံးကြယ်ကြီး၊ ကမ္ဘာထက်ပင် သောကြာဂြိုဟ်က နေကိုလှည့်ပတ်ရာ၌ပိုမြန်သည်။ လဆန်း လဆုတ် ပုံသဏ္ဌာန် ပြောင်းသကဲ့သို့ သောကြာ ဂြိုဟ်လည်းပုံသဏ္ဌာန်ပြောင်းသည်။ ယခုအခါ အာကသယာဉ်များပစ်လွှတ်၍ သောကြာဂြိုဟ်အကြောင်း စူးစမ်းမှုများ ပြုလုပ်လျက်ရှိသည်။
သောကြာဂြိုဟ်
နံနက်နေမထွက်မီ အရုဏ်တက်အချိန်တွင် အရှေ့ကောင်းကင်ယံသို့ ကြည့်လိုက်လျှင် အလွန်တောက်ပသော ဂြိုဟ်တစ်လုံးကို တွေ့ရပေသည်။ အလွန်ထွန်းလင်းတောက်ပ သောကြောင့် ယင်းကို ကောင်းကင်တွင်အခြားဂြိုဟ်များထက် လွယ်ကူစွာမြင်ရသည်။ ထိုဂြိုဟ်ကား အရုဏ်ကြယ်၊သို့မဟုတ် သောက်ရှူးကြယ်ဟု ခေါ်လေ့ရှိသော သောကြာဂြိုဟ်ပင်ဖြစ်သည်။ ယင်းကို နေဝင်ပြီးနောက် ဆည်းဆာအချိန်တွင် အနောက်ကောင်းကင်ယံ၌လည်း မြင်ရတတ်သေးသည်။ သောကြာဂြိုဟ်ကို ရှေးဂရိလူမျိုးတို့က ဗီးနပ်အမည်ရှိသော သူတို့၏ သူရဿတီနတ်သမီးကို အစွဲပြု၍ 'ဗီးနပ်'ဟု ခေါ်ကြသည်။
နေကိုဗဟိုပြု၍ လှည့်ပတ်နေကြသော နေစကြဝဠာ မိသားစုထဲရှိ ဂြိုဟ်ကြီးကိုးလုံးအနက် သောကြာဂြိုဟ်သည် နေနှင့်ဒုတိယအနီးဆုံးသောဂြိုဟ်ဖြစ်၍ နေမှပျမ်းမျှမိုင်ပေါင်း ၆၇၂ဝဝဝဝဝ မျှသာကွာဝေးသည်။ အကယ်၍ နေ၏ တစ်ဖက်တွင်ကမ္ဘာရှိ၍ နေ၏အခြားတစ်ဘက်တွင် သောကြာဂြိုဟ်ရှိနေလျှင်ကား ကမ္ဘာနှင့်သောကြာဂြိုဟ်တို့၏ အကွာအဝေးသည် မိုင်ပေါင်း ၁၆ဝဝဝဝဝဝဝ အထိရှိသည်။ နေနှင့်လတို့ကလွဲလျှင် သောကြာဂြိုဟ်သည် ၂၂၅ ရက်နှင့်နေကို တစ်ပတ်ပြည့်အောင် လှည့်သဖြင့်ကျွန်ုပ်တို့ကမ္ဘာထက် နေကိုလှည့်ပတ်ရာ၌ မြန်သည်။ သောကြာဂြိုဟ်လုံး၏ အချင်းမှာမိုင် ၇၇ဝဝရှိသောကြောင့်အရွယ်အားဖြင့် ကျွန်ုပ်တို့ကမ္ဘာနီးပါးမျှရှိသည်။
လသည်လဆန်းလဆုတ်အလိုက် ပုံသဏ္ဌာန်မျိုးမျိုး ပြောင်းလဲသကဲ့သို့ သောကြာဂြိုဟ်သည်လည်း ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲသည်။ နေ၏တစ်ဖက်တွင် ကမ္ဘာလုံးရှိနေ၍ နေ၏အခြားတစ်ဖက်တွင် သောကြာဂြိုဟ်ရှိနေသည့်အခါ ယင်းသည်ကမ္ဘာနှင့်အလွန်ဝေးသောကြောင့် အလွန်သေးငယ်စွာ မြင်ရသည်။ သို့သော် နေ၏အလင်းရောင်ကိုအပြည့်အဝ ရသောကြောင့် ယင်း၏ပုံသဏ္ဌာန်မှာ လပြည့်ဝန်း ကဲ့သို့ရှိပြီးလျှင် တောက်ပ၏။ သောကြာဂြိုဟ်သည် ကမ္ဘာနှင့်နေအကြားတွင် တစ်တန်းတည်းဖြစ်၍ ကမ္ဘာနှင့်အနီးဆုံး ရှိနေသည့်အခါ ယင်းကိုသေးငယ်သော ဆန်းကာစလ ပုံသဏ္ဌာန်ကဲ့သို့ ရေးရေးလေးမျှသာမြင်ရသည်။ သို့သော် ဤသို့ကမ္ဘာနှင့်အနီးဆုံးနေရာသို့မရောက်မီ ၃၆ ရက်နှင့်ရောက်ပြီး ၃၆ ရက်အလွန်နေ့တို့၌သာသောကြာဂြိုဟ်၏ပုံသဏ္ဌာန်ကို ငါးရက်မြောက်လခြမ်းပုံအရွယ်အထိ ခပ်ကြီးကြီးမြင်ရပြီးလျှင် ထိုအချိန်ထိုအရွယ်တွင်သောကြာဂြိုဟ်သည် အထွန်းလင်းဆုံး ဖြစ်သည်။ နေ့ခင်းအချိန် တွင်ပင်ပကတိ မျက်စိဖြင့် မြင်နိုင်သည့်အပြင် နေဝင်ပြီးသည့်နောက်၌လည်း အရိပ် ပေါ်လောက်အောင် ထွန်းတောက်သည်။
သောကြာဂြိုဟ်သည် ၂၂၅ ရက်နှင့်နေကို တစ်ပတ်ပြည့်အောင်လှည့်ပတ်ကြောင်း သိရသော်လည်း ယင်း၏ဝန်ရိုးပေါ်၌ တစ်ပတ်လည်ရန်မည်မျှကြာသည်ကိုကား အငြင်းပွားလျက်ရှိသည်။ အချို့နက္ခတ်ဆရာများက နေကို တစ်ပတ်ပြည့်အောင် ၂၂၅ရက်ကြာသလောက်ယင်း၏ ဝန်ရိုးပေါ်၌လည်း တစ်ပတ်လည်အောင် ၂၂၅ရက်ပင်ကြာသည်ဟု ယူဆကြသည်။ အချို့ကမူဤမျှကြာ သည်မဟုတ်ဘဲ ရက်သတ္တသုံးပတ်မှလေးပတ်အထိသာ ကြာသည်ဟုဆိုကြသည်။ သို့သော်မည်သူမျှ အတိအကျမသိရှိကြသေးချေ။ သောကြာဂြိုဟ်၏ပတ်ဝန်းကျင်၌ တိမ်တောင် တိမ်လိပ်များ အမြဲဖုံးအုပ်နေသောကြောင့်လေ ရှိကြောင်း သိရသည်။ သို့သော်ထိုလေမှာ အလွန်ထူထပ်သော လေထုဖြစ်သောကြောင့် မှန်ပြောင်းဖြင့်ကြည့်သည့်အခါ ဂြိုဟ်၏ မျက်နှာပြင်ကိုထင်ထင်ရှားရှားမမြင်ရချေ။ နေမှရရှိသောဂြိုဟ်၏ အပူရှိ်န်သည် လည်းသက်ရှိသတ္တဝါ တစ်မျိုးမျိုးတို့ နေထိုင်ရန်အတွက် လုံလောက်သည်ဟု ယူဆနိုင်စရာအကြောင်းရှိ သည်။ သို့သော်လူတို့နေနိုင်ရန်အတွက် လိုအပ်သော ဓာတ်ငွေ့များလုံလောက်စွာရှိမရှိကိုမူကားမည် သူမျှသေချာစွာ မပြောနိုင်ချေ။
ယခု ကျွန်ုပ်တို့ခေတ်လူသားများသည် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာကြီး၏နေရာအနှံ့အပြားသို့ သွားလာရသည်ကို တင်းတိမ်ခြင်းမရှိတော့ချေ။ ထိုကြောင့်ယခုအခါ ကမ္ဘာ အပြင်ဘက်သို့ထွက်၍ အခြားဂြိုဟ်များသို့သွားရောက်ရန် ကြံစည်အားထုတ်လျက်ရှိနေကြလေသည်။ ယင်းသို့အားထုတ်ကြ ရာ၌ မရီးနား (၂) အာကာသယာဉ်ကိုအမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကင်နဒီအငူမှနေ၍ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂ရ ရက်နေ့တွင် အက်တလက်ဒုံးပျံကြီး၏ ထိပ်တွင်ထည့်၍ပစ်လွှတ်ခဲ့လေသည်။ မရီးနား (၂)၏ပန်းတိုင်မှာ သောကြာဂြိုဟ်ပင်ဖြစ်သည်။ သောကြာဂြိုဟ်အနီးမှ ဖြတ်သန်းသွားပြီးလျှင် အချက်အလက်များကို သိပ္ပံပညာရှင် များထံသို့ပို့ရမည်ဖြစ်သည်။ ယင်းတွင်ပါသွားသော ကရိယာများဖြင့် အာကာသကိုစူးစမ်းရှာဖွေသွားရပေမည်။ အမေရိကန်အာကာသယာဉ်မရီးနား(၂)သည် စီစဉ် ထားသည့်အတိုင်း ၁၉၆၂ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့၌ သောကြာ ဂြိုဟ်အားမိုင်ပေါင်း ၂၁၅၉၄ အကွာမှနေ၍ ၄၂မိနစ် ကြာမျှဖြတ်သန်း စူးစမ်းခဲ့ပြီးနောက် နေကိုလှည့်ပတ်လျက် အဆုံးမရှိသောခရီးကို ဆက်လက်ထွက်ခွာသွားလေသည်။ သောကြာဂြိုဟ် အနီးမှဖြတ်သန်းသွားခဲ့စဉ်မရီးနား (၂)ပေါ်တွင် ပါသွားသော သိပ္ပံပညာဆိုင်ရာ ကရိယာများ၏ တွေ့ရှိချက်များကို သိပ္ပံပညာရှင်များထံသို့ပြန်လည်ပေးပို့ခဲ့သည်။ ထိုနောက်တွင် မရီးနား (၂) အာကသယာဉ်သည်ကမ္ဘာမှ တဖြည်းဖြည်းဝေးသည်ထက်ဝေးကွာသွားပြီးလျှင် မြေပြင်ရှိ စခန်းများနှင့်အဆက်အသွယ်လုံးဝမရှိတော့ပေ။ ဆိုဗီယက်ပြည်ထောင်စုသည်လည်း သောကြာဂြိုဟ် စူးစမ်းမှုကို ၁၉၆၁ခုနှစ်မှစတင်ခဲ့သည်။ ယနေ့အထိ အာကာသယာဉ် ဆယ်စီးထက်မနည်းပစ်လွှတ်ခဲ့ပြီးဖြစ်ရာ ၁၉၇၂ခုနှစ် ဇူလိုင်လအတွင်း သောကြာဂြိုဟ်ပေါ်သို့ ရုရှလုပ်ဗီးနပ်အာကာသယာဉ် (၈)အောင်မြင်စွာဆင်းသက်ခဲ့သည်။ ထိုအချိန်မှစ၍ မိနစ် ၅ဝကြာမျှ ကမ္ဘာသို့သောကြာဂြိုဟ်၏ စိတ်ဝင်စားဖွယ်သိပ္ပံသတင်းဆန်းများကို ပြန်လည်ပေးပို့ခဲ့သည်။ ယခင်ဗီးနပ် (၇)ကိုပစ်လွှတ်ခဲ့စဉ်ကလည်း အလားတူပင် သက်ဆင်းနိုင်ခဲ့သော်လည်း ၂၃ မိနစ်မျှသာကမ္ဘာသို့ ပြန်လည်အသံလွှင့်ပေးနိုင်ခဲ့သည်။ သောကြာဂြိုဟ်ပေါ်ရှိ ဓာတ်ပစ္စည်းများမှာကမ္ဘာပေါ်ရှိ ဓာတ်ပစ္စည်းများနှင့်အလွန်တူသည်ဟုဆို၏။ သောကြာဂြိုဟ်၏ မျက်နှာပြင်အပူချိန်သည် ဖာရင်ဟိုက်ဒီဂရီ ၈၈ဝမျှရှိသည်။ ထိုအပူချိန်သည် လူနေ၍ ရေခဲပင်အရေပျော်ဝင်နိုင်သော အပူချိန်ဖြစ်သည်။
ဆိုဗီယက်သိပ္ပံပညာရှင်များ ခန့်မှန်းချက်အရသောကြာ ဂြိုဟ်ကြီးသည်ကမ္ဘာကဲ့သို့ပင် တစ်ချိန်က အရည်ပျော်ခဲ့ဖူး၍ နောင်မှတဖြည်းဖြည်းခဲကာ အပေါ်ယံမြေသားများ မာလာပြီးလျှင် ယခုမြင်တွေ့နေရသည့် အသွင်အပြင်အတိုင်း ဖြစ်လာသည်ဟု ဆို၏။ ထိုပြင် နေမှလာသော ရောင်ခြည်သုံးပုံနှစ်ပုံသာ သောကြာဂြိုဟ်၏ တိမ်ထုကိုဖောက်၍မျက်နှာပြင် ပေါ်သို့ ရောက်နိုင်ကြသည်။ သို့သော် ထိုတိမ်ထုကာဆီးထားသည့်အတွက်ပင် ထိုရသောရောင်ခြည်များ အာကာသ အတွင်းသို့ ပြန်လည်ထုတ်လွှင့်သောအခါ၌ အတားအဆီးဖြစ် နေပြီးလျှင် ကျွန်ုပ်တို့ ကမ္ဘာကြီးကဲ့သို့ သောကြာဂြိုဟ်ပေါ်တွင် သမသောအပူချိန်မရှိဘဲ အပူချိန်လွန်ကဲ၍နေသည်ဟုဆိုသည်။ သောကြာဂြိုဟ်၏တစ်နေ့တာမှာ ကမ္ဘာမှရက်ပေါင်း ၁၁၆ရက်နှင့်ညီမျှအောင် ရှည်လျားလှ၏။ ညဉ့်များသည်လည်း အလားတူပင်ရှည်ကြာလှသည်။ ထိုသို့ဖြစ်ရသည်မှာ သောကြာ ဂြိုဟ်သည်မိမိဝင်ရိုး ပေါ်တွင် ၂၄၃ ရက်တွင်မှ တစ်ပတ်ပတ်နိုင်သောကြောင့်ဖြစ်သည်ဟုဆို၏။သောကြာဂြိုဟ် ပေါ်တွင်တိုက် ခတ်နေသည့်လေအရှိန်မှာလည်း မုန်တိုင်း ကျနေသည်ဟုထင်ရလောက်အောင် ပြင်းလှသည်ဟုဆိုလေသည်။
ကျမ်းဂန်လာ သောကြာဂြိုဟ်
လှေသင်းအတွင်းဝန်မင်းကြီး မဟာဇေယသင်္ခယာ ရေးသားစီရင်အပ်သော ဝေါဟာရလီနတ္ထဒီပနီတွင် 'သောကြာ ဂြိုဟ်ဟုခေါ်ဝေါ်ရေးသားကြသည်မှ ရာဇမတ္တဏ်ကျမ်း ဂဟာဘိဓာနတွင် ဘဂုဇော· သောကြာ၊ ဒေစ္စမန္တိ·သောကြာ၊ ဒစ္စဈက္ခိ·သောကြာ၊ ပုရောဟိတော·သောကြာ၊ ဥသနော· သောကြာ၊ ဘဂ္ဂဝေါ·သောကြာ၊ သုက္ကောသောကြာ၊ ဘဂု·သောကြာ၊ ဒေစ္စဂုရု·သောကြာဟူ၍ ပရိယာယ်ကိုးပါး ပြသည်။ အဘိဓာန်ဋီကာတွင်လည်း သုက္ကံ·သောကြာဟူ၍ ဂြိုဟ်ကိုးပါးအဖွင့်တွင်ဆိုသည်။ ထိုပရိယယ်အစုတွင် မြန်မာဘာသာမှသုက္ကဟူသောပုဒ်နှင့်အညီပုဂံ၊ အင်းဝမင်းတို့ လက်ထက်ရေးမှတ်သည့် ကျောက်စာများတွင်ဥသရနှင့် 'သုကြာနေ့'ဟုရေးမှတ်ကြကုန်သည်။ ယခုအခါ 'သု'တွင်ရှိသော 'ဥ'သရကို'ဩ'ပြု၍ သင်္သကရိုဋ်အလို ကအက္ခရာမှာ ရရစ်နှင့်သောကြာဂြိုဟ်ဟု ခေါ်ဝေါ်ရေးသားကြလေသည်။ သက္ကသဒ္ဒါ၏အနက်ကား ဖြူသောအရောင်အဆင်းကို ဟောသည်။ သောကြာဂြိုဟ်မှာ လည်းဖြူသောအရောင်အဆင်း ရှိသောကြောင့် ကမ္ဘာဦးသူတို့သက္ကဟူ၍ အမည်သုမုတ် ခေါ်ဝေါ်ကုန်သည်။ 'ထိုသောကြာကြယ်ဥဒည်းမူသောအခါ၊ တက်သောအခါ ရှေးသူဟောင်းတို့ဆေးဝါးရှာယူသည်။ ထိုသောကြာကြယ်ကိုပင် ရှေးမြန်မာသူဟောင်းတို့သောက်ရှူး ကြယ်ခေါ်ဝေါ်ကြကုန်သည်။ ကြေးနီကျောင်း ဒုတိယ ကျော်အောင်စံထားဆရာတော်စီရင်သည့် ဝေါဟာရတ္ထ ပကာသနီမှာ ·သောက်ရောင်အချိန်တွင် မြူးသောအရောင် ထင်သည်ကိုအစွဲပြု၍ခေါ်သည်ဟု ဆုံးဖြတ်လေသည်။ ကမ္ဘာတန်းဆာရာဇမန္တဏ် ယောဂယာတြာနှစ်ကျမ်းတွင် ဘောဇကဋတိုင်းသားသေတဗျအမျိုး ဘဂုရ ရသေ့မယား သုဇိတာသား သောကြာဖြစ်ကြောင်း ကိုဆိုသည်။ သောကြာဂြိုဟ်ကို အစွဲပြု၍ရက်သတ္တပတ်၏ ခြောက်ရက်နေ့ကို သောကြာနေ့ဟု ခေါ်သည်။
သောကြာဂြိုဟ်နတ်မင်းစီးသော ဂြိုဟ်ကောင်သည် ပူးဖြစ်သည်။ 'သောကြာမှာပူး၊ မြောက်စူးစူး၊ အထူးနှစ်ဆယ် စွန်းကယ်တစ်နှစ်မျှ'ဟူသောဂြိုဟ်လင်္ကာအရ သောကြာဂြိုဟ် သက်မှာ ၂၁နှစ်ဖြစ်၍ တည်ရာအရပ်သည် မြောက်အရပ်ဖြစ်၏။ ဗေဒင်အခေါ်အားဖြင့် သ၊ ဟ ဟူသော အက္ခရာနှစ်လုံးကို သောကြာနံ အက္ခရာဟုခေါ်သည်။
ကိုးကား
- Lakdawalla၊ Emily (21 September 2009)။ Venus Looks More Boring Than You Think It Does။ The Planetary Society။ 6 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2011 တွင် ပြန်စစ်ပြီး။
- Williams၊ David R. (15 April 2005)။ Venus Fact Sheet။ NASA။ 12 October 2007 တွင် ပြန်စစ်ပြီး။
- Yeomans၊ Donald K.။ HORIZONS Web-Interface for Venus (Major Body=2)။ JPL Horizons On-Line Ephemeris System။—Select "Ephemeris Type: Orbital Elements", "Time Span: 2000-01-01 12:00 to 2000-01-02". ("Target Body: Venus" and "Center: Sun" should be defaulted to.) Results are instantaneous osculating orbit|osculating values at the precise J2000 epoch.
- "Numerical expressions for precession formulae and mean elements for the Moon and planets" (February 1994). Astronomy and Astrophysics 282 (2): 663–683. Bibcode: 1994A&A...282..663S.
- The MeanPlane (Invariable plane) of the Solar System passing through the barycenter (3 April 2009)။ 10 April 2009 တွင် ပြန်စစ်ပြီး။ (produced with Solex 10 (Solex 10 webpage 18 September 2015 archive) written by Aldo Vitagliano; see also Invariable plane)
- "Report of the IAU/IAG Working Group on cartographic coordinates and rotational elements: 2006" (2007). Celestial Mechanics and Dynamical Astronomy 98 (3): 155–180. doi: . Bibcode: 2007CeMDA..98..155S.
- "Venus Gravity: 180th Degree and Order Model" (May 1999). Icarus 139 (1): 3–18. doi: . Bibcode: 1999Icar..139....3K.
- Planets and Pluto: Physical Characteristics။ NASA (5 November 2008)။ 26 August 2015 တွင် ပြန်စစ်ပြီး။
- Report on the IAU/IAG Working Group on cartographic coordinates and rotational elements of the planets and satellites။ International Astronomical Union (2000)။ 12 April 2007 တွင် ပြန်စစ်ပြီး။
- "Venus phase function and forward scattering from H
2SO
4" (2006). Icarus 182 (1): 10–22. doi: . Bibcode: 2006Icar..182...10M. - Mallama, A. (2011). "Planetary magnitudes". Sky & Telescope 121 (1): 51–56.
- HORIZONS Web-Interface for Venus (Major Body=299)။ JPL Horizons On-Line Ephemeris System (27 February 2006)။ 28 November 2010 တွင် ပြန်စစ်ပြီး။ (Using JPL Horizons you can see that on 2013-Dec-08 Venus will have an apmag of −4.89)
- Espenak၊ Fred (1996)။ Venus: Twelve year planetary ephemeris, 1995–2006။ NASA Reference Publication 1349။ NASA/Goddard Space Flight Center။ 20 June 2006 တွင် ပြန်စစ်ပြီး။