အဘိဓာန်
အဘိဓာန်ဆိုသည်မှာ ဘာသာရပ်တစ်ခု၏ ဝေါဟာရ စကားလုံးများကို အက္ခရာဝလိအရ စီစဉ်၍ အနက် အဓိပ္ပါယ်နှင့် အခြား သိအပ်သော အချက်အလက်တို့ကို ထိုဘာသာရပ်ဖြင့်ဖြစ်စေ၊ အခြား ဘာသာရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသော စာအုပ်ဖြစ်သည်။[1] အဘိဓာန် အမျိုးမျိုး ရှိလေသည်။
အဘိဓာန်ဟူသည်မှာ ဘာသာစကားတွင် ရှိနှင့်ပြီးဖြစ်သော စကားလုံးများကို အနက်အဓိပ္ပာယ်၊ အထောက်အထား၊ အကိုးအကားများနှင့်တကွ အက္ခရာစဉ်အတိုင်း ဖော်ပြမှတ်တမ်းတင်ထားသော ကျမ်းဖြစ်၏။ အဘိဓာန်သည် မည်သည့်အခါမျှ စကားလုံးအဆန်းမထွင်။ အဘိဓာန်ကို အသုံးပြုရာ၌လည်း အောက်ပါအကြောင်းလေးရပ်အနက် အကြောင်းတရပ်ရပ်ကို သိလို သောကြောင့်သာ အသုံးပြုသည်ဖြစ်ရာ၏။ ယင်းအကြောင်းလေးရပ်မှာ -
- စာလုံးပေါင်း (သတ်ပုံသတ်ညွှန်း၊ ရစ်ပင့်ခွဲထားစသည်)ကို သိလိုခြင်း။
- အသံထွက်ကိုသိလိုခြင်း
- အနက်အဓိပ္ပါယ်ကို သိလိုခြင်း
- စကားလုံး၏ ဇစ်မြစ်ကိုသိလိုခြင်းတို့ ဖြစ်ကြသည်။ သို့ရာတွင် အဘိဓာန်ကျမ်းတိုင်း အထက်ပါ သိလိုချက်အား လုံး ပါဝင်လိမ့်မည်ဟု မယူဆအပ်ပေ။ အောက်စဖို့အဘိဓာန်ကဲ့သို့သော ကမ္ဘာကျော် အင်္ဂလိပ် အဘိဓာန်ကြီးမှာမူကား အထက်ပါ အင်္ဂါရပ်များအပြင် စကားလုံးကို စတင်အသုံးပြုသော ခေတ်ကိုပင် ဖော်ပြထားလေသည်။
ကိုးကား
- Webster's New World College Dictionary, Fourth Edition, 2002
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.