အမေရိကန်ပြည်ထောင်စု၏ အလံတော်
အမေရိကန်ပြည်ထောင်စု၏ ကြယ်နှင့် အစင်းများ ပါသောအလံ စတင်ပေါ်ပေါက်လာပုံမှာ အမေရိကန် ပြည်ထောင်စု၏ ရှေးလွန်ခဲ့သော သမိုင်းကြောင်းနှင့် ဆက်စပ်နေ၏။ ဦးစွာ၌ အမေရိကန်လူမျိုးတို့သည် အင်္ဂလိပ်အလံကို အသုံးပြုကြ၏။ သို့ရာတွင် ၁၇၇၇ ခုနှစ်၌ ကွန်ဂရက်လွှတ်တော်က ပြည်ထောင်စုဝင်နယ် ၁၃ နယ်၏ အလံသည် အဖြူနှင့် အနီတစ်လှည့်စီဖြစ်သော အစင်း ၁၃ စင်း၊ လက်ဝဲဖက်အထက်ထောင့်၌ အပြာရောင်အခန်းတွင် ကြယ်ဖြူ ၁၃ပွင့် ဖြစ်စေရမည်ဟု ဆုံးဖြတ်လိုက်သဖြင့် ကြယ်နှင့် အစင်းများပါသော အလံ ပေါ်လာသည်။ နောင်သော် အစင်း ၁၃ စင်းမှာ မူရင်း ၁၃ နယ်ကို ပြညွှန်းသည့်သဘောဖြစ်လာ၍ ပြည်ထောင်စုတွင် ပြည်နယ်တစ်နယ် တိုးလာတိုင်း တိုးလာတိုင်း နိုင်ငံတော်၏ အလံတွင် ကြယ်ပွင့် တစ်ပွင့် ထပ်၍ ထပ်၍ ထည့်သွင်းကြလေသည်။
![]() | |
အမည်များ | The American flag၊
|
---|---|
အသုံးပြုခြင်း | နိုင်ငံတော်အလံ and ensign |
အချိုးအစား | 10:19 |
ရွေးချယ်ခြင်း |
|
ဒီဇိုင်း | Thirteen horizontal stripes alternating red and white; in the canton, 50 white stars of alternating numbers of six and five per horizontal row on a blue field |

အမေရိကန်နိုင်ငံအလံ အလျားလိုက်ပုံစံ

အမေရိကန်ပြည်ထောင်စု၏ အလံတော်
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.