အယ်လဖာ စင်တောရိ

အယ်လဖာ စင်တောရိ (α Centauri) သည် နေအဖွဲ့အစည်းနှင့် အနီးဆုံး ကြယ်စနစ်ဖြစ်သည်။ ယင်းသည် အလင်းနှစ် ၄.၃၇ (၁.၃၄ pc) အကွာတွင် တည်ရှိသည်။ ယင်းစနစ်တွင် အယ်လဖာ စင်တောရိ အေ၊ အယ်လဖာ စင်တောရိ ဘီ၊ ကြယ်ပုနီဖြစ်သော အယ်လဖာ စင်တောရိ စီ (ပရိုဆီမာ စင်တောရိ) ဟူသော ကြယ်သုံးစင်း ပါဝင်သည်။ အယ်အလဖာ စင်တောရိ အေသည် နေ၏ ၁.၁ ထုထည်ရှိပြီး တောက်ပမှုမှာ နေ၏ ၁.၅၁၉ ရှိသည်။[9] အယ်လဖာ စင်တောရိ ဘီမှာ နေ၏ထုထည် ၀.၉၀၇၊ တောက်ပမှု ၀.၄၄၅ ရှိသည်။ ကြယ်နှစ်စင်းသည် ဗဟိုကျသောဆုံမှတ်ကို ဗဟိုပြု၍ ၇၉.၉၁ နှစ်လျင်တစ်ကြိမ်စီ လှည့်ပတ်ကြသည်။ ပရိုဆီမာ စင်တောရိနှင့် အယ်လဖာ စင်တောရိ AB တို့၏အကွာအဝေးသည် အလင်းနှစ် ၀.၂၁ (၁၃၀၀၀ au) ခန့်သာ ကွာဝေးသည်။ သာမန်မျက်လုံးဖြင့်ကြည့်ပါက ပင်မကြယ်နှစ်စင်းသည် တစ်စင်းတည်းအဖြစ်သာ မြင်ရသည်။ ပရိုဆီမာ စင်တောရိကို သာမန်မျက်စိဖြင့်မမြင်ရသော်လည်း နေနှင့်အနီးဆုံးကြယ်ဖြစ်သည်။ တောင်ဘက်ကောင်းကင်၌ တတိယ အတောက်ပဆုံး ကြယ်လည်းဖြစ်ပေသည်။[10] ၂၀၁၆ ခုနှစ်တွင် ပရိုဆီမှာ စင်တောရိ ဘီအမည်ရှိ ကမ္ဘာမြေအရွယ်အစားဂြိုဟ်ကို သက်ရှိများ ရှင်သန်နိုင်သောဇုန်အတွင်း ရှာဖွေတွေ့ရှိခဲ့သည်။

Alpha Centauri

α Centauri AB is the bright star to the left, with Proxima Centauri circled in red. The bright star to the right is β Centauri
လေ့လာရေး ဒေတာ
Epoch J2000.0      Equinox J2000.0
ကြယ်စုတန်း စင်တောရပ်
အယ်လဖာ စင်တောရိ အေ
ညာဘက် တိမ်းစောင်းမှု 14° 39 36.49400[1]
နိမ့်ဆင်းမှု –60° 50 02.3737[1]
မြင်သာသော အရွယ်အစား (V) +0.01[2]
အယ်လဖာ စင်တောရိ ဘီ
ညာဘက် တိမ်းစောင်းမှု 14° 39 35.06311[1]
နိမ့်ဆင်းမှု –60° 50 15.0992[1]
မြင်သာသော အရွယ်အစား (V) +1.33[2]
ဂုဏ်သတ္တိ
A
စတီလာ အမျိုးအစား G2V[3]
U−B အရောင်ညွန်းကိန်း +0.24[2]
B−V အရောင်ညွန်းကိန်း +0.71[2]
B
စတီလာ အမျိုးအစား K1V[3]
U−B အရောင်ညွန်းကိန်း +0.68[2]
B−V အရောင်ညွန်းကိန်း +0.88[2]
နက္ခတ္တဗေဒ
A
ဗဟိုခွာအား အလျင် (Rv)−21.4 ± 0.76[4] km/s
သင့်လျော် ရွေ့လျားမှု (μ) RA: −3679.25[1] mas/yr
Dec.: 473.67[1] mas/yr
ပြောင်းလဲ တည်နေရာ (π)754.81 ± 4.11[1] mas
အကွာအဝေး4.37[5] ly
ပကတိ အရွယ်အစား (MV)4.38
B
ဗဟိုခွာအား အလျင် (Rv)−18.6 ± 1.64[4] km/s
သင့်လျော် ရွေ့လျားမှု (μ) RA: −3614.39[1] mas/yr
Dec.: 802.98[1] mas/yr
ပြောင်းလဲ တည်နေရာ (π)796.92 ± 25.90[1] mas
အကွာအဝေး4.37[5] ly
ပကတိ အရွယ်အစား (MV)5.71
အသေးစိတ်
အယ်လဖာ စင်တောရိ အေ
ထုထည်1.100 M
အချင်းဝက်1.227[6] R
တောက်ပမှု1.519 L
မျက်နှာပြင် ဒြပ်ဆွဲအား(log g)4.30[7] cgs
သက်ရောက်သည့် အပူချိန်5,790 K
သတ္တုကြွယ်ဝမှု [Fe/H]0.20 dex
စတီလာ လှည်ပတ်မှု22[6] days
စတီလာ သက်တမ်း4.5–7 Gyr
အယ်လဖာ စင်တောရိ ဘီ
ထုထည်0.907 M
အချင်းဝက်0.865[6] R
တောက်ပမှု0.5002 L
မျက်နှာပြင် ဒြပ်ဆွဲအား (log g)4.37[7] cgs
သက်ရောက်သည့် အပူချိန်5,260 K
သတ္တုကြွယ်ဝမှု0.23
စတီလာ လှည်ပတ်မှု41[6] days
ပတ်လမ်း[8]
ပင်မA
အဖော်B
ပတ်လမ်းကြာချိန် (P)79.91 ± 0.011 yr
ဆီမီး-မေဂျာ ဝင်ရိုး (a)17.57 ± 0.022"
စက်ဝိုင်းပုံပတ်လမ်း (e)0.5179 ± 0.00076
နိမ့်ဆင်းမှု (i)79.205 ± 0.041°
ဆုံမှတ်၏လောင်တီကျု (Ω)204.85 ± 0.084°
အနီးဆုံးပတ်လမ်း (T)1875.66 ± 0.012
အနီးဆုံးပတ်လမ်း၏ထောင့်ဖြတ် (ω)
(secondary)
231.65 ± 0.076°
ကြယ် စာရင်း
Rigil Kentaurus, Rigil Kent, Toliman, Bungula, Gliese 559, FK5 538, CD−60°5483, CCDM J14396-6050, GC 19728
α Cen A: α1 Centauri, HR 5459, HD 128620, GCTP 3309.00, LHS 50, SAO 252838, HIP 71683
α Cen B: α2 Centauri, HR 5460, HD 128621, LHS 51, HIP 71681
ရည်ညွန်း ဒေတာ
SIMBADAB
A
B
ပြင်ပဂြိုဟ် မှတ်တမ်းdata
ARICNSdata
နေစကြာဝဠာပြင်ပဂြိုဟ်
စွယ်စုံကျမ်း
data

အယ်လဖာ စင်တောရိ အေ

အယ်လဖာ စင်တောရိစနစ်အား နေနှင့်နှိုင်းယှဉ်ပြထားပုံ

စင်တောရိ အေသည် ဒွိကြယ်စနစ်၏ ပင်မကြယ်ဖြစ်ပြီး မိမိတို့နေထက် အနည်းငယ်ကြီးမားသည်။ ယင်းသည် အဝါရောင်သမ်းသည့် ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟုထင်ရသည်။ ယင်း၏ စတီလာအမျိုးအစားမှာ G2 V ဖြစ်သည်။ သတ်မှတ်သည့်ပတ်လမ်း ပါရာမီတာအရ အယ်လဖာ စင်တောရိ အေသည် နေထက် အချင်းဝက်အားဖြင့် ၂၃ ရာခိုင်နှုန်း ထုထည်အားဖြင့် ၁ဝ ရာခိုင်နှုန်း ကြီးသည်။ မိမိဘာသာ လည်ပတ်နှုန်းသည် ၂၂ ရက်ကြာမြင့်သောကြောင့် ယင်း၏လည်ပတ်နှုန်းသည် အနည်းငယ်ပိုမြန်သည်။ နေသည် တစ်ပတ်လည်ပတ်ရန် ၂၅ ရက်ကြာသည်။

အယ်လဖာ စင်တောရိ ဘီ

စင်တောရိ ဘီသည် ဒုတိယပင်မကြယ်ဖြစ်ပြီး နေထက် အနည်းငယ်ပိုငယ်သည်။ ယင်းသည် ပင်မ အစီအစဉ် အတွင်းရှိကြယ် အမျိုးထဲမှ K1 V အမျိုးအစားဖြစ်ပြီး ပင်မကြယ်ထက် လိမ္မော်ရောင် ပိုသမ်းသည်။ အယ်လဖာ စင်တောရိ ဘီသည် နေ၏ ထုထည် ၉၀ ရာခိုင်နှုန်း၊ အချင်းဝက်အားဖြင့် ၁၄ ရာခိုင်နှုန်း ပိုသေးသည်။ ဝင်ရိုးပေါ်လည်ပတ်သည့် ကြာမြင့်ချိန်မှာ ၄၁ ရက်ဖြစ်သည်။ (ယခင်က ၃၆.၈ ရက်ဖြစ်သည်) ယင်းသည် နေထက်အနည်းငယ် ပိုသေးသော်လည်း X-ray ရောင်ခြည်များ ထုတ်လွှင့်ပေးသည်။

အယ်လဖာ စင်တောရိ စီ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပရိုဆီမာ စင်တောရိ
Digitized Sky Survey မှ အယ်လဖာ စင်တောရိ မြင်ကွင်း

စင်တောရိ စီအား ပရိုဆီမာ စင်တောရိဟုလည်း သိထားကြကာ နေ၏ထုထည် ၀.၁၂၃ ရာခိုင်နှုန်း၊ ဂျူပီတာထုထည်ထက် ၁၂၉ ရာခိုင်နှုန်းရှိသည်။ စင်တောရိ အေနှင့် စင်တောရိ ဘီတို့အား အယ်လဖာ စင်တောရိ အေဘီဟု တခါတရံတွင် သုံးနှုန်းသည်။ ကြယ်ပုနီဖြစ်သော ပရိုဆီမာ စင်တောရိသည် စင်တောရိ အေဘီမှ ၁၅ဝဝဝ AU ခန့် ဝေးကွာသည်။[11] ယင်းသည် ၀.၂၄ အလင်းနှစ် (၂.၂ ထရီလီယံ ကီလိုမီတာ) ခန့်အကွာအဝေးနှင့် တူညီသည်။ တနည်းအားဖြင့် အယ်လဖာ စင်တောရိ အေဘီနှင့် နေတို့၏ ၅ ရာခိုင်နှုန်းသော အကွာအဝေးပင်တည်း။ ပရိုဆီမာသည် စင်တောရိ အေဘီအား ဒြပ်ဆွဲအား သက်ရောက်သလိုရှိပြီး တစ်ပတ်တိတိ လှည့်ပတ်မိရန် နှစ်ပေါင်း ၁ဝဝဝဝဝ မှ ၅ဝဝဝဝဝ ထိ ကြာနိုင်သည်။ သို့သော်လည်း ယင်းကဲ့သို့ ဒြပ်ဆွဲအား မသက်ရောက်ဘဲ စင်တောရိ အေဘီနှင့် ဝေးရာသို့ ပြေးလွှားနေသည်မှာလည်း ဖြစ်နိုင်လေသည်။[12] သီအိုရီအရ ပရိုဆီမာ စင်တောရိသည် စင်တောရိ အေဘီအား နောင်နှစ်ပေါင်း သိန်းဂဏန်းခန့်အကြာတွင် စွန့်ခွာသွားနိုင်သည်။ ပရိုဆီမာနှင့် အယ်လဖာ စင်တောရိတို့ ဒြပ်ဆွဲအားချင်း သက်ရောက်နေသည်ဆိုခြင်းမှာလည်း မသေချာမရေရာသေးပေ။[13] ကြယ်ပုနီတစ်စင်းဖြစ်သော ပရိုဆီမာသည် နေ၏ ၈ ပုံ ၁ ပုံမျှရှိသော ကြယ်ကလေးပင်ဖြစ်သည်။

အယ်လဖာ စင်တောရိ၊ ပရိုဆီမာ၊ နေတို့သည် အကွာအဝေးအားဖြင့် တူညီသည့်အနေအထားရှိသည်အား ပြထားပုံ

ကြယ်တာရာခရီးဆန့်ခြင်း

အယ်လဖာ စင်တောရိကြယ်စနစ်သို့ လူသားတို့၏ လက်ရှိနည်းပညာဖြင့် အာကာသခရီးသွားမည်ဆိုပါက ရာစုနှစ်ချီကာ ကြာမြင့်ပေလိမ့်မည်။

ကိုးကား

  1. "Validation of the new Hipparcos reduction" (2007). Astronomy and Astrophysics 474 (2): 653. doi:10.1051/0004-6361:20078357. Bibcode: 2007A&A...474..653V.
  2. "VizieR Online Data Catalog: Catalogue of Stellar Photometry in Johnson's 11-color system" (2002). CDS/ADC Collection of Electronic Catalogues 2237: 0. Bibcode: 2002yCat.2237....0D.
  3. "Search for associations containing young stars (SACY)" (2006). Astronomy and Astrophysics 460 (3): 695–708. doi:10.1051/0004-6361:20065602. ISSN 0004-6361. Bibcode: 2006A&A...460..695T.
  4. "Spectroscopic Properties of Cool Stars (SPOCS). I. 1040 F, G, and K Dwarfs from Keck, Lick, and AAT Planet Search Programs" (2005). The Astrophysical Journal Supplement Series 159 (1): 141–166. doi:10.1086/430500. ISSN 0067-0049. Bibcode: 2005ApJS..159..141V.
  5. "The Sun and Stars" (2012): 219–236. doi:10.1007/978-3-642-22839-1_10. ISSN 1614-659X.
  6. "The diameters of α Centauri A and B" (2003). Astronomy and Astrophysics 404 (3): 1087–1097. doi:10.1051/0004-6361:20030570. ISSN 0004-6361. Bibcode: 2003A&A...404.1087K.
  7. Gilli G.; Israelian G.; Ecuvillon A.; Santos NC.; Mayor M. (2006). "Abundances of Refractory Elements in the Atmospheres of Stars with Extrasolar Planets". Astronomy and Astrophysics 449 (2): 723–36. doi:10.1051/0004-6361:20053850. Bibcode: 2006A&A...449..723G. libcode 2005astro.ph.12219G.
  8. Pourbaix, D. (2002). "Constraining the difference in convective blueshift between the components of alpha Centauri with precise radial velocities". Astronomy and Astrophysics 386 (1): 280–85. doi:10.1051/0004-6361:20020287. Bibcode: 2002A&A...386..280P.
  9. A Family Portrait of the Alpha Centauri System European Southern Observatory (15 March 2003)။
  10. Schaaf, F. The Brightest Stars: Discovering the Universe through the Sky's Most Brilliant Stars. Hoboken, NJ: John Wiley & Sons, 2008. P. 122.
  11. Reipurth, B., Mikkola, S. "Formation of the Widest Binaries from Dynamical Unfolding of Triple Systems". Aohoku Place, HI: Institute for Astronomy, Univ. of Hawaii at Manoa. December 6, 2012. PDF. Retrieved 09.28.2015.
  12. Anosova, J (1994). "Dynamics of nearby multiple stars. The α Centauri system". Astronomy and Astrophysics 292. Bibcode: 1994A&A...292..115A.
  13. Matthews, R.A.J. (1994). "The Close Approach of Stars in the Solar Neighbourhood". Quarterly Journal of the Royal Astronomical Society 35: 1–8. Bibcode: 1994QJRAS..35....1M.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.