အယ်လဗားတားပြည်နယ်

အယ်လဗားတားပြည်နယ်သည် ကနေဒါနိုင်ငံ၏ အနောက်ပိုင်းရှိ ပြည်နယ်တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၃,၆၄၅,၂၅၇ ဦးရှိပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက် ခန့်မှန်းခြေ လူဦးရေမှာ ၄,၁၄၅,၉၉၂ ဦး ဖြစ်သည်။[1] ကနေဒါနိုင်ငံတွင် စတုတ္ထမြောက် လူဦးရေ အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး ပရေရီမြက်ခင်းပြင် ဒေသရှိ ပြည်နယ်များတွင် လူဦးရေ အများဆုံး ဖြစ်သည်။အယ်လဗားတား ပြည်နယ် နှင့် အိမ်နီးချင်း ပြည်နယ်တစ်ခု ဖြစ်သော ဆက်စကက်ချီဝမ် ပြည်နယ်တို့ကို ၁၉၀၅ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် တည်ထောင်ခဲ့သည်။[2] လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်မှာ ရေချယ် နော့တလေ ဖြစ်သည်။

အက်ဒမန်တန်မြို့

ကိုးကား

  1. Estimates of population, Canada, provinces and territories Statistics Canada (March 19, 2014)။ October 8, 2014 တွင် ပြန်စစ်ပြီး။
  2. Alberta becomes a Province Alberta Online Encyclopedia။ August 6, 2009 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.