အရုဏ်ကျောင်းတော်

အရုဏ်ကျောင်းတော် (မြန်မာ: အရုဏရာဇဝရာရာမ ရာဇဝရမဟာဝိဟာရ, ပါဠိ: Aruṇarājavarārāma Rājavaramahāvihāra) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ ဘန်ကောက်ယယ်အရပ်တွင် ရှိသည်။ ကျော့ဗြးယာမြစ်၏ အနောက်ဘက်ကမ်းရှိ သွန်ဘူရီ တွင် တည်ရှိသည်။ ကျောင်းတော်၏ အမည်သည် ဟိန္ဒူနတ်ဘုရား Aruna (အရုဏ) မှ ဆင်းသက်ဖြစ်ပေါ်လာသည်။[1] တက်နေ၏ အလင်းဖြာခြင်းဟု ခိုင်းနှိုင်းတင်စားသည့် စကားလုံး ဖြစ်သည်။ အရုဏ်ကျောင်းတော်သည် ထိုင်းနိုင်ငံ၏ အထင်ကရနေရာများတွင် အထူးကျော်ကြားသည်။ မနက်ခင်း၏ လင်းရောင်ခြည်တို့သည် ကျောင်းတော်၏ မျက်နှာပြင်များကို အလင်းပြန်ကြသည်။[2] ကျောင်းတော်သည် အနည်းဆုံး (၁၇) ရာစုကာလကတည်းကတည်ရှိခဲ့သော်လည်း ကျောင်းတော်၏ ခေါင်သည် (၁၉) ရာစုအစောပိုင်းကာလ ရာမဘုရင် (၂) လက်ထက်တွင် တည်ဆောက်ခဲ့သည်။

Wat Arun Ratchawararam
Temple of Dawn
၂၀၁၇ ခုနှစ်၊ ပြင်ဆင်မွမ်းမံပြီးနောက် အာရန်ကျောင်းတော်ကို ညအချိန်တွေ့မြင်ရပုံ
ဘန်ကောက်မြို့ရှိ တည်နေရာ
အချက်အလက်များ
ကိုဩဒိနိတ်13°44′37″N 100°29′20″E
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံThailand
ဝက်ဘ်ဆိုဒ်watarun.org
ဗိသုကာ
ပြီးစီး၁၆၅၆ခုနှစ် မတိုင်မီက

ခရီးသွားခြင်း

ကျော့ဗြးယာ မြစ်မှ ကျောင်းတော်သို့ အလွယ်တကူ သွားရောက်နိုင်သည်။ ဖယ်ရီရေယာဉ်တို့ဖြင့် မြစ်ကို ဖြတ်သန်း၍ မဟာရဂျ်ဆိပ်ကမ်း (Maharaj) သို့ သွားနိုင်သည်။ နိုင်ငံခြားမှလာရောက်သူများအတွက် ကျောင်းတော်သို့ ဝင်ကြေးသည် ၅၀ ဘတ် ကျသင့်သည် (၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ကျသင့်ငွေ ဖြစ်သည်)။

ရုပ်ပုံများ

ကိုးကား

  1. Angova၊ Aneta။ Wat Arun - The Temple of Dawn watarun.net။
  2. Liedtke 2011, p. 57
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.